Gaming, Review

Sleeping Dogs

Hong Kong မြို့ပြရဲ့ အငွေ့အသက်တွေနဲ့ Hong Kong မြို့ရဲ့ လူဆိုးတွေအကြောင်းကို အပြည့်အ၀ ပုံဖေါ်ထားတဲ့ sleeping dogs ဂိမ်းကို Square Enixက August 14, 2012မှာ ထုတ်တော့မှာပါ။ Square Enix (Publisher)က sleeping dogsကို တော်တော်ကြိုးစားပြီး ထုတ်ခဲ့ကြတာပါ။ ဒီဂိမ်းကိုမထုတ်ခင် လက်မခံမှုများစွာကို ကြုံတွေ့ခဲ့ကြရပါတယ်။ အရင်ထွက်ပြီးသား True Crime seriesတွေက Hong Kong မဟုတ်တဲ့ တခြားမြို့တွေပေါ်မှာ တည်ဆောက်ခဲ့တာဖြစ်ပေမဲ့ အခုဂိမ်းကို Hong Kong မြို့ကို ပုံဖေါ်ထားတာဆိုတော့ ထုတ်လုပ်သူတွေက သိပ်စိတ်မ၀င်စားခဲ့ပါဘူး။ ဒါကြောင့် အချိန်အနဲငယ်ကြာသွားရာကနေ Square Enix အရဲစွန့်မှုကြောင့် sleeping dogs ဆိုပြီး ထွက်လာပါတော့မယ်။

ဂိမ်းရဲ့နာမည်ကအစ ပြောင်းခဲ့ရပါတယ်။ ဂိမ်းရဲ့နာမည်ကို အစက True Crime: Hong Kongလို့ ပေးထားခဲ့ရာကနေ အခု sleeping dogsလို့ ပြောင်းပေးခဲ့ရတာပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ sleeping dogs ဆိုတာ Hong Kong နာမည်ကြီး ဇာတ်ကားတစ်ကားရဲ့ နာမည်ဖြစ်နေလို့ပါ။ Square Enixက အဲ့ဒီဇာတ်ကားရဲ့ ဇာတ်အိမ်ကို ယူထားပေမဲ့ ဇာတ်လမ်းနာမည်ကိုတော့ ဂိမ်းမှာ ပြန်သုံးချင်ပုံမရပါဘူး။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီနာမည်ဘဲ သုံးလိုက်ကြပါတယ်။ Developer အနေနဲ့ကတော့ United Front Gamesတို့က တာ၀န်ယူထားကြပါတယ်။ Hong Kong ဇာတ်ကားတစ်ကားဖြစ်တဲ့ sleeping dogsဟာ အရမ်းကြမ်းတမ်း လူဆိုးတွေရဲ့ဘ၀သရုပ်ဖော် Action ကားတစ်ကားပါ။

ဇာတ်ကားထဲကအတိုင်း ဂိမ်းကို ပုံဖေါ်ထားပါတယ်။ ဂိမ်းရဲ့storyက ဇာတ်လမ်းထဲက ပုံစံမျိုးပါဘဲ။ Sun On Yee လို့ခေါ်တဲ့ တရုတ်လျှို့၀ှက် ဒုစရိုက်အဖွဲ့အစည်းတစ်ခုရဲ့ ရန်ငြိုးတွေကြောင့်ဖြစ်လာတဲ့ ဒုစရိုက်တွေကို ပျော်မွေ့နေတဲ့ လူမိုက်တွေထဲက လူမိုက်တယောက်အဖြစ်နဲ့ ဆော့ကစားရမှာပါ။ ဂိမ်းရဲ့ ဇာတ်လိုက်မင်းသားက ဇာတ်ကားထဲက မင်းသားနဲ့ တူအောင် ပြုလုပ်ပေးထားပါတယ်။ ဇာတ်လမ်းရဲ့ မင်းသားပုံစံအတိုင်း ဂိမ်းထဲမှာ မြင်တွေ့ရမှာပါ။ အခု sleeping dogsက ဂိမ်းဆိုတော့ ဂိမ်းပုံစံအတိုင်း ဖန်တီးထားပါတယ်။ ဂိမ်းရဲ့ပုံစံက open-world ပုံစံမျိုးဖြစ်နေလို့ တော်တော်ကစားလို့ကောင်းပါတယ်။ စိတ်ကြိုက် လှုပ်ရှားသွားလာလို့ရနိုင်တဲ့ Action ဂိမ်းအမျိုးအစားပါ။ ဂိမ်းရဲ့ ဇာတ်လိုက်က fighter ကြီးဆိုတော့ သင်ကစားမယ်ဆို ခပ်ကြမ်းကြမ်းဖြစ်ဖို့တော့ လိုတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်လိုက်က တကယ့်သတ်မယ်ဖြတ်မယ်ဆိုတဲ့ ပုံစံကြီးပါ။

ဂိမ်းဆော့နေရင်း တကယ့် mafia ကြီးတယောက်ဖြစ်သွားတဲ့ feelingမျိုး ရနိုင်ပါတယ်။ ကလပ်တွေထဲမှာ သောင်းကျန်းလိုက် ဆိုင်ကယ်စီးပြီး သေနတ်တလက်နဲ့ Hong Kong မြို့ရဲ့လမ်းတွေပေါ်မှာ သောင်းကျန်းလိုက်နဲ့ စိတ်ကြိုက်မွေှရမဲ့ ဂိမ်းတခုပါ။ သင်ရဲ့ရန်သူတွေကလဲ လူမိုက်တွေဆိုတော့ ဘယ်သူပိုမိုက်လဲ ယှဉ်ရမှာပါ။ အဲ့လိုကြားထဲက ဒုစရိုက်တွေကို နှိမ်နှင်းတဲ့ Hong Kongရဲတပ်ဖွဲ့တွေနဲ့လဲ ဖိုက်ရဦးမှာပါ။ လူများတဲ့နေရာတွေမှာလဲ ကိုယ်ဖိုက်မဲ့ လူမိုက်တွေကို တွေ့အောင်ရှာပြီး missionတခုကို ပြီးဆုံးအောင် ကစားရမှာပါ။ PC, Xbox 360, PlayStation 3တို့မှာလဲ ကစားနိုင်အောင် ထုတ်လုပ်ထားပါတယ်။ ဒါကြောင့် Hong Kong မြို့ရဲ့လမ်းတွေပေါ်မှာ mafia လုပ်ချင်တဲ့ gamer တွေအတွက်ကတော့ August လထဲမှာ ထွက်မဲ့ sleeping dogs ဂိမ်းကိုသာ ဆော့ကြည့်ကြပါခင်ဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *