ဗြိတိသျှကောင်စီ မြန်မာမှစီစဉ်၍ University of the West of England, Bristol ၏ ပံ့ပိုးမှုဖြင့် ပညာရေးဟောပြောပွဲ တစ်ရပ်ကို ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီတွင် ဇွန်လ ၉ရက် ၂ဝ၁၄ တနင်္လာနေ့ နံနက် ၁ဝ နာရီမှ နေ့လည် ၁၂နာရီခွဲအထိ ပြုလုပ်မည်ဖြစ်ပါသည်။
အဆိုပါ ပညာရေးဟောပြောပွဲတွင် University of the West of England, Bristol မှ Associate Director ဖြစ်သူ Alex Green မှ ဦးဆောင်၍ UWE, Bristolတွင် တက်ရောက်သင်ကြားနိုင်သော ဘာသာရပ်များ၊ သင်တန်း အမျိုးအစားများနှင့် Pathway Programme များအကြောင်းကို ပြောကြားသွားမည် ဖြစ်ပါသည်။ ထို့နောက် UWE, Bristol၏ ကျောင်းသူဟောင်းဖြစ်သော မခိုင်သီဟဖူးမှ သူမ၏ ကျောင်းသားဘဝနှင့် အတွေ့အကြုံများကို ပြန်လည်မျှဝေသွားမည် ဖြစ်ပါသည်။
ဆက်လက်၍ UWE, Bristol၏ တရားဝင်ပညာရေး အတိုင်ပင်ခံ ကိုယ်စားလှယ်ဖြစ်သော ဦးအောင်ကျော်ဆန်း Director of Crown Education မှ UK Visa နှင့် ပတ်သက်၍ လိုအပ်သော စာရွက်စာတမ်းများနှင့် လျှောက်ထားပုံအဆင့်ဆင့် အပြင် Crown Education မှ ဆောင်ရွက်ပေးနိုင်သော ပညာရေးအတိုင်ပင်ခံ ဝန်ဆောင်မှုများနှင့် တက္ကသိုလ်ဝင်ခွင့်လျောက်ပုံ အသေးစိတ်ကို ပြောကြားသွားမည်ဖြစ်ပါသည်။ ဟောပြောပွဲမှာ မည်သူမဆိုတက်ရောက်နိုင်ပြီး http://tinyurl.com/reserve-now-2 တွင် ဝင်ရောက်စာရင်းပေးနိုင်ကာ ဝင်ကြေးမှာအခမဲ့ဖြစ်သည်။
ဟောပြောပွဲနေ့ – ၂၀၁၄ ခုနှစ်ဇွန်လ ၉ ရက်
ဟောပြောပွဲအချိန် – နံနက် ၁ဝ နာရီ မှ နေ့လည် ၁၂ နာရီခွဲအထိ
ဟောပြောပွဲ နေရာ- ဗြိတိသျှကောင်စီ စာကြည့်တိုက်အတွင်းရှိ Self Access Centre (အမှတ် ၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့။)
Online မှစာရင်းပေးရန် – http://tinyurl.com/reserve-now-2
စုံစမ်းမေးမြန်းရန် – ၂၅၄၆၅၈၊ ၂၅၆၂၉ဝ၊ ၂၅၆၂၉၁ လိုင်းခွဲ ၃၃၆၃၊ ၃၄၄၃
The University of the West of England, Bristol အကြောင်း သိကောင်းစရာ
The University of the West of England, Bristol သည် အင်္ဂလန်နိုင်ငံ၏ အနောက်တောင်ပိုင်းတွင် တည်ရှိသည့် အကြီးဆုံး တက္ကသိုလ်တစ်ခုဖြစ်သည်။ UWE Bristol၏ ကျောင်းပရဝုဏ်သည် လန်ဒန်နှင့် ၉ဝမိနစ်အကြာ အကွာအဝေးတွင် တည်ရှိသည်။ ကျောင်းသားပေါင်း ၃ဝဝဝဝကျော် တက်ရောက် ပညာဆည်းပူးလျက် ရှိပြီး ၁ဝ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၄ဝ ကျော်မှ လာရောက်ပညာသင်ကြားနေသော အပြည်ပြည်ဆိုင်ရာ ကျောင်းသားများ ဖြစ်ကြသည်။
UWE, Bristol သည် အရည်အသွေးမြင့်မားပြီး ကျောင်းသားများ အလုပ်အကိုင် ရရှိနိုင်မှု အမြင့်ဆုံး တက္ကသိုလ်များ၏ ဆဋ္ဌမနေရာတွင် ရပ်တည်လျက်ရှိသည်။ ကျောင်းပြီးသည်နှင့် ၉၄.၄ ရာခိုင်နှုန်းသော ကျောင်းသားများမှာ အလုပ်အကိုင်များ ရရှိသူများ သို့မဟုတ် ပို၍မြင့်မားသော ပညာရေးကို ဆက်လက်၍ ဆည်းပူးသူများ ဖြစ်ကြသည်။ ကျောင်းသားများအတွက် တန်ဖိုးမဖြတ်နိုင်သော လုပ်ငန်းခွင်အတွေ့အကြုံ ရရှိနိုင်စေရန် UWE, Bristol တက္ကသိုလ်နှင့် မိတ်ဖွဲ့ထားသည့် ကုမ္ပဏီများဖြစ်သော HP, Airbus and Intel တို့တွင် လက်တွေ့အသုံးချ အလုပ်သင် အခွင့်အရေးများကို ဖန်တီးပေးထားပါသည်။ Teaching Quality Assessment League ၏ ထုတ်ပြန်ချက်အရ အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ် ၈၃ ခုအနက် UWE, Bristol သည် သင်ကြားမှုအကောင်းဆုံးတွင် နံပတ် ၅ နေရာအဖြစ် သတ်မှတ်ခံထားရသည်။ UWE တက္ကသိုလ်မှ ထုတ်ပြန်သော သုတေသနစာတမ်းများ၏ ၃၇ ရာခိုင်နှုန်းသည် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုခံရသည့် ဟောပြောစာတမ်းများ ဖြစ်ကြသည်။
Foundation course မှစ၍ Diploma, Undergraduate programme နှင့် Post graduate programme အထိ ဘာသာရပ်ပေါင်း ၆ဝဝ ကျော်မှ မိမိစိတ်ဝင်စား နှစ်သက်သည့် ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပါသည်။
ABE, NCC, HND ကျောင်းသားများအတွက် 1-year top-up degree သို့ ဆက်လက် ပညာသင်ကြားခြင်းဖြင့် BA (Hons) Business Management နှင့် BSc (Hons) Information Technology ဘွဲ့ရရှိနိုင်သည့် အခွင့်အလမ်းများလည်း ရှိသည်။ အထက်တန်း (သို့မဟုတ်) O-level အောင်ထားသော ကျောင်းသားများသည် UWE Bristol International College သို့ Foundation course နှင့် Year One လျောက်ထားနိုင်ပါသည်။ GAC ကျောင်းသားများမှာ Undergraduate programmes ပထမနှစ်သို့ တိုက်ရိုက်တက်ရောက် သင်ကြားနိုင်ပါသည်။
UWE, Brisol သို့ တက္ကသိုလ်ပထမဘွဲ့ သို့မဟုတ် မဟာဘွဲ့သင်တန်း တက်ရောက်ခွင့်ရရှိသူ မြန်မာပြည်မှ ကျောင်းသားတိုင်းအား UWE Brisol မှ ပညာသင်ထောက်ပံ့ဆု စတာလင်ပေါင် ၁ဝဝဝ မှ ၁၅ဝဝ အထိ ချီးမြှင့်သွားမည် ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များကို သိလိုပါက အောက်ပါ Website သို့ဝင်ရောက်လေ့လာနိုင်ပါသည်။
Website – www.uwe.ac.uk
မနောဖြူလေး