News

Microsoftရဲ့ CEOကြီး အနားယူတော့မည်

ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီး မိုက်ခရိုဆော့ဖ်ရဲ့ CEOဖြစ်တဲ့ Mr.Steve Ballmerကတော့ နောက် ၁၂လအတွင်း CEOရာထူးကနေ အနားယူတော့မယ်လို့ သိရပါတယ်။ Operating System(OS)တွေ၊ Softwareတွေနဲ့ Productတွေ အများအပြားပဲ ထုတ်လုပ်ခဲ့တဲ့ အထဲမှာ ၎င်းအနေနဲ့ နောင်တအရဆုံး ကတော့ Windows Vistaကို ထုတ်လုပ်ခဲ့ခြင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ Windows Vistaဟာ မိတ်ဆက်ပွဲထုတ် ခဲ့ချိန်ကစလို့ အကြောင်းပြချက်တွေ များစွာအတွက် အကြီးအကျယ် အပြစ်ရှာခံခဲ့ရပြီး Mr.Ballmerအနေနဲ့ နောင်တရမယ် ဆိုရင်လည်း ရချင်စရာပါပဲ။

Windows Vista OSဟာ ဝေဖန်ပြစ်တင်မှုတွေ များစွာနဲ့ရင်ဆိုင်ခဲ့ရပြီး မအောင်မြင်ခဲ့ပေမယ့် Steve Ballmerရဲ့ CEOသက်တမ်းမှာပဲ ထုတ်လုပ်ခဲ့တဲ့ Windows 7 ကတော့ Microsoftရဲ့ အအောင်မြင်ဆုံး OSတစ်ခု ဖြစ်ခဲ့ပါတယ်။ Windows Vistaဟာ ဈေးကွကေ်၀စု ၄ရာခိုင်နှုန်းပဲ ရရှိပြီး အဆိုပါ Vistaကို အသုံးပြုသူ အများစုဟာလည်း Windows 7ထွက်ပြီး ချက်ချင်းပဲ Windows 7ကို အသုံးပြုခဲ့ ကြပါတယ်။ ဒီလောက် အောင်မြင်ခဲ့တာတောင်မှ CEO Steve Ballmerရဲ့ ဂုဏ်အယူဆုံးအရာဟာ Windows 7မဟုတ်ပါဘူး တဲ့ဗျာ။ ၁၉၈၀၊ ၉၀ခုနှစ် တွေတုန်းကတော့ CEO Steve Ballmerဟာ အသိဥာဏ်ရှိတဲ့ တစ်ကိုယ်ရေသုံး ကွန်ပျူတာတွေ အတွက် မွေးဖွားမှုတစ်ရပ် အဖြစ် ထင်ရှားခဲ့ပြီး အခုအခါမှာတော့ ဒီCEOအလုပ်ကနေ ထွက်ရင် နောက်ဘာဆက်လုပ်မယ် ဆိုတာမသေချာသေး ပါဘူးလို့ သိရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *