Mobile

Google Chromebook Pixel

chromebook-pixel

နာမည်ကြီး Google ကုမ္ပဏီဟာ သန်းပေါင်းများစွာသော အင်တာနက် အသုံးပြုသူတို့ကို အကောင်းဆုံး အွန်လိုင်း ဝန်ဆောင်မှု ပေးနေတဲ့ အင်တာနက် Search Engine တစ်ခုပါ။ Google ကုမ္ပဏီကို လွန်ခဲ့တဲ့ ၁၉၉၈ခုနှစ်လောက်က Stanford Universityမှာ တက်ရောက် ပညာသင်ယူခဲ့တဲ့ တက္ကသိုလ် ကျောင်းသားနှစ်ဦးဖြစ်တဲ့ Larry Pageနှင့် Sergey Brinဆိုသူ နှစ်ဦးက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာ စတင် တည်ထောင်ခဲ့ပါတယ်။

အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားတဲ့ Googleဟာ အင်တာနက် Search ဝန်ဆောင်မှု ပေးနေသလို ၄င်းတို့၏ အဓိက ထုတ်ကုန်ဖြစ်တဲ့ Cloud Computingနှင့် Computer Softwareတွေကို အကောင်းဆုံး အနေအထားနှင့် ထုတ်လုပ် ထားပါတယ်။ ယခုတစ်ဖန် Googleဟာ ကွန်ပျူတာ Laptop ဈေးကွက်ထဲကို ၄င်းတို့ ကိုယ်ပိုင်တီထွင် ဆန်းသစ် ထုတ်လုပ်ထားတဲ့ Google Chromebook Pixel Laptopဖြင့် ဝင်ရောက် လာခဲ့ပါတယ်။ ကိုယ်ပိုင် Browser, ကိုယ်ပိုင် Operating Systemနှင့် ဖန်တီးတည် ဆောက်ထားတဲ့ Chromebook Pixelဟာ Hardwareပိုင်း ဆိုင်ရာမှာလည်း အဆင့်မြင့် နည်းပညာများနှင့် ပေါင်းစပ် တီထွင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ Tablet နည်းပညာကို Chromebook Pixel Laptopမှာ ပေါင်းစပ် တီထွင် ထည့်သွင်းပေးထားပြီး Display မျက်နှာပြင်က လက်ချောင်းလေးများဖြင့် ထိတွေ့လို့ရတဲ့ Touch Screen အမျိုးအစားပါ။ ဒီတစ်ပတ် အိုင်စီတီ ပရိသတ်တွေအတွက် Google ကုမ္ပဏီမှ အဆင့်မြင့် နည်းပညာများဖြင့် ဆန်းသစ် တီထွင် ထုတ်လုပ်ထားတဲ့ Chromebook Pixel Laptopနှင့် မိတ်ဆက် ပေးလိုက်ရပါတယ်။

Hardware & OS
Intel Core i5 Processor (Dual Core 1.8GHz)ကို တပ်ဆင် ပေးထားတဲ့အတွက် စက်အတွင်းပိုင်း လုပ်ဆောင်ချက်တွေကို လျင်မြန် တိကျစွာ စွမ်းဆောင် ပေးနိုင်ပါတယ်။ Memory အမျိုးအစားကတော့ 4GB DDR3 ဖြစ်ပါတယ်။ ဖန်သားပြင်ပေါ်က ပုံရိပ်တွေကို HD ရုပ်ထွက် အရည်အသွေးအဖြစ် အဓိက ပုံဖော်ပေးမယ့် Graphicsပိုင်းဆိုင်ရာကိုတော့ Intel HD Graphics 4000က တာ၀န်ယူ လုပ်ဆောင် ပေးပါလိမ့်မယ်။ အချက်အလက်တွေကို လျင်မြန်စွာ ရွှေ့ပြောင်းပေးမယ့် Solid State Driveကို တပ်ဆင် ပေးထားပြီး 32GB ပမာဏ ရှိပါတယ်။ Chromebook Pixelရဲ့ ကိုယ်ထည်ပိုင်းကို Anodized Aluminumနှင့် ဖွဲ့စည်း တည်ဆောက် ပေးထားပါတယ်။ အလေးချိန် ၃.၃ပေါင်သာ ရှိပြီး အမြင့် ၀.၆၄လက်မ၊ အလျား ၁၁.၇လက်မ၊ အကျယ် ၈.၈၄လက်မ အရွယ်အစား ရှိပါတယ်။ Googleက ကိုယ်ပိုင် ဖန်တီး တီထွင်ပြီး ဒီဇိုင်းပုံစံ ထုတ်ထားတဲ့ Chrome OSကို ထည့်သွင်းပေးထားပြီး Web Applicationsများကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါတယ်။ Chromebook Pixelမှာ တပ်ဆင်ထားတဲ့ Backlit Keyboardနှင့် Glass Touchpadက သင့်ရဲ့ လုပ်ဆောင်ချက်တွေကို လျင်မြန်တိကျစွာ စွမ်းဆောင် ပေးနိုင်ပါလိမ့်မယ်။ Google Chromeရဲ့ အမှတ်အသား ဖြစ်တဲ့ စိမ်းဝါနီပြာ အရောင် လေးရောင်ကို Laptopရဲ့ အပေါ်ပိုင်း ထိပ်ဆုံးနားမှာ Lightbar ဒီဇိုင်းပုံစံလေး ဖန်တီး ပေးထားတဲ့အတွက် အမြင်တစ်မျိုး ဆန်းသစ်နေပြီး စွဲမက်ဖွယ် ကောင်းနေပါတယ်။

Connectivity
Wireless အင်တာနက် ချိတ်ဆက်ဖို့အတွက် Dual-Band Wi-Fi 802.11 a/b/g/n ပါ၀င်ပြီး Bluetooth 3.0, USB 2.0 x2, Mini-Display Port, Webcam, SD/MMC Card Reader အစရှိတာတွေ ပါဝင်ပါတယ်။ Chromebook Pixelရဲ့ ထူးခြားချက်ကတော့ 4G LTE Modem (built-in) ထည့်သွင်း ပေးထားတာကို ရွေးချယ် ဝယ်ယူခွင့် ပေးထားတာပဲ ဖြစ်ပါတယ်။

Display
ပုံရိပ်ပေါ် မျက်နှာပြင် အရွယ်အစားက ၁၂.၈၅လက်မ ရှိတဲ့ High Resolution Displayကို အသုံးပြု ပေးထားတဲ့အတွက်ကြောင့် ရုပ်ထွက် အရည်အသွေးကို ကောင်းမွန်စွာ ခံစား ကြည့်ရှုနိုင်မှာပါ။ Display Resolution ကတော့ 2560×1700 Pixels အထိ ရရှိတဲ့အတွက်ကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို အသေးစိတ် ဖော်ပြပေးနိုင်ပါတယ်။ တစ်လက်မမှာ ထောက်ပံ့ပေးထားတဲ့ Pixel ပမာဏက 239ppi ရရှိတဲ့အတွက် သာမန် Laptop တစ်လုံးမှာ 118ppiသာ ရှိတဲ့အတွက် Chromebook Pixel Laptopရဲ့ Pixel အရည်အသွေးက သာလွန် ကောာင်းမွန်နေတာ တွေ့ရပါတယ်။ ထိခိုက် ပွန်းပဲ့ဒဏ်ကို ကာကွယ်ပေးထားတဲ့ Gorilla Glass Multi-Touch Screenကို တပ်ဆင် ပေးထားတဲ့ အတွက် လက်ချောင်းလေးများနှင့် Screenကို ထိတွေ့လိုက်တာနဲ့ ချောမွေ့တဲ့ တုံ့ပြန်မှုကို တစ်ခဏအတွင်း ရရှိမှာပါ။

Battery & Price
ဘက်ထရီ အမျိုးအစားကတော့ 59 Wh Battery အမျိုးအစားဖြစ်ပြီး အချိန် ၅နာရီကြာ အသုံးခံနိုင်ပါတယ်။ လာမည့် ဧပြီလတွင် ဈေးကွက်အတွင်း ဝင်ရောက် လာမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ 32GB(Wi-Fi)ကို USD 1,299 သတ်မှတ်ထားပြီး 64GB(LTE)ကိုတော့ USD 1,499 သတ်မှတ်ပေးထားတာ တွေ့ရပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *