Mobile

Sony VAIO

sony-vaio

Processorကို Intel Core i7ကို အသုံးပြုထားပြီး အမြန်နှုန်းက 2.10 GHzရှိမှာ ဖြစ်တဲ့အပြင် RAMက 8 GBထိအောင် ရှိမှာ ဖြစ်လို့ Appတွေကို အမြန်ဆုံး Process လုပ်ပေးနိုင်မှာပါ။ Graphicsအတွက် Intel HD Graphics 4000ကို သုံးစွဲထားတာကြောင့် Gamming အကြီးစားတွေကိုတောင် ဆော့ကစားနိုင်မှာပါ။ Battery အမျိုးအစားက 1 Lithium ion Battery အမျိုးအစားဖြစ်ပြီး Lifeက ၅ နာရီ ၃၀ မိနစ်ကြာအောင် သုံးစွဲနိုင်မှာ ဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။ CDနဲ့ DVDတွေကို Play and Burnလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
Screenက ၁၅.၅ လက်မ ရှိမှာ ဖြစ်သလို Resolutionက 1366×768 Pixelsရှိမှာဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် Wireless အမျိုးအစားက 802.11 b/g/n ဖြစ်တာကြောင့် Wi-Fiနဲ့ အခြား Wireless စနစ်တွေ အသုံးချနိုင်မှာပါ။ Port အဖြစ် USB 2.0 Port သုံးခုနဲ့ USB 3.0 Port တစ်ခုတို့ ပါ၀င်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် USB 3.0ပါ၀င် သုံးစွဲနိုင်တာက အားသာချက်တစ်ခုပါ။ အလေးချိန်က ၆ ပေါင် ရှိမှာ ဖြစ်ပြီး မျက်နှာပြင် အကျယ် ၁၄.၆၅ လက်မ၊ အမြင့် ၉.၉၉ လက်မနဲ့ အထူ ၁.၃၂ လက်မ ရှိမှာပါ။ အရောက်ကိုတော့ Aluminium Silver တစ်မျိုးတည်း ထုတ်လုပ်ထားပြီး ဈေးနှုန်းက ဒေါ်လာ ၁၀၀၀ဖြစ်ကာ ၀၁-၃၇၇ ၂၅၉မှာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *