Laptops, News, Review

Acer Aspire E5-411 (Pen)

Acer Aspire E5-411 (Pen)

ကျစ်လစ်လှပသောဒီဇိုင်းပိုင်း နှင့် အရည်အသွေးမြင့် Notebook Series သစ်တစ်မျိုးဖြစ်တဲ့ Acer Aspire E5-411 (Pen) ဖြင့် ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ ဈေးနှုန်းချိုသာပြီး စတိုင်ကျလှပသေသပ်တဲ့အပြင် အိမ်သုံး၊ ကျောင်းသုံး၊ ရုံးသုံးကို သင့်စိတ်တိုင်းကျဖြစ်စေမယ့် Notebook အမျိုးအစားပဲဖြစ်ပါတယ်။ ပေါ့ပါးလျင်မြန်စေမည့်4th Gen Intel® Pentium Quad Core Processor N3540   ဖြင့်တပ်ဆင်ပေးထားပြီး အမြန်နှုန်း CPU Speed (2.16GHz ,2MB L2 cache) ကလုပ်ဆောင်ချက်တိုင်းကို လျင်မြန်နေစေမှာအမှန်ပါ။ Power စားသုံးမှုကို များစွာချွေတာစေ   မည့် Memory 4GB DDR3L ( Low Voltage Memory ) တပ်ဆင်ပေးထားခြင်း၊ Data များစွာကိုလုံခြုံစွာသိမ်းဆည်းပေးနိုင်သော 500 GB HDD ပါဝင်မှုကသင့်ကို ပြီးပြည့်စုံစေမှာအမှန်ပါ။

သယ်ဆောင်ရလွယ်ကူစေမည့် Screen Size 14” HD LED LCD အရွယ်အစားကို Acer CinecrystalTM နည်းပညာကြောင့် ကြည်လင်ပြတ်သားတဲ့ရုပ်ထွက်ကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ DVD Super Multi DL Drive အပြင် M-Disc ကို Ready ဖြစ်စေမှာဖြစ်တဲ့အတွက် နောက်ထွက်ရှိမည့် M-Disc အခွေအမျိုးအစားကိုသာ အဆင်သင့်စောင့်မျှော်နေယုံပါပဲ။ Wireless Option အနေဖြင့် Acer Nplify  နည်းပညာဖြင့် 802.11 b/g/n ဖြစ်ပြီး၊Bluetooth 4.0v တို့ကလွယ်ကူစွာချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အားသာချက်ကတော့ 6-Cell Li-ion Battery ကိုတပ်ဆင်ပေးထားခြင်းက လူကြီးမင်းတို့၏ လုပ်ငန်းဆောင်တာများကို အချိန်ကြာမြင့်စွာသုံးစွဲနိုင်သောကြောင့် စိတ်ချမ်းသာမှုတစ်ခုကို ပေးစွမ်းမှာအမှန်ပါပဲ။ ၄င်း Notebook ရဲ့ ဒီဇိုင်းအပြင်အဆင်ကတော့ သန်ရှင်းတောက်ပြောင်နေသော ပုလဲအဖြူရောင်ပေါ်မှာ Post Geometric pattern design ထွင်းထားသည့်အတွက်လှပဆန်းသစ်သော ဒီဇိုင်းက  သင့်ကိုရင်ခုန်စိတ်လှုပ်ရှားစေမှာ အသေအချာပါ။ Graphic ပိုင်းကို Intel® HD Graphic 4400 Series ကိုအသုံးပြုပေးထားပါသည်။ ဆက်သွယ်ဆုံစမ်းမေးမြန်းလိုပါက အမြို့မြို့အနယ်နယ်ရှိ Acer ရွှေလ မင်းနဂါးကုမ္ပဏီ၏ Dealer /Reseller ဆိုင်ကြီးများတွင်ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဆက်သွယ်ရန်ဖုန်းနံပါတ် (012-301-797,012-301-798,092-501-777-61,092-501-777-62)
ဈေးနှုန်းမှာ – US$ 389

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *