Toshiba ရဲ့ ပထမဆုံး Chromebook ကို အမေရိကန်နဲ့ ဗြိတိန်တွင် ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။ အဆိုပါ Chromebook ကို ဇန်နဝါရီလမှာ အမေရိကန်ပြည်ထောင်စု Las Vegas မှာ ပြုလုပ်ခဲ့တဲ့ CES ပွဲမှာ ပြသခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာ ရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အခုတော့ ကြေညာထားတဲ့ရက်ထက် ရက်အနည်းငယ်စောပြီး ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။
Toshiba က Haswell Processor တပ်ဆင်ထားပြီး Chrome OS အသုံးပြုထားတဲ့ လက်တော့ကို အမေရိကန်၀က်ဆိုက်မှာ ဒေါ်လာ (၂၉၉.၉၉) သတ်မှတ်ထားပါတယ်။ အရင်ကြေညာထားတဲ့ဈေးထက် ဒေါ်လာနှစ်ဆယ် များပြားနေပါတယ်။
ဒါပေမယ့် အခြားအရောင်းဆိုင်တွေဖြစ်တဲ့ Adorama, Amazon တို့မှာ ဒေါ်လာ (၂၈၀) သတ်မှတ်ထားပါတယ်။ ဗြိတိန် Amazon မှာတော့ ဒေါ်လာ (၂၄၉) သတ်မှတ်ထားပြီး ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
Toshiba ရဲ့ ပထမဆုံးဖြစ်တဲ့ Chromebook မှာ ၁၃.၃ လက်မ 1366×768 Display, HD Webcam, Stereo Speakers, Full-Size Keyboard, HDMI Socket, 16GB SSD, 100GB Google Drive, 2GB RAM တပ်ဆင်ထားပါတယ်။ ကိုးနာရီကြာ အသုံးခံတဲ့ ဘက်ထရီ နဲ့ USB 3.0 Port တွေပါရှိပါတယ်။ SD Card အသုံးပြုနိုင်ပါတယ်။ WiFi, Bluetooth 4.0 တို့ အသုံးပြုနိုင်ပါတယ်။