Mobile

Acer Iconia Tab B1 – A71

acer-tablets

Iconia Tab B1-A71က GSMစနစ်နဲ့ SMS, MMSစနစ်တွေကို သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။ SIM အတွက် နေရာထည့်သွင်း တည်ဆောက်ထားခြင်း မရှိပါဘူး။ အရွယ်အစားက အမြင့် ၇.၇၇ လက်မ၊ အကျယ် ၅.၀၆ လက်မနဲ့ အထူက ၀.၄၄ လက်မ ရှိမှာ ဖြစ်ပါတယ်။ အလေးချိန် စုစုပေါင်း ၃၂၀ ဂရမ်ဖြစ်ပါတယ်။ Display စနစ်မှာ TFT အမျိုးအစားကို သုံးစွဲထားပြီး Touch Screenဖြစ်ကာ အရောင်ပေါင်း ၂၅၆၀၀၀ကို ပြသပေးနိုင်မှာ ဖြစ်ပါတယ်။ Display လုပ်ပေးနိုင်မယ့် အကျယ်အ၀န်းက ၇ လက်မ အပြည့်ဖြစ်ပြီး 600×1024 Pixel ရှိပါလိမ့်မယ်။ Soundအတွက် Loudspeaker သုံးစွဲနိုင်မှာ ဖြစ်သလို 3.5 mm Jackလည်း ပါ၀င်ပါလိမ့်မယ်။ Memoryအတွက် micro SDကို 32 GBအထိအောင် မြှင့်တင် သုံးစွဲနိုင်မှာပါ။ Internalအဖြစ် 8 GB ဒါမှမဟုတ် 16 GBကို Built-In တည်ဆောက် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ WLAN, Bluetooth v4.0နဲ့ USB 2.0 Portတွေ ပါ၀င်ပါတယ်။ Android OS v4.1(Jelly Bean)ကို အသုံးပြုထားပြီး CPUက Dual Core 1.2 GHzဖြစ်ပါတယ်။ Networkအတွက် HTML5 Browser ပါ၀င် ထည့်သွင်းထားပြီး အရောင်က အနက်ရောင်အဖြစ် ထုတ်လုပ်ထားပါတယ်။ Batteryကို Non-Removable Li-Po 2710 mAhကို အသုံးပြုထားပြီး၊ ၀၁-၂၂၁-၆၈၃မှာ ၀ယ်ယူနိုင်ပါတယ်။
Ref: www.gsmarena.com

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *