News, Review

အကြမ်းခံသော Designနှင့် Transcend Jet flash V70

Transcend Jet flash V70

Shwe Lamin Nagarမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ခေတ်မှီပြီး အကြမ်းခံသော Designကို ကြိုက်နှစ်သက်သော Customer များအတွက်Transcend Jet flash V70 နှင့် မိတ်ဆက်ပေးပါရစေ။ Jet flash V70  ဟာဆိုရင် သယ်ယူရလွယ်ကူပြီး အကြမ်းခံသော rubber အသားကို အသုံးပြုထားတဲ့အတွက် ခရီးသွားလာနေရသောသူများ၊ အပျော်တမ်း ဓါတ်ပုံပညာရှင်များ၊ စီးပွါးရေး လုပ်ငန်းရှင်များအတွက် ရည်ရွယ် ထုတ်လုပ်ထားသောကြောင့် အကြမ်းခံနိုင်ပြီးတော့ သင့်ရဲ့ဒေတာတွေ ပျက်စီးမှုကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ ဒီဇိုင်းပုံစံဖြင့် တီထွင်ထုတ်လုပ်ထားပါတယ်။ သူရဲ့ design ဟာဆိုရင် လွယ်ကူစွာ ဆုတ်ကိုင်နိုင်သော သေးသွယ်သော ပုံသဏ္ဍန် ပြုလုပ်ထားပါတယ်။

ရုတ်တရက် အပြင်းအထန် ရိုက်ခတ်ခြင်း၊ စိုစွတ်သော နေရာတွေမှာ ထားခြင်း၊ ရေစိုခြင်းတို့ကို ခံနိုင်ရည်ရှိပါတယ်။ သင့်ရဲ့data တွေကို transfer လုပ်နိုင်ရန်အတွက် USB 2.0 ကို ရရှိနိုင်သည့်အတွက် စိတ်ကျေနပ်မှုကို ရရှိစေမှာပါ။ Transcend ရဲ့ Elite recover softwareကို အသုံးပြုပြီး ပျောက်ဆုံးသွားသောPhoto, Video file ကို ပြန်လည်ရရှိနိူင်ပါတယ်။ Warrantyကိုလည် Lifetime ပေးထားတဲ့အတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိူင်ပါတယ်။ V70ကို စိတ်ဝင်စားပြီး ဝယ်ယူ အားပေးချင်တယ်ဆိုရင်တော့ 4GB ကို 7300 ကျပ်ဖြင့်လည်းကောင်း၊ 8GBကို 7900 ကျပ်ဖြင့်လည်းကောင်း၊ 16GBကို 11300 ကျပ်ဖြင့်လည်းကောင်း ရွှေလမင်းနဂါးကုမ္ပဏီမှ တရားဝင် ဖြန့်ချီနေပြီး မြန်မာနိုင်ငံ အမြို့မြို့ အနယ်နယ်ရှိ ကွန်ပျူတာဆိုင်ကြီးများနှင့် ဖုန်းဆိုင်များတွင် ရရှိနိုင်ပါသည်။ ဆက်သွယ်ရန် ၀၁- ၂၃၀၁၇၉၇၊ ၀၁-၂၃၀၁၇၉၈။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *