News

Toyota ကုမ္ပဏီ ဦးဆောင်သူ အသက် ၁၀၀တွင် ကွယ်လွန်

အီးဂျီတိုယိုဒါသည် တိုယိုတာ စတင်ထူထောင်သော မိသားစု၀င် တစ်ဦးဖြစ်ပြီး ကုမ္ပဏီအား ကမ္ဘာ့ထိပ်တန်းသို့ရောက်အောင် ကြပ်မတ်ပေးခဲ့သည့်အပြင် တော်လှန်ပြောင်းလဲသော ထုတ်လုပ်မှု လုပ်ငန်းစဉ်ကိုလည်း ကူညီတွန်းအားပေးခဲ့သူ ဖြစ်သည်။ ၄င်းသည် အင်္ဂါနေ့တွင် အသက် ၁၀၀ပြည့်၌ သေဆုံးသွားခဲ့ကြောင့် ကုမ္ပဏီက ပြောကြားခဲ့သည်။

ကားထုတ်လုပ်မှု စတင်ထူထောင်သူ၏ အစ်ကို၀မ်းကွဲတော်သူ တိုယိုဒါသည် နှလုံးရောဂါဖြင့် အသက် ၁၀၀ပြည့်ပြီး တစ်ပတ်အလွန်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ၄င်းသည် ၁၉၃၆ခုနှစ်တွင် ကုမ္ပဏီ၏ ဥက္ကဌ ဖြစ်လာခဲ့သည်။ ထိုအချိန်က သူသည် ကားစီးရေများစွာ ထုတ်လုပ်ရေးအတွက် ဦးဆောင် တွန်းအားပေးခဲ့သည်။ အထူးသဖြင့် ကိုရိုလာ တံဆိပ်ကားများကို ထုတ်လုပ်ခဲ့သည်။

တိုယိုဒါ၏ လက်ထက်တွင် တိုယိုတာကားများ နိုင်ငံခြား၌ အရောင်းတက်လာခဲ့ကာ ယခုအခါ ကမ္ဘာ့နံပါတ်တစ် ကားထုတ်လုပ်သူအဖြစ် ရပ်တည်လျက်ရှိသည်။ မစ္စတာ တိုယိုဒါနှင့်အတူ ကုမ္ပဏီသည် ကားထုတ်လုပ်ရေးတွင် ကမ္ဘာ့အရေးပါသော နေရာသို့ ရောက်ရှိလာကာ အခြား ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ယှဉ်နိုင်ခဲ့သည်။ ၁၉၈၂ခုနှစ်တွင် ဥက္ကဌနေရာမှ နှုတ်ထွက်၍ ၁၉၉၂ခုနှစ်အထိ ချယ်ယာမင်အဖြစ် နေခဲ့သည်မှာ သူ၏လုပ်ငန်း၌ နှစ် ၅၀ပြည့်ရန် နှစ်နှစ်သာလိုသည့် အချိန်အထိ ဖြစ်သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *