Apps

Windows(32-bit, 64-bit)အတွက် MSE Update

Windows 32-bit, 64-bitနှစ်မျိုးလုံးမှာ အသုံးပြုနိုင်မယ့် MSE(Microsoft Security Essential)ဆိုတဲ့ Anti-Virusရဲ့ သြဂုတ် ၂၉ရက်နေ့ Updateကို တင်ပေးလိုက် ပါတယ်။ Microsoftမှ ထုတ်လုပ်တာ ဖြစ်ပြီးတော့ ဖိုင်အရွယ်အစား 77.1MBနဲ့ ဒီနေရာမှာ ရယူနိုင်ပါတယ်။ MSE Anti-Virusဟာ ခုချိန်မှာ လူတော်တော်များများ အသုံးပြုနေကြပြီး လွယ်ကူပေါ့ပါးကာ Freeရတဲ့ အတွက် အတော်လေး အဆင်ပြေတဲ့ Virusကာကွယ်ရေး Softwareတစ်ခုလို့ ဆိုနိုင်ပါတယ်။

MSEဟာ Virusတွေ၊ Spywareနဲ့ အခြားသော အန္တာရယ်ရှိတဲ့ ဆော့ဖ်၀ဲလ်တွေ ရန်ကနေကင်းေ၀းအောင် သင့်ကွန်ပျူတာကို Real-Time Protectionနဲ့ ကာကွယ်ပေးမှာ ဖြစ်ပြီး ပုံမှန်Update လုပ်ပေးရင်တော့ ကွန်ပျူတာကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ကာကွယ်ပြီးသား ဖြစ်စေမှာပါ။ MSEထည့်သွင်း ပြီးကွန်ပျူတာမှာ အစိမ်းရောင်သငေ်္ကတလေး ပြနေရင်တော့ PCဟာ အခြေအနေ ကောင်းမွန်စွာနဲ့ စိတ်ချလက်ချ သုံးလို့ရတဲ့ အနေအထား ဖြစ်ပါတယ်။ Backgroundမှာလည်း ထိရောက်မြန်ဆန်စွာနဲ့ Runပေးတာ ဖြစ်လို့ ကွန်ပျူတာကို နှေးကွေးလေးလံမှာလည်း ပူစရာမလိုတော့ပဲ ပေါ့ပေါ့ပါးပါး သုံးလို့ရမယ့် Anti-Virusဖြစ်လို့ မြန်မာအိုင်စီတီ ပရိသတ်ကြီးရဲ့ ကွန်ပျူတာထဲမှာ အခုပဲ Updateလုပ်လိုက် ကြပါတော့။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *