Laptops, News, Review

Acer Aspire E5-411 (Pen)

Acer Aspire E5-411 (Pen)

ကျစ်လစ်လှပသော ဒီဇိုင်းပိုင်း နှင့် အရည်အသွေးမြင့် Notebook Series သစ်တစ်မျိုးဖြစ်တဲ့ Acer Aspire E5-411(Pen) ဖြင့် ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ ဈေးနှုန်းချိုသာပြီး စတိုင်ကျသေသပ်တဲ့အပြင် အိမ်သုံး ကျောင်းသုံး၊ ရုံးသုံး ကိုသင့်စိတ်တိုင်းကျ ဖြစ်စေမယ့် Notebook အမျိုးအစားပဲ ဖြစ်ပါတယ်။ ပေါ့ပါးလျင်မြန်စေမည့် 4th Gen Intel® Pentium Quad Core Processor N3530 ဖြင့် တပ်ဆင်ပေးထားပြီး အမြန်နှုန်း CPU Speed (2.16GHz ,2MB L3 cache) က လုပ်ဆောင်ချက်တိုင်းကို လျင်မြန်နေစေမှာအမှန်ပါ။ Power စားသုံးမှုကို များစွာ ချွေတာစေမည့် Memory 4GB DDR3L( Low Voltage Memory ) တပ်ဆင်ပေးထားခြင်း၊ Data များစွာကို လုံခြုံ စွာသိမ်းဆည်းပေးနိုင်သော 500 GB HDDပါဝင်မှုက သင့်ကိုပြီးပြည့်စုံစေမှာအမှန်ပါ။ သယ်ဆောင်ရလွယ်ကူစေမည့် Screen Size 14” HD LED LCD အရွယ်အစားကို Acer CinecrystalTM နည်းပညာကြောင့် ကြည်လင်ပြတ်သား တဲ့ရုပ်ထွက်ကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ DVD Super Multi DL Drive အပြင် M-Disc ကို Ready ဖြစ်စေ မှာဖြစ်တဲ့အတွက် နောက်ထွက်ရှိမည့် M-Disc အခွေအမျိုးအစားကိုသာ အဆင်သင့်စောင့်မျှော်နေယုံပါပဲ။ Wireless Option အနေဖြင့် Acer Nplify နည်းပညာဖြင့် 802.11 b/g/n ပြီး၊Bluetooth 4.0v တို့က လွယ်ကူစွာချိတ်ဆက် အသုံးပြု နိုင်မှာဖြစ်ပါတယ်။ အားသာချက်ကတော့ 6-Cell Li-ion Battery ကို တပ်ဆင်ပေးထားခြင်းက လူကြီးမင်း တို့၏လုပ်ငန်းဆောင်တာများကို အချိန်ကြာမြင့်စွာ သုံးစွဲနိုင်ခြင်းကြောင့် စိတ်ချမ်းသာမှုတစ်ခုကို ပေးစွမ်းမှာ အမှန်ပါ ပဲ။ ၄င်း Notebook ရဲ့ ဒီဇိုင်းအပြင်အဆင်ကတော့ သန်ရှင်းတောက်ပြောင်နေသေပုလဲအဖြူ ရောင်ပေါ်မှာ Post Geometric pattern design ထွင်းထားသည့်အတွက် လှပဆန်းသစ်သော ဒီဇိုင်းက သင့်ကိုရင်ခုန် စိတ်လှုပ်ရှား စေမှာအသေအချာပါ။ Graphic ပိုင်းကို Intel® HD Graphic 4400 Series ကိုအသုံးပြုပေးထားပါသည်။ဈေးနှုန်းမှာ- US$ 389 ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက အမြို့မြို့အနယ်နယ်ရှိ Acer ရွှေလမင်းနဂါးကုမ္ပဏီ၏ Dealer /Reseller ဆိုင်ကြီးများတွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဆက်သွယ်ရန်ဖုန်းနံပါတ် (01-230-1797,01-230-1798, 09-250-177-761,09-250-177-762)

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *