Automobile

Bentley Continental GT 2011

Bentley Continental GT ကားအကြောင်း မိတ်မဆက်ပေးခင် Bentley ကားကုမ္ပဏီအကြောင်းကို အရင်ဦးဆုံး သိထားသင့်ပါတယ်။ လူတိုင်းနီးပါး ကြားဖူးတဲ့ ကမ်ဘာကျော် Rolls-Royce ကားကုမ္ပဏီကို 1906 ခုနှစ်မှာ အင်္ဂလန်နိုင်ငံမှာ စတင် တည်ထောင်ခဲ့ပါတယ်။ 1973 ခုနှစ်မှာတော့ Rolls-Royce Plc နဲ့ Rolls-Royce Motors ဆိုပြီး နှစ်မျိုး ခွဲလိုက်ပြီးနောက် Rolls-Royce Motorsမှ Roll-Royce ကားနဲ့ Bentley ကားဆိုပြီး တံဆိပ်နှစ်မျိုး စတင် ခွဲလိုက်ပါတယ်။ Roll-Royce ကားကိုတော့ လူချမ်းသာများရဲ့ အမှတ်တံဆိပ် ဖြစ်အောင် ခ့ံညားစွာ ထုတ်လုပ်ပြီး Bentley ကားကိုတော့ ခေတ်မှီပြီး ဆန်းသစ်တဲ့ Sport Type ပုံစံ ဖြစ်အောင် ထုတ်လုပ်ခဲ့ပါတယ်။ Bentley Motors Limitedကို 1996 ခုနှစ်မှာ အင်အားကြီး Volkswagen Groupမှ ရရှိခဲ့ပြီး Rolls-Royceကိုတော့ BMWမှ 1999 ခုနှစ်မှာ ရရှိခဲ့ပါတယ်။

ယခု မိိတ်ဆက်ပေးမယ့် Bentley Continental GT ကိုတော့ 2003 ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့တာပါ။ Continental GT 2012 မော်ဒယ်ကတော့ ဒုတိယ မျိုးဆက်ပဲ ဖြစ်ပါတယ်။ တံခါး နှစ်ပေါက်ပါ လေးယောက်စီး ပြိုင်ကား အမျိုးအစား ဖြစ်ပါတယ်။ ဒုတိယ မျိုးဆက် ဖြစ်ပေမယ့် ယခင် GT ကားနဲ့ အပြင်ပုံသဏ္႑န် ကွာခြားမှု သိပ်မရှိပါဘူး။ ဒါပေမယ့် အင်ဂျင် စွမ်းရည်တော့ မြင့်တက်လာပါတယ်။ အလွန စွမ်းရည် မြင့်မားတဲ့ ဆယ့်နှစ်လုံးထိုး 6.0 လီတာ W-12 အင်ဂျင်ကတော့ Continential GTကို Super Car ဖြစ်ပေတဲ့ အဓိက အသက်သွေးကြောပါပဲ။ အင်ဂျင်ရဲ့ စွမ်းရည်၊ မောင်းနှင်အားနဲ့ ဆီစားနှုန်းတို့မှာ Bentleyရဲ့ နည်းပညာ မြင့်မားမှုတို့ကြောင့် နာမည်ကောင်းနဲ့ ကျော်ကြားပါတယ်။ ဒါ့အပြင် ‘‘V’’ အင်ဂျင်များ ခေတ်စားနေချိန်မှာ ထူးခြားတဲ့ ‘‘W’’ ပုံစံ W-12 အင်ဂျင်ကို Continental GTမှာ အသုံးပြုထားတာကြောင့် ကမ်ဘာ့အကျစ်လစ်ဆုံးနဲ့ အသေးငယ်ဆုံး W-12 အင်ဂျင်အဖြစ် မှတ်တမ်း၀င်ပါတယ်။

ဒီထက်ထူးခြားတာက Continental GTမှာ သဘာ၀ ပတ်၀န်းကျင်နဲ့ သဟဇာတ ဖြစ်စေမယ့် ဇီ၀လောင်စာဆီ (Bio-Fuels)ကို အသုံးပြုနိုင်ခြင်းပါပဲ။ ဓာတ်ဆီကို အသုံးပြုပြီး မောင်းမယ်ဆိုရင် 98(95) RONကိုသာ ထည့်ပြီး အသုံးပြုရမှာ ဖြစ်ပြီး Bioethanal (E 85) ဇီ၀လောင်စာဆီကို ဓာတ်ဆီနဲ လဲရောနှော အသုံးပြုနိုင်တာ တွေ့ရပါတယ်။ အလွန် လျင်မြန်စွာ ပြောင်းလဲနိုင်တဲ့ 8-Speed Automatic ဂီယာ အမျိုးအစား တပ်ဆင်ထားတဲ့အတွက် မြင်းကောင်ရေ 616 hp ထွက်ရှိပါတယ်။ အမြင့်ဆုံး အမြန်နှုန်း 1 နာရီ 198mphထိ မောင်းနှင်နိုင်ပြီး 0မှ 60mphကို 4.3 စက္ကန့်အတွင်း မောင်းနှင်နိုင်တာကြောင့် 6.0Li W-12 အင်ဂျင်ရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။ အရှိန်နှုန်း ပုံမှန် မောင်းနှင်ချင်သူတွေအတွက် 4.0L V8 Twin-Turbo ပါတဲ့ အင်ဂျင်ကို 6 Speed Automatic ဂီယာနဲ့ တွဲပြီး ထုတ်လုပ်ထားပါတယ်။

ကားရဲ့ အတွင်းပိုင်း 80%ကို အလွန် နူးညံ့တဲ့ သားရေနဲ့ မွန်းမံထားပါတယ်။ ဒါ့အပြင် အပေါ်ယံကပ် သစ်ပါးလွှာများ၊ အေးမြတဲ့ ထိတွေ့မှု ရှိတဲ့ သတ္တုများနဲ့ ထူထဲ နူးညံ့တဲ့ ကောဇောများ အသုံးပြုပြီး တည်ဆောက်ထားတဲ့ အတွင်းခန်းဟာ Continental GTရဲ့ ဂုဏ်သိက္ခာကို မြင့်မားစေပါတယ်။ 8 လက်မ အရွယ်ရှိ Touch-Screen LCD ပါရှိပြီး အသံပိုင်းဆိုင်ရာ Bluetooth စနစ်နဲ့ လမ်းညွှန်စနစ်တွေကို အသုံးပြုနိုင်ပါတယ်။ အသံပိုင်းကိုတော့ အင်္ဂလန်နိုင်ငံရဲ့ ကျော်ကြားတဲ့ NAIM Audioမှ တာ၀န်ယူထားတာပါ။ ငြိမ့်ညောင်းလှတဲ့ ဂီတသံကို ပေးစွမ်းနိုင်တဲ့ NAIM အသံစနစ်ဟာ Bentley ကားနဲ့ အလွန် လိုက််ဖက်လှပါတယ်။

ဒါ့အပြင် Bentleyဟာ အမိုးဖွင့်နိုင်တဲ့ Continental GTCကိုပါ ထပ်မံ ပြသခဲ့ပါတယ်။ 25စက္ကန့်အတွင်းမှာ အမိုးကို လျင်မြန်စွာ ဖွင့်နိုင်ပါတယ်။ စွမ်းရည်မှာ ပိုမို မြင့်မားလာပြီး ကမ္ဘာကျော် Bugalti EB 110 စူပါကားရဲ့ ရေခဲပြင်ပေါ် မောင်းနှင်တဲ့ စံချိန်ကိုတောင် ချိုးနိုင်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုကို လေးကြိမ်တိုင်တိုင် Rally ကားမောင်းချန်ပီယံ Kankkunen ကိုယ်တိုင် အမြန်ဆုံး မြန်နှုန်း 331km/h (205.67 mph)ထိ မောင်းနှင်ပြနိုင်ခဲ့ပါတယ်။ ကဲ ဒါဆို ဒီလို စွမ်းရည်လည်း မြင့်၊ အဆင့်အတန်းလည်း မြင့်မားတဲ့ Bentleyရဲ့ Continental GTကို ၀ယ်စီးချင်တယ် ဆိုရင်တော့ US $ 250,000 ခန့် ကုန်ကျခံရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *