How-to

Smartphone တွေ အတွက်မရှိမဖြစ်… Cloud Service

နာမည်ကြီးတဲ့ Handsetတွေမှာ Serviceဆိုတာ ရှိပါတယ်။ Service ဆိုတာ Handsetထုတ် ကုမ္ပဏီကပေးတဲ့ Serviceကို ပြောတာပါ။ Handset ထုတ်တဲ့ Companyက သူတို့ Handsetတွေကို အသုံးပြုတဲ့သူအတွက် Firmware Update ပေးခြင်း၊ Apk Storeများ အသုံးပြုနိုင်ခြင်းစတဲ့ ၀န်ဆောင်မှုတွေကို ၀ယ်ပြီး အသုံးပြုနေချိန် တစ်လျှောက်လုံး ပေးနေမှာပါ။ ကျွန်တော်တို့ဆီမှာ အများဆုံး အသုံးပြုတဲ့ လူကြိုက်တဲ့ Huawei Handset တွေမှာပါတဲ့ Cloud Service အကြောင်း Android ဗဟုသုတအဖြစ် ပြောချင် ပါတယ်။ Huawei Cloud Serviceဆိုတာ Huawei Companyကပေးတဲ့ အခမဲ့ File Storge လုပ်နိုင်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။ Cloud Serviceကို အသုံးပြုရင် ဘာတွေ ထူးနိုင်သလဲဆိုရင် ကိုယ်သိမ်းချင်တဲ့ Apk၊ သီချင်း၊ ဓာတ်ပုံ စတာတွေကို SD Cardထဲမှာ မသိမ်းတော့ဘဲ ဘယ်နေရာရောက် ရောက် အင်တာနက်ရှိရင် ယူလို့ရတဲ့ File Storge လုပ်နိုင်တဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။

Cloud Serviceကို အသုံးပြုချင်ရင် Clound Settingရဲ့ အကောင့် အသစ် တစ်ခု လုပ်လိုက်ပါ။ အကောင့်လုပ်တာကတော့ သူပေးထားတဲ့အတိုင်း ဖြည့် ပေးလိုက်ရုံပါပဲ။ ပြီးရင် File Managerထဲကို ၀င်လိုက်ပါ Local Files၊ Cloud+Drive ဆိုတာ တွေ့ပါလိမ့်မယ်။ Cloud+Driveကို ရွေးပြီးရင် ဖိုင် အမျိူးအစားတွေ တွေ့ရပါလိမ့်မယ်။ ကိုယ် Upload လုပ်ထားတဲ့ ဖိုင်ထဲကပဲ Downloadလုပ်ပြီး ပြန်အသုံးပြုနိုင်ပါတယ်။ File Managerမှာရှိတဲ့ File တွေကို Upload လုပ်ချင်ရင် File တစ်ခုကို ဖိထားလိုက်တာနဲ့ Uploadကို တွေ့ပါလိမ့်မယ်။ နှိပ်လိုက်တာနဲ့ Upload လုပ်ပေးနေမှာပါ။ Upload လုပ်ထားတဲ့ Fileတွေကို ပြန်လိုချင်တဲ့အချိန်မှ အကောင့်ထဲ၀င်ပြီး Download လုပ်လိုက်ပါ။ Cloud+Driveကို အသုံးပြုခြင်းသည် Fileတွေကို ဘယ်နေရာရောက်ရောက်၊ ဘယ်အချိန်ပဲဖြစ်ဖြစ် ပြန်ယူနိုင်တာလည်း ဖြစ်ပါတယ်။

SD Cardနဲ့ သိမ်းတယ်ဆိုပေမယ့်လည်း SD Card ပျက်သွားရင် ယူလို့ မရတော့ပါဘူး။ Cloud+Drive အဲဒီလို မဖြစ်အောင် စီစဉ်ပေးထားတာပါ။ Passwordတော့ မမေ့စေနဲ့ပေါ့။ ဒါဆို SD Card ပျက်သွားတာတို့ မှားပြီး ဖျက်ပစ်တာတို့ဆိုရင် Cloud+Driveက Backup လုပ်လို့ရတဲ့ နေရာတစ်ခု ဖြစ်လာမှာပါ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

2 thoughts on “Smartphone တွေ အတွက်မရှိမဖြစ်… Cloud Service

Leave a Reply

Your email address will not be published. Required fields are marked *