Mobile Doc Scanner ဆိုတာ လုပ်ငန်းခွင်သုံး Android App တစ်ခု ဖြစ်ပါတယ်။ စာရင်းစာရွက်တွေ၊ မဂ္ဂဇင်းတွေ၊ ဆောင်းပါးတွေ ကင်မရာနှင့် ရိုက်ယူပြီး PDF Fileဖြင့် သိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ MDScanဟာဆိုရင် အလိုအလျောက် ဘေးမျဉ်းညှိပေးခြင်း၊ အမှားများ ပြင်ဆင်ပေးခြင်းတွေကိုလည်း လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အခြားသော Scannerတွေ ထက်သာလွန်တာကတော့ Scan ဖတ် တဲ့နေရာမှာ မြန်ဆန်ခြင်း ဖြစ်ပါတယ်။ PDF Fileကို ဖော်ပြတဲ့ နေရာ မှာလည်း ကြည်လင်ပြတ်သားတဲ့ ပုံစံနဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဧပြီ ၁၉ရက်နေ့က တင်ထားတဲ့ App ဖြစ်ပါတယ်။ အသုံးပြုသူ (၅)သန်းကျော်ရှိနေပြီ Android 2.2 အထက်ရှိလျှင် အသုံးပြုနိုင်ပါတယ်။
Mobile Doc Scanner

03
Jun