News

HP က HP 8 Tablet ကို ရောင်းပြီ

HP က HP 8 Tablet ကို အမေရိကန်နိုင်ငံ မှာ စတင်ရောင်းချပေးလိုက်ပြီဖြစ်ပါတယ်။ HP 8 Tablet တွင် ၇.၈၅ လက်မ(1024×768) Pixels Display တပ်ဆင်ထားပါတယ်။ Quad-Core Allwinner A31s Processor နှင့် PowerVR SGX544MP2 GPU တပ်ဆင်ထားပြီး Andriod 4.2.2 (Jelly Bean) ကို မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ အနောက်ဘက်တွင် 2MP ကင်မရာ တပ်ဆင်ထားပြီး မျက်နှာချင်းဆိုင်တွင် 0.3MP ကင်မရာ တပ်ဆင်ထားပါတယ်။ 3.5mm Audio Jack, Stereo Speakers တပ်ဆင်ထားပါတယ်။ အထူမှာ 7.95mm ရှိပြီး အလေးချိန်ကတော့ 312g ဖြစ်ပါတယ်။ 1GB RAM နဲ့ 16GB Internal Storage ပါရှိပြီး 32GB ထိ ဝင်ဆံ့နိုင်တဲ့ microSD Card ကိုလည်းထည့်သွင်းအသုံးပြုနိုင်တဲ့ SD Card slot ပါရှိပါတယ်။ WiFi 802.11 b/g/n ပါရှိပြီး 3800 mAh Battery ကို တပ်ဆင်ထားပါတယ်။

HP 8 Tablet တွင် Microsoft Office Document တွေကို Creat, Edit, Share ပြုလုပ်နိုင်တဲ့ Kingsoft Office ပါရှိပါတယ်။ Box တွင် 25GB Storage ကို အချိန်အကန့်အသတ်မရှိ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ HP ePrint စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။ HP က ပြီးခဲ့တဲ့နှစ်က Compaq အမျိုးအစား Tablet သုံးမျိုးကို တရုတ်ပြည်မှာ ရောင်းချ ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုထုတ်လိုက်တဲ့ HP 8 Tablet ကတော့ Compaq အမျိုးအစား မဟုတ်ပါဘူး။

HP 8 Tablet ကို ငွေရောင်ထုတ်လုပ်ထားပြီး အမေရိကန်ဒေါ်လာ (169.99) ဖြင့် HP online Store တွင် ဝယ်ယူရရှိနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *