Review

Wireless Outdoor Devices နဲ့ Wi-Fi ဘယ်လိုလွှင့်ကြမလဲ (အပိုင်း 1)

ကျွန်တော် Wireless Outdoor Devices နဲ့ Wi-Fi ဘယ်လိုလွှင့်ကြမလဲ ဆိုတာသိသလောက် ရှင်းပြချင်ပါတယ်။ Wireless Outdoor Device တစ်ခုမှာ ပါတဲ့ Antenna ကို ဖြုတ်လို့၊ တပ်လို့ရရင် Detachable Antenna လို့ခေါ်ပါတယ်။ ဘာကြောင့် ဖြုတ်လို့ တပ်လို့ရအောင် လုပ်ထားတာလည်းဆိုရင် ကိုယ်က Singal ကို ပိုဝေးဝေးရောက်အောင် လုပ်ချင်တဲ့ အချိန်ကျရင် dbi မြင့်တဲ့ External Antenna တစ်ခုနဲ့ ပြောင်းတပ်ပေးနိုင်အောင်လို့ပါ။

Antenna Type

Antenna Type နှစ်မျိုးကို အဓိက တွေ့ရတတ်တယ်။ Omni နဲ့ Directional ပါ။

omi-or-dir

Omni ကို Omni-Directional Antenna or Dipole လို့လည်းခေါ်ကြတယ်။ Omni Antenna တိုင်ရဲ့ အရပ်မျက်နှာ အားလုံး Signal ကို လွှင့်ပေးတယ်။

Directional Antenna မှာ Semi နဲ့ Highly ဆိုပြီး နှစ်မျိုးရှိသေးတယ်။ Highly ကပို ဝေးဝေးရောက်တယ်။ Highly Directional Antenna တွေအမျိုးအစားထဲက Grid အမျိုးအစားကိုတော့ ရန်ကုန်ထဲမှာ တွေ့ရတက်ပါတယ်။ စကာပေါက် စလောင်းပုံစံနဲ့ ပါ။ တခါတလေ တွေ့ဖူးကြမယ်ထင်ပါတယ်။

gird

ကျွန်တော်တို့ တွေ့နေကျ Wimax Outdoor Unit တို့၊ TP Link Outdoor Unit၊ Broadband WLL Unit တို့က Directional Antenna အမျိုးအစားတွေ။ သူတို့က သူတို့မျက်နှာမူရာဘက်ကိုဘဲ Signal ကို လွှင့်တယ်။ ကျွန်တော်အရင်တုန်းက SMC Outdoor Unit တစ်ခုကို စသုံးရတော့ Unit ရဲ့ Specification မှာ Antenna က 12 dbi ပါတယ်ဆိုတာရေးထားတယ်။ ကျွန်တော်က Antenna ဆိုတာ အတိုင်ချောင်း ဘဲရှိတယ်ဆိုတာ သိသေးတဲ့ အချိန်ဆိုတော့ Antenna တိုင် ကို လိုက်ရှာတာပေါ့။ ဘယ်မှာလဲ 12 dbi Antenna ဆိုတာ။ သူတို့ဘဲ ကျန်ခဲ့တာလားပေါ့။ နောက်ကျမှ 12 dbi Antenna ဆိုတာ Outdoor Unit ကိုယ်တိုင်ကို ပြောတာဆိုတာ သိသွားတာ။ Technically အရပြောရင်တော့ TP Link Outdoor Unit တို့၊ Wimax တို့က Patch Antenna Type ,Semi Directional Antenna အမျိုးအစားတွေပါ။

ကျွန်တော်တို့ ၀ယ်လို့ရတဲ့ Outdoor Unit တွေက သူတို့ကိုယ်တိုင်က Antenna ဖြစ်နေပါတယ်။ Directional အမျိုးအစားတွေပါ။ Unit မျက်နှာမူရာ တဘက်တည်းကိုဘဲ Signal လွှတ်ပါတယ်။ ဘေးပတ်လည်ချာကို Signal လွှတ်ချင်ရင် Outdoor Unit မှာ External Omni Antenna တပ်ပေးရပါတယ်။ ထို External Antenna တပ်ဖို့ Outdoor Unit မှာ Connector ပါလာပါတယ်။ ထို Connector မှာ Omni Antenna တိုင်ကို တပ်ပြီး ဘေးပတ်လည် Signal လွှတ်ဖို့ လုပ်နိုင်ပါတယ်။ အဲ့ဒီလို External Antenna တစ်ခုခုကို တပ်လိုက်ရင် built-in ပါတဲ့ Directional Antenna က အလိုလို အလုပ်မလုပ်တော့ပါဘူး။ Outdoor External Antenna တွေရဲ့ Connector ခေါင်းအမျိုးအစားက N Type Connector ကို သုံးတာများပါတယ်။ ခေါင်းအကြီးကြီးနဲ့ပေါ့။ Indoor Wireless Device မှာပါတဲ့ Antenna ဖြုတ်၊ တပ်လို့ရတဲ့ ခေါင်းကိုတော့ SMA Connector လို့ခေါ်ပါတယ်။ TP Link မှာ External Antenna တပ်ဖို့ပေးထားတဲ့ ခေါင်းကလည်း SMA connector ဖြစ်ပါတယ်။ ခေါင်းအသေးပေါ့။ အချုပ်ပြောရရင် Wireless Device (Antenna ဖြစ်ဖြစ်၊ Unit ရဲ့ Connector ဖြစ်ဖြစ်) ခေါင်းအမျိုးအစားက နှစ်မျိုးရှိတာပေါ့။ SMA Connector နဲ့ N Type Connector ဆိုပြီး။

tplink

အခု အသုံးများလာကြတဲ့ TP Link ကို နမူနာထားပြီး ရှင်းပြချင်ပါတယ်။ ကိုယ်က မိမိရဲ့ ဘေးပတ်လည်ချာကို Internet Connection ပြန်ဖြန့်ချင်တယ်ဆိုပါတော့။ TP Link Outdoor Unit ကိုသုံးပြီး ဖြန့်နိုင်ပါတယ်။ ဒါပေမယ့် သူက Directional Antenna အမျိုးအစားဖြစ်တဲ့အတွက် Outdoor Unit မျက်နှာမူရာ တဘက်တည်းမှာရှိတဲ့ အိမ်တွေကဘဲ Internet Connection ကို ပြန်ဖမ်းနိုင်မှာ ဖြစ်ပါတယ်။ မိမိအိမ်ရဲ့ ဘေးပတ်လည်လုံးမှာရှိတဲ့ အိမ်တိုင်းက Signal ကိုဖမ်းချင်တယ်ဆိုရင်တော့ Built-in ပါတဲ့ Directional Antenna ကို မသုံးတော့ဘဲ External Omni Antenna တပ်သုံးရင် အဆင်ပြေပါတယ်။ Omni Antenna ကို ၀ယ်ရင် dbi ပြောပြီး ၀ယ်ရပါတယ်။ dbi များရင် Antenna က ပိုကြီးပြီး Signal ပိုဝေးဝေးရောက်ပါတယ်။ 12 dbi ထက် 15 dbi Antenna က ပိုကြီးပြီး Signal ကို ပိုဝေးဝေးလွှင့်နိုင်ပါတယ်။

ကျွန်တော်တို့ External Omni Antenna ကို တပ်မယ်ဆိုရင် External Omni Antenna က N Type Connector ကိုသုံးတယ်။ Outdoor Unit မှာ ပါတဲ့ External Antenna တပ်ဖို့ ပေးထားတဲ့ Connector Type က SMA Type ဖြစ်နေပါတယ်။ ဒါကြောင့် N Type to SMA ပြောင်းပေးတဲ့ ကြိုးတကြိုးလိုပါတယ်။ ကြိုးရဲ့ ခေါင်းတဘက်က External Antenna ခေါင်းကို တပ်နိုင်ဖို့ N Type Connector ဖြစ်ရမှာ ဖြစ်ပြီး နောက်တဘက် ခေါင်းကတော့ Outdoor Unit ရဲ့ Connector မှာ တပ်နိုင်ဖို့ SMA Type Connector ဖြစ်ရမှာ ဖြစ်ပါတယ်။

ထို ကြိုးကို Patch Cord Cable (ဒါမှမဟုတ်) Pigtail လို့လည်းခေါ်ကြပါတယ်။ Coaxial Cable အမျိုးအစားပါ။ RF Cable လို့လည်းပြောကြပါတယ်။ အဲ့ဒီ Cable နဲ့ချိတ်ရင် ကြိုးက တိုရင် ပိုကောင်းတယ်။ ရှည်ရင် Signal Loss က ထို ကြိုးမှာ ဖြစ်သွားပြီး Signal က ဝေးဝေး မရောက်နိုင်တော့ပါဘူး။ ကျွန်တော်အထက်မှာ ပြောခဲ့သလို Omni Antenna မသုံးချင်ဘဲ Built-in  ပါလာတဲ့ Directional Antenna နဲ့ပဲ Signal ပို့ချင်တယ်။ ဘေးပတ်လည် ရချင်တယ် ဆိုရင် Outdoor Unit ကို 4 လုံးလောက်ကို မတူညီတဲ့ လေးမျက်နှာမှာ ထားထားမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။dir

 

Wireless Outdoor Devices နဲ့ Wi-Fi ဘယ်လိုလွှင့်ကြမလဲ (အပိုင်း 2) သို့ ဆက်ရန်

author-avatar

About Kyaw San Tun

ကျော်ဆန်းထွန်းမှာ Myanmar ICTတွင် နည်းပညာဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

11 thoughts on “Wireless Outdoor Devices နဲ့ Wi-Fi ဘယ်လိုလွှင့်ကြမလဲ (အပိုင်း 1)

  1. Salai says:

    တစ်ခုလောက်မေးချင်လို့ပါ
    အင်တာနက်ဆိုင်တွေမှာ Wireless လိုင်းကို လွင့်ထားပြီး
    Username နဲ့ Password နဲ့ ပြန်ဝင်သုံးရတဲ့ ဟာက
    Wireless Device မှာ တစ်ခါတည်းပါလာတာလား
    ဒါမှမဟုတ် ဆော့ဝဲ သုံးပြီး လုပ်တာလားဆိုတာကို ရှင်းပြစေချင်ပါတယ် ။

  2. Kyaw San Tun says:

    အခု Internet Cafe တွေမှာ သုံးနေကြတာကတော့ ဆော့ဝဲနဲ့ သုံးကြတာပါ။ Linux OS နဲ့ Sever ထိုင်ပြီး Browser မှာ User Name, Password မှန်မှ Internet အသုံးပြုလို့ ရအောင် လုပ်ထားတာပါ။ တကယ်လို့ Linux OS အသုံးမပြုတတ်ဘူး ဆိုရင် Windows OS မှာ မှာသုံးလို့ရတဲ့ Software တွေရှိပါတယ်။ Example..Antemedia Wifi Hotsport Software တို့၊ kerio Software တို့ပါ။ Wireless Devices တစ်ချို့မှာ အဲဒီ Function ပါပါတယ်။ openmesh device တို့ ဘာတို့ပေါ့၊ ကျေးဇူးတင်ပါတယ်။

  3. Salai says:

    ဟုတ်အစ်ကို ကျေးဇူးတင်ပါတယ်.
    Kyaw San Tun

  4. Hein Min Htun says:

    အခု အသစ်ထွက်တဲ့ Unifi မှာအကုန်ပါပါတယ် တော်တော်လေးသုံးလို့ကောင်းပါတယ်

    http://www.ubnt.com/unifi

  5. Htet Aung says:

    အပိုင်း ၂ က ဘယ်ချိန်တင်မှာလဲ

    1. Myanmar ICT says:

      အပိုင်း ၂ ပါခင်ဗျာ /reviews/how-ti-use-wireless-outdoor-devices-part-2/

    2. Htet Aung says:

      ကျေးဇူးအများကြီးတင်ပါတယ်

    3. Htet Aung says:

      နောက်လိုအပ်တာလေးတွေရှိရင်လဲပြောဦးမယ်နော် အကူညီပေးပါဦး

    4. Myanmar ICT says:

      ကျွန်တော်သိသမျှ ပြောပြပေးပါ့မယ်

  6. Htet Aung says:

    စောင့်နေရတာကြာလှပီ ဆန့်တ ငင်ငင် ဖြစ်နေတယ်

Leave a Reply

Your email address will not be published. Required fields are marked *