Opinion, Policy & Law

အမျိုးသမီး၏ ကာယိအိနြေနှင့် ဥပဒေ အကာအကွယ််

ယောကျ်ားတို့ ဘုန်း လက်ရုံး၊ မိန်းမတို့ ဘုန်း ဆံထုံးဟု ဆိုကြသည်။ ဆံကေသာသည် အမြတ်တနိုး ထားအပ်သော မိန်းမတို့၏ ဂုဏ်ကျက်သရေတစ်ရပ် ဖြစ်သည်။ ယနေ့အချိန်အခါတွင် ကမ်ဘာတစ်လွှား၊ ထီးဆောင်းမင်း အပေါင်းတို့၏ အလယ်တွင် တင့်တယ်နေသော မြန်မာ အမျိုးသမီးခေါင်းဆောင်၏ အသွင်ကို ၀င့်၀င့်ထယ်ထယ် မြင်တွေ့နေကြရသည်။ မြန်မာအမျိုးသမီး ၀တ်စုံနှင့် ဆံထုံးနှင့် တင့်တယ်လှပေသည်။ မြန်မာအမျိုးသမီးတို့၏ ဣနြေ္ဒ၊ ရွေှ ပေး၍ မရ ဟု ဆိုကြသည် မဟုတ်ပါလား။ ခြေတစ်လှမ်း၊ ကုဋေတစ်သန်းဟုလည်း မြန်မာအမျိုးသမီးတို့၏ ကာယိနြေ္ဒကို ညွှန်းဆို ထားကြသည်။

ပြင်သစ် Closer မဂ္ဂဇင်း၊ အိုင်းရစ် Daily Star သတင်းစာများတွင် ဖော်ပြခဲ့သော ကင်းဘရစ်မြို့စားနှင့် မြို့စားကတော် ကိတ်နှင့် ၀ီလျှံတို့၏ ကိုယ်အပေါ်ပိုင်း ၀တ်လစ်စလစ် ဓာတ်ပုံများကြောင့် ယင်း ၀တ်လစ်စလစ် ဓာတ်ပုံများကို ရိုက်ယူခဲ့သော ဓာတ်ပုံဆရာကို ရာဇ၀တ်ကြောင်းအရ တရားစွဲမည်ဟု စိန်းဂျိမ်းနန်းတော်က ကြေညာကြောင်း၊ Closer မဂ္ဂဇင်းက ကျွနု်ပ်တို့ ရွေးချယ်ဖော်ပြတဲ့ ဓာတ်ပုံများဟာ ဂုဏ်သိက္ခာ ကျဆင်းစရာအကြောင်း မရှိပါဘူးဟု ပြောကြောင်း ဂျာနယ်များတွင် ဖတ်ရသည်။ ယင်းတို့ နိုင်ငံတွင် ယင်းသို့ ဓာတ်ပုံများသည် ဂုဏ်သိက္ခာ ကျဆင်းစရာ ဟုတ် မဟုတ် တရားရုံး စီရင်ချက်များကို လေ့လာကြည့်နိုင်ပေသည်။
ယခုအခါ အင်တာနက်၊ Website၊ Facebook စသည့် Social Mediaများ၊ ရုပ်ရှင်များ၊ ဗွီဒီယိုများ မှတဆင့် ဤကမ်ဘာပေါ်တွင် နေထိုင်ကြသော နိုင်ငံ အရပ်ရပ်ရှိ အမျိုးသမီးတို့၏ ၀တ်စားဆင်ယင်မှုတွေကို ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအလိုက် မြင်တွေ့နေကြရလေသည်။

အမျိုးသမီးငယ်တို့သည် နုပျိုခြင်း၊ တက်ကြွခြင်း၊ လန်းဆန်းခြင်းတို့နှင့်အတူ ဘ၀ကို အားမာန်အပြည့်နှင့် လှုပ်ရှားချင်နေကြသည်။ သူ့ထက်ငါ ပိုပြီး ခေတ်မီချင်ကြသည်။ ရုပ်ရည် ရူပကာချင်း ယှဉ်ကြသည်။ အ၀တ်အစားချင်း ပြိုင်ကြသည်။ ဆင်ယင် ထုံးဖွဲ့မှု ပြိုင်ကြသည်။ ပန်းရောင်သွေးဖြင့် ပြေးနေသော လှပသည့် လက်သည်းများသည် အနက်ရောင်စသည့် ရောင်စုံသွေးတို့အဖြစ်သို့ ပြောင်းကုန်ကြသည်။ နက်မှောင်သော ဆံထုံးများသည် ရွေှရောင်၊ ငွေရောင် ဆံတို ဂုတ်၀ဲများသို့ ပြောင်းသွားကြလေပြီ။

ယခင်အခါက အမျိုးသမီးတို့၏ လုံချည်သည် ခြေမျက်စေ့ ဖုံးကြသည်။ တက်ထရွန် လုံချည် ခေတ်စားချိန်က တက်ထရွန် ပိတ်စသည် အနံ နှစ်တောင်သာ ရှိသဖြင့် ခြေမျက်စိ ဖုံးအောင် အောက်က ပိိတ်စ ဆက်ရသည်။ အထက်ဆင် ကြီးကြီး တပ်ရသည်။ ထိုမှတဆင့် ထမီအောက် အမြိတ်စ မရှိတော့။ ခြေသလုံးပေါ် ၀တ်လာကြသည်။ ထိုမှတဆင့် ဒူးပေါ် စကဒ်တို ၀တ်လာကြသည်။ ယခုတော့ ခေတ်ဆန်ချင်သည်ဆိုသော အမျိုးသမီးအချို့သည် ပေါင်လည် စကဒ်တို ဘောင်းဘီတိုများနှင့် ဖြစ်နေကြလေပြီ။ အထက်ဆင်လည်း မလိုတော့ပြီ။

ခေတ်အရွေ့အပြောင်းတွင် ၀တ်စား ဆင်ယင်မှု ပြောင်းလဲခြင်းကို မြင်မကောင်းဟုတော့ မဆိုချင်ပါ။ သို့သော် အမျိုးသမီး တစ်ဦးသည် အမျိုးသမီး တစ်ဦး၏ ဣနြေ္ဒနှင့်သာ ရှိသင့်ကြရမည် ဖြစ်သည်။
ရာဇ၀တ်ကြီး ဥပဒေတွင် မိန်းကလေးတို့၏ ကာယိနြေ္ဒ္ဒကို ဥပဒေဖြင့် အကာအကွယ်ပေးထားသည်။

မည်သူမဆို မိန်းမတစ်ဦး၏ ကာယိနြေ္ဒကို ပျက်စီးစေရန် အကြံဖြင့်သော်လည်းကောင်း၊ ကာယိနြေ္ဒ ပျက်စီးစေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း၊ ထိုမိန်းမကို လက်ရောက်မှု ကျူးလွန်လျှင် (သို့တည်းမဟုတ်) ရာဇ၀တ် မကင်းသော အနိုင်အထက် ပြုမှုကို ပြုလျှင် ထိုသူအား (၂) နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
လူ့ယဉ်ကျေးမှုကို စောင့်ရှောက်ရန်၊ မိန်းမတစ်ဦး၏ ကာယိနြေ္ဒ္ဒကို ကာကွယ်ရန်၊ ဤပုဒ်မကို ပြဌာန်းခဲ့ခြင်း ဖြစ်သည်။ အားနွဲ့သည့် အမျိုးသမီးကို စော်ကားလျှင်၊ ခံရသူ အမျိုးသမီးအဖို့ အရှက်တကွဲ အကျိုးနည်းစေနိုင်သည့်အပြင် ကြားရ မြင်ရသူအတွက်လည်း မခံချင်စရာ ဖြစ်ပေါ်စေပေသည်။

မည်သို့သော ပြုလုပ်မှုသည် ကာယိနြေ္ဒကို ပျက်စီးစေသည်ဟု ဥပဒေတွင် တိတိကျကျ သတ်မှတ် ပြဌာန်းထားခြင်း မရှိပေ။ သို့ဖြစ်၍ အပြုခံရသူ အမျိုးသမီး၏ ယဉ်ကျေးမှု၊ အနေအထိုင်၊ ဓလေ့စရိုက်အပေါ် မူတည်၍ ကာယိနြေ္ဒ္ဒ ပျက်စီးစေသည့် ပြုလုပ်မှု ဟုတ်-မဟုတ် ဆုံးဖြတ်ရသည်။ အနောက်နိုင်ငံ ယဉ်ကျေးမှုအရ အမျိုးသမီး တစ်ဦး၏ ခါးကို ဖက်ခြင်းသည် ကာယိနြေ္ဒ္ဒကို ပျက်စီးစေသည်ဟု ဆိုနိုင်မည် မဟုတ်သော်လည်း၊ မြန်မာအမျိုးသမီး တစ်ဦး၏ ခါးကို သွားဖက်လျှင် ကာယိနြေ္ဒ္ဒပျက်စီးမှု မြောက်မည်မှာ ယုံမှားဖွယ် မရှိပေ။ ထို့အတူ အိမ်တွင်းပုန်း ကုလားမ၏ မျက်နှာဖုံးကို ဖွင့်ခြင်းနှင့် အနောက်နိုင်ငံ အမျိုးသမီးတစ်ဦး၏ မျက်နှာဖုံးကို လှပ်ခြင်းသည် တူနိုင်မည် မဟုတ်ပေ။ မြန်မာလူမျိုးတို့၏ ဓလေ့အရ အမျိုးသမီး တစ်ဦး၏ လက်နှင့် ဆံပင်တို့ကို ဆွဲလျှင် ပိုင်စိုး ပိုင်နင်း ပြုလုပ်ရာကျသဖြင့်၊ ရည်းစားဖြစ်သူက သ၀န်ကြောင်စိတ်ဖြင့် လက်နှင့် ဆံပင်ကို ဆွဲလျှင် ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၃၅၄ အရ ကာယိနြေ္ဒ ပျက်စီးစေရာ ရောက်မည်ဟု မလှစိုးနှင့် မောင်သန်းအမှု (အတွဲ၄၊ ဘားမားလောတိုင်း၊ စာမျက်နှာ ၂၆၈) တွင် ညွှန်ပြထားသည်။
ယင်းသို့ ပြုကျင့်မှုကို ပြုကျင့်ခံရသူ အမျိုးသမီး သဘောတူညီမှု ရှိ မရှိသည်လည်း အဓိက ကျသည်။

သက်ရောက်မှု (သို့မဟုတ်) ရာဇ၀တ် မကင်းသော အနိုင်အထက်ပြုမှုသည် အမျိုးသမီး၏ သဘောတူချက် မရှိဘဲ ပြုခြင်းဖြစ်မှသာ ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၃၅၄ အရ ပြစ်မှုမြောက်မည် ဖြစ်သည်။ အရွယ်ရောက်ပြီး ဖြစ်သည့် အမျိုးသမီးက ပြုလုပ်မှုကို သဘောတူလျှင် ကာယိနြေ္ဒ ပျက်စီးမှုဖြင့် အရေးယူခြင်း မပြုနိုင်ပေဟု မောင်အုံးမောင်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမှုစီရင်ထုံး (၁၉၆၆ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးများ စာမျက်နှာ ၁၀၂၈)တွင် ထုံးဖွဲ့ထားသည်။

ပြုကျင့်ခံရသူသည် အရွယ် မရောက်သေးသူ ဖြစ်ပါက၊ အသက် (၁၈)နှစ် မပြည့်သေးသည့် အမျိုးသမီး၏ သဘောတူခြင်းသည် ဥပဒေအရ သဘောတူခြင်း မဟုတ်၍ ပြစ်မှု မြောက်မည် ဖြစ်သည်။ ကြောက်ရွံ့ ၍ သဘောတူ ရခြင်း၊ အကြောင်းခြင်းရာ အမှန်ကို မသိ်၍ သဘောတူရခြင်းတို့သည် ဥပဒေအရ သဘောတူရာ မရောက်ဟု ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၉၀တွင် ပြဌာန်းထားသည်။
အမျိုးသမီး တစ်ဦးကို ကာယိနြေ္ဒ ပျက်စီးအောင် ပြုသူသည် ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ အပြစ်ရှိသည်။

ယခုအခါ မြို့တော်ရန်ကုန်၌ ကားအရေအတွက် သိသိသာသာ များပြား၍ လမ်းများပေါ်၌ ကားများဖြင့် ပြည့်နေသော်လည်း ပြည်သူများအတွက် ခရီးသည်တင်ကား အရေအတွက် မလုံမလောက် ရှိနေဆဲပင် ဖြစ်သည်။ ဘတ်စ်ကားများပေါ်တွင် ခရီးသည်ယောကျ်ား၊ မိန်းမများ ကြပ်ညပ် နေကြသည်။ ရိုးသားသော အမျိုးကောင်းသားများ ရှိသကဲ့သို့၊ မရိုးသားသော၊ မလျော်စွာ အခွင့်အရေး ယူတတ်သော အမျိုးသားများလည်း ရှိသည်။ တကယ်တော့ နိုင်ငံကြီးသားကောင်းများ ပီသစွာ အမျိုးသမီးများ လွတ်လွတ်လပ်လပ် တက်နိုင်ရန်၊ ကားပေါ်တွင် စီးနင်းနိုင်ရန် အမျိုးသားများက ဦးစားပေးသင့်သည် မဟုတ်ပါလား။ အမျိုးသားက မိမိရှေ့ ရှိ အမျိုးသမီး၏ ဖင်ကို ဆိတ်ခြင်း စသည့် မတော်မလျော် ပြုလုပ်မှုသည် မိန်းမ တစ်ဦး၏ ကာယိနြေ္ဒ္ဒကို ပျက်စီးစေတန်ရာသည်ကို သိလျက်နှင့် ရာဇ၀တ် မကင်းသော အနိုင်အထက်ြ ပုမှုကို ကျူးလွန်ရာ ရောက်သည်။
လူအများရှိရာ Stage-Show ပွဲများတွင် လည်းကောင်း၊ ပွဲခင်းများတွင်လည်းကောင်း အမျိုးသားများသည် သက်ရောက်မှု (သို့မဟုတ်) ရာဇ၀တ် မကင်းသော အနိုင်အထက်ပြုမှု မဖြစ်အောင် ပြုမှု ကျင့်ကြံ နေထိုင် သင့်ကြသည်။

တလောက နိုင်ငံ တစ်နိုင်ငံတွင် အမျိုးသမီးများ၏ ၀တ်စား ဆင်ယင်မှုသည် ယောကျ်ားများအား စိတ်နိုးကြွစေသဖြင့် ဆင်ခြင်သင့်သည်ဟု အမျိုးသားများက ဆိုသည်။ သို့သော် အမျိုးသမီးများက လက်မခံပေ။ ၄င်းတို့တွင် လွတ်လပ်စွာ ၀တ်စားပိုင်ခွင့် ရှိသည်ဟု ဆိုသည်။

အမျိုးသမီးက မည်သို့ ၀တ်စားထားသည်ဖြစ်စေ၊ အမျိုးသမီး တစ်ဦးကို အကြောင်းမဲ့ သက်သက် လူများစွာ ရှိနေစဉ်အချိန်တွင် လက်ဆွဲ၍ ပါးကို နမ်းမိလျှင် မိန်းမ တစ်ဦး၏ ကာယိနြေ္ဒကို ပျက်စီးစေသည် ဖြစ်၍ ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၃၅၄ အရ အပြစ်ရှိမည် ဖြစ်သည်။

အချို့သော ကိစ္စများတွင် အမျိုးသမီးများက လုပ်ကြံ၍ စွပ်စွဲခြင်း ဟုတ်-မဟုတ်လည်း စဉ်းစားသင့်ကြသည်။ မိန်းမတစ်ဦးကို ကာယိနြေ္ဒ္ဒ ပျက်စေသည် ဆိုခြင်းမှာ စွပ်စွဲရန် လွယ်ကူသလောက် ဖြေရှင်းရန် ခက်ခဲလှသည်။ သာမန်အားဖြင့် ဣနြေ္ဒသိက္ခာနှင့် ပြည့်စုံသော မိန်းကလေးများသည် အရှက်ကွဲခံ၍ မုသား တိုင်တန်းခြင်း မပြုဟု ဆိုနိုင်သော်လည်း တိကျသော သက်သေ အထောက်အထားများ တင်ပြရန် လိုပေသည်။
ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၁၀တွင် မိန်းမဆိုသည်မှာ အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ လူမိန်းမကို ဆိုလိုသည်ဟု ပြဌာန်းထားသည်။

သို့ဖြစ်၍ အသက် ၄၊ ၅၊ ၆ နှစ်အရွယ် မိန်းကလေးဖြစ်စေ၊ အသက် ၄၀၊ ၅၀၊ ၆၀ အရွယ် မိန်းမဖြစ်စေ လူမိန်းမ တစ်ဦး၏ ကာယိနြေ္ဒကို ပျက်စီးစေရန် အကြံနှင့်သော်လည်းကောင်း၊ ကာယိနြေ္ဒ္ဒ ပျက်စီးစေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ထိုမိန်းမကို လက်ရောက်မှု (သို့မဟုတ်) ရာဇ၀တ် မကင်းသော အနိုင်အထက် ပြုကျင့်မှု ကျူးလွန်လျှင် ရာဇ၀တ်ကြောင်းအရ အပြစ်ရှိပါကြောင်း၊ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ပီပီ နေထိုင်၀တ်ဆင် ပြုမှုကျင့်ကြံနေထိုင်နိုင်ကြစေရန်၊ စိတ်ရည်သန်၍ ရေးသား တင်ပြလိုက်ရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *