News

ပေါင်ချိန် တစ်သောင်းခွဲရှိသော သစ်သီးသုပ်ဖြင့် မက်ဆာချူးဆက် တက္ကသိုလ် ဂင်းနစ်စံချိန်တင်

မက်ဆာချူးဆက် ပြည်နယ်မှ အမ်းဟာ့စ် တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် ပညာရေး၀န်ထမ်းများသည် အလုပ်သမားနေ့ စားသောက်ပွဲ၌ ပေါင်တစ်သောင်းခွဲ အလေးချိန်ရှိသည့် သစ်သီးသုတ်တစ်ပွဲ ဖန်တီးပြီး ကမ္ဘာ့ဂင်းနစ် စံချိန်သစ် တင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂ရက်တွင် ယင်းတက္ကသိုလ်ရှိ ကျောင်းသူကျောင်းသားများနှင့် ၀န်ထမ်း ၅၀၀ခန့်တို့သည် ပေါင်တစ်သောင်းခွဲကျော် အလေးချိန်ရှိသည့် သစ်သီးအမျိုးပေါင်း ၁၅၉ကို အခွံနွှာ၊ ပါးပါးလှီး၊ တုံးတစ်၍ အချင်း ၁၅ပေရှိသော ရေကူးကန်အတွင်း ရောနှောပြီး အသုပ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသစ်သီးသုပ်တွင် ပန်းသီးပေါင် ၃၆၀၀ကျော်၊ ဖရဲသီးပေါင် ၂၅၀၀ကျော်၊ မက်မွန်သီး၊ ငှက်ပျောသီး၊ လိမေ္မာ်သီး၊ ဘယ်ရီသီး၊ ချဉ်စော်ကားသီး၊ စူကာသီး၊ ကြက်မောက်သီး စသည့် အရောင်အသွေး စုံလင်လတ်ဆက်သော သစ်သီးများစွာ ပါ၀င်သည်။

အဆိုပါ သစ်သီးသုပ်ပွဲတွင် အချက်အပြုတ် ကျွမ်းကျင် ပညာရှင်များလည်း ပါ၀င်အကူညီပေးခဲ့ပြီး ယင်းအသုတ်သည် ဂင်းနစ်ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့သည်။ မကြာသေးမီနှစ်ကလည်း မက်ဆာချူးဆက် တက္ကသိုလ်သည် ၄၀၁၀ပေါင်လေးသော ပင်လယ်စာ ဟင်းချက်ပြုတ်မှု ဂင်းနစ်မှတ်တမ်းတင်နုင်ခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *