Mobile

Tablet လား? Laptop လား? ဘယ်အရာ က သင့် အလုပ်အတွက် သင့်တော်မလဲ?

iPad Air , Samsung Galaxy Note 10.1 တို့လို Tablet တွေဟာ ဈေးသက်သာတဲ့ Laptop တွေရဲ့ ဈေးနဲ့ တန်းတူအနေအထားမှာရောင်းချနေကြပါတယ်။ ဈေးနှုန်း ချင်းတူနေတဲ့အတွက် သင့်ရဲ့ အလုပ်အတွက် Tablet ကို ၀ယ်ရမလား ၊ Laptop ကို၀ယ်ရမလားဆိုတာ နှိုင်းယှဉ် ရွေးချယ်စရာဖြစ်လာပါတယ်။

Tablet နဲ့ ဈေးသက်သာတဲ့ Laptop ကို နှိုင်းယှဉ် အသုံးပြုကြည့်တဲ့ အခါမှာ ဘယ်အရာက အလုပ်လုပ်တဲ့ သူအတွက် သင့်တော်စေလဲဆိုတာ အောက်မှာဆက်ဖတ်ပါ။

Email

2

အလုပ်လုပ်တဲ့သူတွေအတွက်တော့ အီးမေး ဟာ နေ့စဉ်နေ့တိုင်း မသုံးမဖြစ်အသုံးပြုနေကြရပါတယ်။ အီးမေးကို အသုံးပြုရတာ Tablet နဲ့ Laptop မှာ ကွာခြားချက်တွေရှိပါတယ်။ Windows PC မှာ ဆိုရင် Features တွေစုံလင်ပြီးကောင်းမွန်တဲ့ Thunderbird , Outlook စတဲ့ Email Client တို့ကိုသုံးနိုင်ပါတယ်။ Web-based Client ဖြစ်တဲ့ Gmail ကတော့ ထည့်ပြောစရာမလိုလောက်အောင် ကောင်းမွန်ပါတယ်။ Android , iOS Tablet တွေမှာ Email App တွေရှိပေမယ့် Features တွေကတော့ ကျေနပ်အားရစရာမကောင်းပါဘူး။

Tablet တွေအသုံးပြုရင် Email Notification တွေကို အလွယ်တကူသိနိုင်တဲ့ Push Notification System က အီးမေး ၀င်လာတိုင်း အချက်ပေးနေမှာပါ။ Laptop တွေမှာတော့ Email Client ကိုဖွင့်ရတာတွေ၊ Gmail ကိုဖွင့်ရတာ တွေ ပြုလုပ်မှသာ Email Notification ကိုသိနိုင်ပါတယ်။

Laptop ကို အသုံးပြုရတဲ့ အားသာချက်က Gmail မှာ Features တွေကို ထပ်မံဖြည့်ပေးနိုင်တဲ့ Firefox , Chrome Extension တွေကို အသုံးပြုနိုင်တာဖြစ်ပါတယ်။

အနိုင်ရသူ : သရေ

Writing (Typing)

ပုံမှန်အားဖြင့်တော့ Tablet တွေမှာ Software Keyboard ပဲပါရှိပြီး Laptop တွေမှာ Hardware Keyboard ပါရှိပါတယ်။ အဲဒီအတွက် ဒီ ယှဉ်ပြိုင်မှု မှာ Laptop က အနိုင်ရတယ်ဆိုတာ ပြောဖို့တောင်မလိုပါဘူး။ဒါပေမယ့် ASUS Transformer , HP SlateBook x2 တို့လို Tablet တွေမှာ Hardware Keyboard တွေပါ ပါရှိကြပါတယ်။

စာရိုက်စမ်းသပ်ဖို့အတွက် Google Docs ကို Tablet , Laptop နှစ်မျိုးစလုံးမှာ အသုံးပြုကြည့်တဲ့အခါမှာလည်း နှစ်ခုစလုံးမှာ အဆင်ပြေပြေအသုံးပြုနိုင်တာတွေ့ရပါတယ်။ ဆောင်းပါး တစ်ပုဒ်လုံးကိုတောင် Tablet ကနေကောင်းမွန်စွာရေးနိုင်ပါတယ်။

အနိုင်ရသူ : Tablet ကို Hardware Keyboard တွေနဲ့ အသုံးပြုမယ်ဆိုရင်တော့ သရေ သတ်မှတ်ပါတယ်။ မဟုတ်ရင်တော့ Laptop က အနိုင်ရရှိပါတယ်။

လုပ်အတွက် အသုံး၀င်တဲ့ Office Suite

3

အလုပ်လုပ်သူတွေမဖြစ်မနေအသုံးပြုရတဲ့ Microsoft Office က ဒီ အပိုင်းကိုနှိုင်းယှဉ် တဲ့ အခါမှာ အဓိက ဆုံးဖြတ်တဲ့အရာဖြစ်လာပါတယ်။ တစ်ခြား Office Suite တွေရှိပေမယ့်လည်း Microsoft Office ကို မယှဉ်နိုင်ကြပါဘူး။ Android , iOS တို့ရဲ့ Office Suite တွေကလည်း Desktop Version ဖြစ်တဲ့ Microsoft Office ကို လုံး၀မယှဉ်နိုင်ပါဘူး။

Microsoft Office ဟာ Features တွေစုံလင်လှပြီး ဖိုင်အမျိုးအစားပေါင်းများစွာ နဲ့ အလုပ်လုပ်နိုင်ပါတယ်။ ဒီအချက်ကြောင့် Tablet ထက် Laptop ကို ၀ယ်ယူသင့်ပါတယ်။

အနိုင်ရသူ : Laptop

Image Editing

Adobe Photoshop ကို Laptop မှာရော Tablet မှာပါဖွင့်ကြည့်ရင် အဖြေကိုသင်ခွဲခြားသိနိုင်ပါပြီ။ Photoshop ရဲ့ Tablet Version မှာ အသုံးပြုနိုင်တဲ့ Tools တွေဟာ အလွန်နည်းပါးတာကိုတွေ့နိုင်ပါတယ်။ Tablet ရဲ့ Image Editing Apps တွေဖြစ်တဲ့ Aviary, Photoshop Touch, Snapseed စတာတွေဟာ Photoshop ရဲ့ Desktop Version ကိုလုံး၀မယှဉ်နိုင်ပါဘူး။

Tablet App တွေဟာ အခြေခံ ပုံပြင်တဲ့ အလုပ်တွေဖြစ်တဲ့ Crop လုပ်တာတွေ၊ Effects တွေထည့်တာတွေလောက်ပဲပြုလုပ်နိုင်ပြီး လက်၀င်တဲ့ ပုံပြင်တဲ့ အလုပ်တွေကို မလုပ်ပေးနိုင်ပါဘူး။

အနိုင်ရသူ : Laptop

Portability

4
ဈေးသက်သာတဲ့ Laptop တွေရဲ့ ဈေးဟာ ဒေါ်လာ ၅၀၀ ၊ ၆၀၀ ၀န်းကျင်လောက်တန်ကြေးရှိပေမယ့် ပါးလွှာပြီး ပေါ့ပါးတဲ့ Laptop တွေကိုတော့ ဒီဈေးနဲ့ မရနိုင်ပါဘူး။ပေါ့ပါးသယ်ရလွယ်တဲ့ Netbook တွေကို၀ယ်မယ်ဆိုရင် လည်း သင့်အလုပ်အတွက် အဆင်မပြေနိုင်ပါဘူး။ ပုံမှန်အားဖြင့်တော့ ဈေးသက်သာတဲ့ Laptop တွေဟာ လေးလံပြီး သယ်ဆောင်ရတာအဆင်မပြေတဲ့အတွက် နေရာ တကာကို ယူဆောင်အသုံးပြုလို့မရပါဘူး။

Tablet တွေကတော့ ပေါ့ပါးသေးငယ်ပြီးနေရာတကာယူဆောင်အသုံးပြုနိုင်တာအားလုံးအသိဖြစ်ပါတယ်။

အနိုင်ရသူ : Tablet

Battery အသုံးခံမှု

ဈေးသက်သာတဲ့ Laptop တွေမှာ Battery ကောင်းကောင်းမပါရှိကြပါဘူး။ ပျမ်းမျှ အားဖြင့် လေးနာရီ၊ ၅.၅ နာရီလောက်ပဲအသုံးခံကြပါတယ်။
iPad Air လိုစွမ်းဆောင်ရည်မြင့်မားတဲ့ Tablets တွေရဲ့ ဘက်ထရီ ဟာ ဆယ်နာရီ ကြာ အသုံးခံပါတယ်။ အရင် iPad တွေကလည်း ဒီလောက်စွမ်းဆောင်နိုင်ကြပါတယ်။ HP SlateBook x2 လို Tablet တွေဆိုရင် ၁၄ နာရီ ကနေ ၁၆ နာရီ အထိအသုံးခံကြပါတယ်။

အနိုင်ရသူ : Tablet

Professional Apps

ဒီအပိုင်းမှာတော့ နှိုင်းယှဉ်စရာမလိုပါဘူး။ Video, Image တွေကို Edit လုပ်တာတွေ၊ ၀က်ဆိုက် ဒီဇိုင်းလုပ်တာတွေ၊ Code တွေရေးတာတွေ စတဲ့ အလုပ်တွေ ကို Professional လုပ်မယ်ဆိုရင် Tablets တွေက မလုပ်ပေးနိုင်ပါဘူး။

အနိုင်ရသူ : Laptop

အနှစ်ချုပ်
အပေါ်မှာ နှိုင်းယှဉ်ပြထားတဲ့ ကဏ္ဍတွေအရ Laptop က Tablet ကို ၅-၄ နဲ့ အနိုင်ရရှိနေပါတယ်။ အပေါ်ကသုံးသပ်ချက်တွေကို အခြေခံပြီး သင့်ရဲ့ အလုပ်ပေါ်မူတည်ပြီး ပြန်လည် နှိုင်းယှဉ် သုံးသပ်ဖို့ အရေးကြီးပါတယ်။ သယ်ဆောင်ရလွယ်ကူပြီး တစ်နေ့လုံးအသုံးခံတဲ့ Device ကိုလိုချင်ရင်တော့ Tablet ကသင့်တော်ပါတယ်။ ကျန်တဲ့ အလုပ်ကိစ္စတွေအတွက်ဆိုရင်တော့ Laptop ကပိုအသုံး၀င်တာတွေ့ရမှာပါ။

မြန်မာအိုင်စီတီ ပရိတ်သတ်ကြီးလည်း Laptop ၀ယ်မလား ၊ Tablet ၀ယ်မလား ဆိုတာ ကွန်းမန့်ရေးပေးခဲ့ပါအုံး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “Tablet လား? Laptop လား? ဘယ်အရာ က သင့် အလုပ်အတွက် သင့်တော်မလဲ?

  1. Kevin Yang says:

    Tablet is a device between mobile phone and laptop .Apple is planing to upgrade their iWork and iLife suit with more feature and it free now.If u buy a laptop and install official Microsoft work and official window the total price will not that cheap.

Leave a Reply

Your email address will not be published. Required fields are marked *