Cameras

ဆု သုံးဆု ရရှိထားတဲ့ Canon XF300 Professional Camcorder

အရင် အပတ်တွေတုန်းက Professional Camera အလန်းစား၊ အမိုက်စားလေးတွေ ဖော်ပြပေးခဲ့ပါတယ်။ ဒီတစ်ပတ်တော့ ပရိတ်ကြီးအတွက် ဆုပေါင်း (၃) ဆုကို ဆွတ်ခူး ရရှိထားတဲ့ Professional Camcorder တစ်လုံးကို ဖော်ပြပေးချင်ပါတယ်။ Canonက ထုတ်လုပ်လိုက်တဲ့ XF300 Professional Camcorder လေးပါ။ Canon အနေနဲ့ Professional Camera အများစုကို အမြဲတမ်း ဆန်းသစ် ပြောင်းလဲ တီထွင် ထုတ်လုပ်လျှက်ရှိတာ ပရိတ်သတ်ကြီးလဲ သိမှာပါ။ ဒီကင်မရာမှာလည်း ဘယ်လို နည်းပညာတွေ ဆန်းသစ် တီထွင် ထည့်သွင်းထားလဲဆိုတာ ကြည့်ရအောင်။

ရရှိခဲ့တဲ့ဆုများ
Canon XF300 က ဆု (၃) ဆုခုကို ဆွတ်ခူးရရှိထားတဲ့ Camcorder ဖြစ်ပါတယ်။ နိုင်ငံကျော် PC Magazine ကနေ ရွေးချယ်လိုက်တဲ့ Readers’ Choice Award ဆု၊ Video နည်းပညာပိုင်းမှာ သာလွန် ကောင်းမွန်တဲ့အတွက် DV Magazineက ချီးမြှင့်တဲ့ 2010 NAB Best of Show Black Diamond Award ဆု၊ နောက်ဆုံး တစ်ဆုကတော့ EventDV’s Best of NAB 2010 ဆုတို့ကို ရရှိထားပါတယ်။ ဆုတွေ အများကြီး ရရှိထားတယ်ဆိုတော့ သူ့ရဲ့ Performance ကိုတော့ မှန်းဆ ကြည့်ရုံနဲ့ သိနိုင်မယ် ထင်ပါတယ်။

အဓိက Features
Canon XF300 မှာ ပြိုင်ဘက် ကင်းတဲ့ ဗွီဒီယိုတွေကို ရိုက်ကူးနိုင်ဖို့အတွက် MPEG-2 4:2:2 50Mbps Codec (Canon XF Codec)ကို အသုံးပြုထားတာ တွေ့ရပါတယ်။ MPEG-2က လိုအပ်တဲ့ ပုံစံ အရောင်အသွေးကို ချိန်ညှိနိုင်ရန် များစွာ အထောက်အကူပေးပါတယ်။ နောက်ပြီး Moving Pictures Expert Group (MPEG) ဆိုတာက ကင်မရာ တော်တော်များများမှာ အများဆုံး အသုံးပြုတဲ့ Feature တစ်ခု ဖြစ်ပါတယ်။ မရှိမဖြစ်လို့ ပြောရမယ်ဆိုရင် မှားမယ် မထင်ပါဘူး။ အဲဒီ Featureကို ထည့်သွင်းပေး ထားတတဲ့အတွက် မိမိရဲ့ ရိုက်ကူးချက်တွေကို လေလှိုင်းပေါ် လွှင့်ချင်ရင်ပဲဖြစ်ဖြစ်၊ တစ်နေရာကနေ တစ်နေရာကို ပေးပို့ချင်ရင်ပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ပါတယ်။ Full HD 1920×1080 Resolution ဖြင့် ရိုက်ကူးနိုင်တဲ့အတွက် အမြင့်ဆုံး HD Quality ပေးစွမ်းနိုင်တဲ့ ကင်မရာ တစ်လုံး ဖြစ်စေပါတယ်။

Sensor သုံးခု ပါ၀င်
အခု ဒီကင်မရာမှာ Native 1920 x 1080 CMOS Image Sensor သုံးခုကို အသုံးပြုထားတာ တွေ့ရပါတယ်။ အဲဒီအချက်ကတော့ Canonကနေ အထူး သီးသန့် ပြုလုပ်ထည့်သွင်းထားတဲ့ အချက်ဖြစ်ပါတယ်။ Sensor သုံးခု ထည့်သွင်းထားတဲ့အတွက် Full HD Videoတွေ ရိုက်ကူးတဲ့နေရာမှာ ပတ်၀န်းကျင် ဆူညံသံတွေကို အနိမ့်ဆုံး ဖြစ်အောင် လျှော့ချပေးပြီး အပြောင်မြောက်ဆုံး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

လှည့်ယူ အသုံးပြုနိုင်တဲ့ Display
LCD Displayက ၄ လက်မ ရှိတဲ့အတွက် ကြီးမားတဲ့ Display ပေါ်မှာ လုပ်ဆောင်ချက်တွေကို 100% ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။ Displayကို ဘယ်ညာ လှည့်ယူ အသုံးပြုနိုင်ပါသေးတယ်။ Displayအတွက် အသစ် ထည့်သွင်းထားတဲ့ အချက်ကတော့ ပုံမှန် အနေအထားကနေ အပေါ်ကို ၃၅ ဒီဂရီ လှည့်ယူနိုင်အောင် ပြုလုပ် ထားခြင်းပါပဲ။ ဒါကြောင့် ဘက်စုံ လှည့်ယူအသုံးပြုနိုင်တဲ့အတွက် လူအုပ်ကြားထဲကနေ ရိုက်ကူးရေးတွေ ခက်ခက်ခဲခဲ ပြုလုပ်တဲ့အချိန်မှာတော့များစွာ အထောက် အပံ့ပေးနိုင်ပါတယ်။ 1.23 Megapixel ရှိတဲ့ LCD Monitor ဖြစ်ပြီး Resolution မြင့်မားပါတယ်။

Canon HD Lensကို အသုံးပြု
Videoကောင်း တစ်ခု ဖြစ်ပေါ်လာဖို့အတွက် အကောင်းဆုံး Feature တွေ၊ Processorတွေ ပါ၀င်ရုံနဲ့ မပြီးသေးပါဘူး။ အလိုက်ဖက်ဆုံး Lensကိုလည်း ရွေးချယ်နိုင်မှ ဖြစ်မှာပါ။ ဒီ Canon XF300 မှာတော့ စွမ်းရည်ပြည့် Feature တွေနဲ့ လိုက်ဖက်ညီအောင် Zoom ဆွဲယူနိုင်ခြင်း 29.3-527.4 mm ရှိတဲ့ Genuine Canon 18x HD L-Series lensကို အသုံးပြုထားပါတယ်။ အဲဒီ Lens မှာ High Index- Ultra-low Dispersion (HI-UD) နဲ့ Ultra-low Dispersion (UD) စနစ်ကို ပေါင်းစပ်ထားတဲ့အတွက် Color ဖောက်ပြန်မှု မရှိတဲ့ Video များကို ရိုက်ကူးနိုင်ပါတယ်။

NLE Softwareရဲ့ လုပ်ဆောင်ချက်
Canon’s XF Codecက Adobe, Apple, Avid နဲ့ Grass Valleyတွေကို Support လုပ်ပေးနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လက်ရှိ အသုံးပြုနေကြတဲ့ နည်းပညာပစ္စည်းတွေ၊ Applicationတွေ၊ Softwareတွေနဲ့ Compatible ဖြစ်တဲ့ Non-Linear Editing (NLE) Software ထည့်သွင်းထားလို့ပဲ ဖြစ်ပါတယ်။

အသုံးပြုနိုင်တဲ့ Battery များ
ကင်မရာ တစ်လုံးမှာ အမိုက်စား Functionတွေ ပါ၀င်ရုံနဲ့ မပြီးသေးပါဘူး။ Battery Life Timeကလည်း အရေးကြီးပါတယ်။ Canon XF300ကတော့ Canon ကနေ အသစ် ထုတ်လုပ်ထားတဲ့ BP-955 နဲ့ BP-975 Lithium-ion Batteryတို့နဲ့ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Life Timeလည်း မြင့်မားပြီး Battery အားနည်းနေပြီ ဆိုရင် စောစီးစွာ Alert ပြ သတိပေးမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ Canon BP-900 Series Batteriesတွေလည်း ထည့်သွင်း အသုံးပြုနိုင်ပါသေးတယ်။ AC Power Cable ချိတ်ဆက်ထားရင်တောင်မှ Battery အဖြုတ် အတပ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Image Processorရဲ့ လုပ်ဆောင်ချက်
XF300မှာ Canon ရဲ့ စွမ်းအားမြင့် DIGIC DV III Image Processorကို အသုံးပြုထားပါတယ်။ အဲဒီ Processor အသက်၀င် ပုံရိပ်များ၊ အဆင့်ဆင့် ပြောင်းလဲနိုင်သည့် အသံအရည်အသွေး၊ Picture Settingများ၊ Powerစား သက်သာခြင်းစတဲ့ လုပ်ဆောင်မှုတွေကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ Face Detectionတွေ ပြုလုပ်တဲ့နေရာမှာလည်း စွမ်းရည်မြင့် အင်ဂျင်တစ်လုံးအသွင် လုပ်ဆောင်ပေးနိုင်ပါတယ်။

» Full Specifications
» MPEG-2 4:2:2 50Mbps Codec (Canon XF Codec)
» Record to affordable Compact Flash Cards
» Major NLE Software Compatibility
» Genuine Canon 18x HD L-Series Lens
» Three Canon Native 1920 x 1080 CMOS Image Sensors
» Multiple Recording Bit Rates, Resolutions, and Variable Frame Rates
» Canon DIGIC DV III Image Processor
» Brilliant Ergonomics
» Large, 4.0-inch, 1.23-megapixel LCD Monitor and High Resolution, 1.55-megapixel EVF
» Exceptional Customization

ဈေးနှုန်း
Canon XF300 Professional Camcorderရဲ့ ဈေးနှုန်းကတော့ USD 6,799 ဖြစ်ကြောင်း Canon USAက ဖော်ပြထားပါတယ်။ ဆု သုံးဆု ရရှိထားတဲ့ Camcorder တစ်လုံးအတွက် ဒီဈေးနှုန်းက များတယ်လို့ မဆိုနိုင်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *