Cameras, Review

အလိုအလျောက် အာရုံခံနိုင်တဲ့ Canon EOS 650D ကင်မရာသစ် ရောက်ရှိလာတော့မည်

Canon က ကမ်ဘာ့ပထမဆုံး Intuitive touch screenနဲ့ EOS ကင်မရာ တစ်လုံးကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ထုတ်လုပ်ဖြန့်ချီခဲ့ပေမယ့် မြန်မာ့ဈေးကွက်ထဲ ကိုတော့ ဇူလိုင် (၂၇) ရက်နေ့တွင် စတင် ရောက်ရှိမည်ဖြစ်ကြောင်း Canon Showroomမှ သိရှိရပါတယ်။ နည်းပညာ အသစ်အဆန်းတွေ အံ့မခန်း တိုးတက်နေ တဲ့ ခေတ်ကြီးထဲမှာ အမှီလိုက်နိုင်အောင် Canonကလည်း နည်းပညာ အသစ်အဆန်းတွေကို ပရိတ်သတ်ဆီ ပို့ဆောင်ပေးလျှက်ရှိပါတယ်။ အခု Canon EOS 650Dမှာ ပါ၀င်တဲ့ Intuitive touch screen ဆိုတာကတော့ အလိုအလျောက်အာရုံခံနိုင်တဲ့ စနစ်ပါ၀င်တဲ့အတွက် touch အသုံးပြုတဲ့အခါ အခြားကင်မရာတွေထက် ပိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဒီဂျစ်တယ်ပုံရိပ်တွေအတွက် ရှေ့က ဦးဆောင်နေတဲ့ Canonက entry-level photographerတွေအတွက် ပြည့်စုံကောင်းမွန်တဲ့ ကင်မရာ တစ်လုံးထုတ်လုပ်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။ အခုကင်မရာက အရင်ထွက်ရှိပြီးသား Canon EOS 600D ရဲ့ နည်းပညာ ဆင့်ပွားထားတဲ့ ကင်မရာတစ်လုံးဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာတော့ မနှိုင်းယှဉ်နိုင်အောင် ထူးခြားကောင်းမွန်တယ်လို့ Canonက ပြောထားပါတယ်။

နည်းပညာနှစ်ခုနဲ့ အလုပ်လုပ်တယ်
အဆိုပါ EOS 650Dကိုတော့ 18 Megapixelsရှိတဲ့ Sensorနဲ့ မောင်းနှင် အလုပ်လုပ်မှာ ဖြစ်ပြီး စွမ်းရည်မြင့်တဲ့ DIGIC 5 image processorလည်း ပါ၀င်ပါတယ်။ ဒီကင်မရာမှာ နည်းပညာနှစ်ခုနဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ တစ်ခုကတော့ continuous shooting ရိုက်ကူးနိုင်တဲ့ စွမ်းရည်က မြင့်မားတာကြောင့် 5 frames per secondsနှင့်အထက် ရိုက်ကူးနိုင်ခြင်း ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ ISO Speedက 12800နှင့်အထက် (Expandable to 25600) ရရှိနိုင်ခြင်းပဲ ဖြစ်ပါတယ်။ Auto-focus စနစ်မှာ Hybrid CMOS AF Systemကို အသုံးပြုထားတဲ့အတွက် မြန်ဆန်ပြီး တိကျပြတ်သားတဲ့ focusကို ဖြတ်ပေးနိုင်ပါတယ်။

အလိုအလျောက် အာရုံခံနိုင်တဲ့ Screen
အလိုအလျောက်အာရုံခံနိုင်တဲ့ စနစ်ပါ၀င်သည့် Intuitive touch screenကတော့ လိုအပ်သလိုလှည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး EOS Scene Detection Technology ပါ၀င်တဲ့အတွက်ကြောင့် အလင်းရောင်များတဲ့ နေရာမျိုးမှာ ရိုက်ရင်ပဲဖြစ်ဖြစ် အလင်းရောင်အားနည်းတဲ့ နေရာမျိုးမှာ ရိုက်ရင်ပဲဖြစ်ဖြစ် တိကျသေချာပြီး သင့်လျော်တဲ့ ကင်မရာ Settingကို အလိုလျောက် ရွေးချယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

မှန်ဘီလူး
ကောင်းမွန်တဲ့ပုံတွေကို ရိုက်ကူးနိုင်ဖို့အတွက် သင့်လျော်တဲ့ Lensတွေကို ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ အခု Canon EOS 650D ကင်မရာမှာ အသုံးပြုနိုင်တဲ့ မှန်ဘီလူးတွေကတော့ Canonကနေ မကြာသေးမီကမှ အသစ် ထုတ်လုပ်လိုက်တဲ့ EF 40mm f/2.8 STMနဲ့ EF-S18-135mm f/3.5-5.6 IS STM Lensတို့ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အားသာချက်
သူ့ရဲ့ အားသာချက်ကတော့ Touch sensitive မြင့်တဲ့အတွက် Touch အသုံးပြုရာမှာ မြန်ဆန်သွက်လက်တာကို တွေ့ရပါတယ်။

အားနည်းချက်
အားနည်းချက်ကတော့ Movie modeမှာ Auto focus modeကို ဖယ်ရှားလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Auto focusကို တိကျပြီး မြန်ဆန်အောင်တော့ နည်းပညာ မြင့်ထားပါသေးတယ်။

၀ယ်ယူနိုင်မည့်နေရာ
Canon EOS 650Dကို ဇူလိုင် (၂၆)ရက်နေ့မှာ မြန်မာ့ဈေးကွက်ထဲ တင်သွင်းဖြန့်ချီမှာဖြစ်တဲ့အတွက် Canon New Product အသစ်များကို စောင့်စားနေကြတဲ့ Customerများအနေဖြင့် Canon Showroom ဖုန်း ၀၁-၂၄၃-၀၃၆၊ ၀၁-၂၄၃-၀၃၇သို့ ကြိုတင်စာရင်းပေး၍ ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။

Specifications
» 18.0 MP APS-C CMOS sensor
» Full-HD movies with manual controls and continuous AF
» 5 fps continuous shooting
» ISO 100-12,800 sensitivity, extendable to ISO 25,600
» 9-point wide-area AF
» Integrated Speedlite Transmitter

Leave a Reply

Your email address will not be published. Required fields are marked *