News

၂၀၁၃ခုနှစ် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းများ၏ နှစ်ပတ်လည်အခမ်းအနား ဖိတ်ကြားလွှာ

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းတို့၏ နှစ်ပတ်လည်အခမ်းအနားကို ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက် (သောကြာနေ့) Conference Hall ၊ MICT Park ၊ လှိုင်တက္ကသိုလ်နယ်မြေ တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိ ပါသည်။


အခမ်းအနားအစီအစဉ်များမှာ

အစီအစဉ်(၁) အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်း။ ၉:၃၀ – ၉:၃၅

အစီအစဉ်(၂) မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းမှ အဖွင့်အမှာ စကား ပြောကြားခြင်း။ ၉:၃၅ – ၉:၅၅

အစီအစဉ်(၃) မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း။ ၉:၅၅ – ၁၀:၀၀

အစီအစဉ်(၄) မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး မှ အသင်း၏ လုပ်ငန်းရပ်များကို တင်ပြခြင်း။ ၁၀:၀၀ – ၁၀:၀၅

အစီအစဉ်(၅) မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ မှ အသင်း၏ လုပ်ငန်းရပ်များကို တင်ပြခြင်း။ ၁၀:၀၅ – ၁၀:၁၀

အစီအစဉ်(၆) မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ မှ အသင်း၏ လုပ်ငန်းရပ်များ ကို တင်ပြခြင်း။ ၁၀:၁၀-၁၀:၁၅

အစီအစဉ်(၇) မြန်မာနိုင်ငံကွန်ပျူတာဝါသနာအသင်း ဥက္ကဋ္ဌ မှ အသင်း၏ လုပ်ငန်းရပ်များကို တင်ပြခြင်း။ ၁၀:၁၅-၁၀:၂၀

အစီအစဉ်(၈) အောင်လက်မှတ်များပေးအပ်ခြင်း။ ၁၀:၂၀-၁၀:၃၅

အစီအစဉ်(၉) အခမ်းအနား ပြီးမြောက်ကြောင်း ကြေငြာခြင်း။ ၁၀:၃၅-၁၀:၄၀တို့ ဖြစ်ပါသည်။

အောင်လက်မှတ်များပေးအပ်ခြင်း။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် Information Technology Professional Examination Council (ITPEC) တို့ ကြီးမှူးကျင်းပသော ITPEC Exam များဖြစ်သည့် Fundamental IT Engineer Examination (FE) နှင့် Information Technology Passport Examination (IP) အောင်မြင်သူများအား အောင်လက်မှတ် ကို
မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းမှ ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရပါသည်။

၂၀၁၂ခုနှစ် အောက်တိုဘာလ တွင် ကျင်းပပြုလုပ်ခဲ့သော FE Exam အောင်မြင်သူများမှာ
– ခိုင်စုဝေ
– ရွှေရည်ပြည့်စုံ တို့ ဖြစ်ပါသည်။

၂၀၁၃ခုနှစ် ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့သော FE Exam အောင်မြင်သူများ
– မြမော်ဆွေ
– အေးမို့မို့သူ တို့ ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ
၂၀၁၂ခုနှစ် အောက်တိုဘာလတွင် ကျင်းပပြုလုပ်ခဲ့သော IP Exam အောင်မြင်သူများမှာ
– လှရူပါမြင့်
– မေဇင်ထွန်း
– မြင့်သူ တို့ ဖြစ်ပါသည်။

၂၀၁၃ခုနှစ် ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့သော IP Exam အောင်မြင်သူများမှာ
– ကျော်နိုင်
– သိန်းစိုး
– ယမင်းစိုး တို့ ဖြစ်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *