Apps, Education, Lifestyle, Mobile, News, Review

Google က Helpouts ဝန်ဆောင်မှု အတွက် iPhone App ကို ပြုလုပ်ပေး

Googleက Helpouts ၀န်ဆောင်မှုကို ၂၀၁၃ ခုနှစ် နို၀င်ဘာလမှာ စတင် ပြုလုပ်ပေးခဲ့ပါတယ်။ အခုတော့ အဆိုပါ၀န်ဆောင်မှုကို iPhone App ကနေ အသုံးပြုနိုင်ပါပြီ။ iOS App ကို App Store မှာ အခမဲ့ ရယူနိုင်ပါတယ်။

Helpouts က သင်သိချင်တဲ့ အရာတွေကို ကျွမ်းကျင်သူတစ်ယောက်နဲ့ Hangouts ကနေ Video Chat ပြီး မေးမြန်းနိုင်တဲ့ ၀န်ဆောင်မှုပဲဖြစ်ပါတယ်။ အိမ်ပြုပြင်ခြင်း၊ အလှအပ နဲ့ ဖက်ရှင်၊ ဘာသာစကား၊ ကွန်ပြူတာ စတာတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေဆီကလေ့လာသင်ကြားနိုင်ပါတယ်။ အခပေး၀န်ဆောင်မှုတွေရှိသလို အခမဲ့ ၀န်ဆောင်မှုတွေလည်းရှိပါတယ်။ ကျွမ်းကျင်မှု၊ အကြောင်းအရာ၊ ဈေးနှုန်း တွေအလိုက် ကျွမ်းကျင်သူတွေကိုရှာဖွေမေးမြန်းနိုင်ပါတယ်။ Helpouts က ၀န်ဆောင်မှု ရယူနိုင်သလို သင် ကျွမ်းကျင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်ခြားသူကို ကူညီချင်ရင်လည်း ၀န်ဆောင်မှုပေးလို့ ရအောင် Google မှာ မှတ်ပုံတင်လို့လည်းရပါတယ်။

App ကို အခမဲ့ ရယူနိုင်ပေမယ့် ပညာရှင် အပေါ်မူတည်ပြီး အခမဲ့ မေးမြန်းနိုင်သလို အခပေး မေးမြန်းရတာလည်း ရှိပါတယ်။ App ကနေ ကျွမ်းကျင်သူကို ရှာဖွေနိုင်ပြီး နောက်မှ တွေ့ဆုံဖို့ ချိန်းဆိုတာ ၊ စာပို့တာ တွေ ပြုလုပ်နိုင်ပါတယ်။ Helpouts Web Site ကနေ ပြုလုပ်နိုင်တာအားလုံး ကို App ကနေ ပြုလုပ်နိုင်ပါတယ်။

အခုလောလောဆယ် မှာ iPhone နဲ့ iPod Touch အတွက်ပဲ အသုံးပြုနိုင်ပါသေးတယ်။ Google က မကြာမီမှာ iPad Version ကို ထုတ်လုပ်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ အခုအချိန်မှာတော့ မျက်နှာပြင်သေးငယ်တဲ့ iOS Device များ မှာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Download Helpouts for iPhone

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *