News

ပိန်ချင်တယ်ဆိုရင် ဖြည်းဖြည်း စားပါ

quietly eating

Rhode Island တက္ကသိုလ်၏ ရှာဖွေလေ့လာချက်များအရ ကိုယ်ခန္တာကြီးသူများဟာ ပိန်သူများထက် အစားအစာ စားသောက်သည့်အခါ ပို၍ မြန်ဆန်စွာ စားသုံးကြကြောင်း၊ မြန်မြန်စားသော သူများဟာ တစ်မိနစ်ကို 88 grams နှင့်ညီမျှသော အစားအစာများ ဗိုက်ထဲ ၀င်စေနိုင်ပြီး ဖြည်းဖြည်းစားသုံးသူများအဖို့တော့ 57 gramsသာ ၀င်နိုင်ကြောင်းလည်း ရှင်းပြထားသည်။ ဒါကြောင့်မို့လည်း Body Mass Index (BMI) ပိုများသည့် လူတိုင်းလိုလို အစားအစာကို မြန်မြန်စားတတ်ကြသူများ ဖြစ်နေကြသည်ဟုလည်း ဆိုသည်။

“အစားအစာကို ဖြည်းဖြည်း စားသုံးသည့်အတွက်ကြောင့် ဦးနှောက်က ဗိုက်၀သည် မ၀သည်ကို အတိအကျ ဆုံးဖြတ်ပေးနိုင်ကြောင်း၊ မြန်ဆန်စွာ စားသည့်အခါမှာတော့ ဦးနှောက်က ဗိုက်၀နေပြီကို ချက်ချင်း မဆုံးဖြတ် ပေးနိုင်ခြင်းကြောင့်လည်း ဖြစ်သည်”ဟု အဆိုပါတက္ကသိုလ်မှာ အာဟာရနှင့် ပတ်သက်သည့် ပါမောက္ခတစ်ဦးက ပြောကြားသွားသည်။ ဂျပန်နိုင်ငံမှ Osaka တက္ကသိုလ်မှလညး် လူဦးရေ 3000၏ စားသောက်ပုံ အလေ့အကျင့်ကို စမ်းသပ်ခဲ့ရာမှာလည်း မြန်မြန်စားသည့် အမျိုးသားများမှာ 84% ပိုမို ၀လာဖို့ အခွင့်အရေး များနေပြီး၊ မြန်မြန်စားသည့် အမျိုးသမီးများမှာတော့ နှေးသူများထက် နှစ်ဆ ပိုမို ၀နိုင်ကြောင်း ရေးသားတင်ပြထားသည်။

ထို့ကြောင့် အသား ငါး ဖြစ်စေ၊ အသီးအရွက် ဖြစ်စေ စားသုံးသည့်အခါမှာ နှေးကွေးစွာ စားနိုင်ဖို့အတွက် ဂျပန်အစားအစာ (Sushi)တွေလို သေးငယ်စွာ ဖြတ်တောက်ပြီး စားသုံးသင့်ကြောင်း တင်ပြလိုက်ရပါသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *