HDD, News, Review

Transcend External HDD

Transcend External HDD

Shwe Lamin Nagarမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ခေတ်မှီဆန်းသစ်လှပတဲ့ Desginလေးနဲ့ ပွဲထွက်လာတဲ့ Transcend External HDDလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Shock Proof Technologyနှင့် ပြုလုပ်ထားတဲ့အတွက် အမြင့်ပေ ၄ပေ (သို့) 122cm ခန့်မှ မတော်တဆ ပြုတ်ကျခဲ့လျင်တောင် ခံနိုင်ရည်ရှိလှတဲ့ External HDDလေးပါ။ USB 3.0နဲ့ ဆင်ယင်ထားတဲ့ External HDD ဖြစ်တဲ့အတွက် USB 2.0 ထက် ၁၀ဆသာတဲ့ Data Transfer ပြုလုပ်နိုင်ပါတယ်။ ထို့ပြင် နည်းပညာတစ်ခုအနေဖြင့်  ထို့External HDD လေးဟာ Window တိုင်းနှင့် အဆင်ပြေစေမဲ့အပြင် External HDD လေးရဲ့ အပေါ်ဘက်ထောင့်လေးမှာရှိတဲ့ One Touch Auto Back up button လေးကို တစ်ချက်နှိပ်ရုံဖြင့် သင့်ရဲ့ Data တွေကို လျင်မြန်စွာ Back upလုပ်ပေးနိုင်မှာပါ။ Triple Protection ဖြင့် ကာကွယ်ထားတဲ့အတွက် တုန်ခါမှုဆိုတာ ဘာမှမသိလောက်အောင် သုံးစွဲသူတွေအတွက် အဆင်ပြေနိုင်မဲ့ External HDD လေးပါ။ Quick Reconnect ဆိုသည့်အတိုင်း အချိန်နဲ့အမျှ အလုပ်လုပ်နေသူတွေအတွက် အချိန်ကုန်သက်သာစေမှာ အမှန်ပါ။ Fancy ဆန်ဆန် ခရမ်းရောင်လေးနဲ့ တန်ဆာဆင်ထားတဲ့အတွက် Desgin ဆန်းလေးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လှပဆန်းသစ်မှုရော အကြမ်းခံမှုပါ ပြည်စုံတဲ့ပစ္စည်းကိုမှ အသုံးပြုချင်တဲ့ Customerတွေအတွက် အဆင်ပြေနိုင်မဲ့ Transcend External HDD ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ 2 Years Warranty ကိုလဲပေးထားပြီး ၀ယ်ယူအသုံးပြုချင်တယ် ဆိုရင်တော့  Transcend External HDD (500GB -61000Kyats) နှင့် (1TB – 80000 Kyats) ဖြင့် ရွှေလမင်းနဂါးမှ တင်သွင်းရောင်းချပေးလျက်ရှိပြီး မြန်မာတစ်ပြည်လုံးရှိ အမြို့မြို့အနယ်နယ်မှ ဆိုင်များမှ ၀ယ်ယူရရှိနိုင်ပြီး စုံးစမ်းမေးမြန်းလိုပါက Ph: 221683, 217233, 2800088 သို့ ဆက်သွယ် မေးမြန်းနိုင်ပါပြီ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *