Gaming

SIMCITY

SIMCITY

Simulation ဂိမ်းကောင်းတစ်ခုပါဘဲ။ March 5, 2013 ရက်နေ့ ထွက်မှာ ဖြစ်ပါတယ်။ Limited Edition ဆိုဘဲ။ SIM CITY ဆိုတာ Facebookပေါ်မှာ ဆော့လို့ရနေတာ ကြာခဲ့ပါပြီ။ အခုတော့ PC, Mac စတဲ့ Platform တွေပေါ်မှာ ဆော့လို့ရအောင် ထုတ်တော့ပါမယ်။ Electronic Artsဆိုတာတော့ ပြောစရာ မရှိလောက်အောင် လူကြိုက်များတဲ့ ဂိမ်းတွေ ထုတ်နေတဲ့ Company တစ်ခုပါ။ Maxis ဆိုတာကတော့ SimCityရဲ့ Developer တွေပါ။ Simulation ဂိမ်းဆိုတာ သိတဲ့အတိုင်းဘဲ အပြင်က အစစ်တွေကို တုထားတဲ့ ဂိမ်းပေါ့ဗျာ။ ဒါပေမဲ့ အစစ်ဆိုတာတွေကို ကိုယ်က ဘယ်လို Manage လုပ်ရမလဲဆိုတာတော့ မလွယ်လောက်ပါဘူး။ တကယ်လို့ မြို့တစ်မြို့တည်ရတော့မယ့်လူဆိုရင် ဘာတွေ လိုအပ်မလဲ ဘယ်လိုအရာတွေ ကိုယ့်မြို့လေးထဲမှာ ရှိသင့်သလဲဆိုတာတွေကို ဂိမ်းတစ်ခုအနေနဲ့ ပညာပေးထားတဲ့ Economic Simulation ဂိမ်းအမျိူးအစားပါ။ SimCity လိုဂိမ်းတွေလဲ ထွက်ထားပါသေးတယ်။ SimCityက Resolution ပိုကောင်းတယ်လို့ ပြောလို့ရပါတယ်။

သူ့ရဲ့ မြို့တည်ဆောက်ပုံတွေက စိတ်ကူးထဲကအတိုင်း ဖန်တီးနိုင်တာထက် အပြင်က မြို့အစစ်တွေမှာ ရှိတဲ့ အဆောက်အဦတွေ၊ ရုံးတွေ၊ လူနေအိမ်တွေ အားလုံးကို တကယ့်မြို့လေးတွေအတိုင်း ပုံဖော်ပေးထားပါတယ်။ SimCityကို PC နဲ့ Mac တို့မှာဘဲ ဆော့လို့ရဦးမှာပါ။ SimCityလဲ စီးရီးတွေအနေနဲ့ ထွက်တဲ့ ဂိမ်းမျိူးပါဘဲ။ အခု SimCityထဲမှာတော့ မြို့တစ်မြို့အတွက် အကောင်းဆုံး လမ်းတွေရယ်၊ ရှိသင့်တဲ့ မြို့တစ်မြို့အတွက် လိုအပ်တဲ့ အဆောက်အဦတွေကို ပုံစံအသစ်နဲ့ မြင်တွေ့ရမှာပါ။ ကစားသူက မြို့တစ်မြို့ ဖြစ်ဖို့အတွက် လိုအပ်တာတွေကို အရင် တည်ဆောက်ပေးရပါမယ်။ ဒါမှ ကိုယ့်တည်ဆောက်ထားတဲ့ မြို့လေးကို နေထိုင်မဲ့သူတွေ လာနေမှာ ဖြစ်ပါတယ်။ တဖြည်းဖြည်း နေတဲ့ လူတွေရဲ့ စီးပွားရေး၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ကစားကွင်းတွေကိုပါ တည်ဆောက်ပေးထားရမှာ ဖြစ်ပါတယ်။ နေတဲ့ လူဦးရေတွေ များလာသည်နဲ့အမျှ ကိုယ့်မြို့ရဲ့ စီးပွားရေးတွေ တက်လာမယ်၊ သူတို့ နေထိုင်ဖို့အတွက် မြေကွက်တွေ၊ အလုပ်သမားအိမ်ရာတွေကိုလဲ တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။ ဆော့နေရင်း အချိန်ကြာလာတာတဲ့အခါ ကိုယ်မြို့လေးထဲမှာ လာရောက်အခြေချ လုပ်ကိုင်ကြတဲ့ သူတွေကို ပျင်းစရာ မကောင်းအောင် ကစားကွင်းတွေ၊ ပန်းခြံတွေကိုလဲ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။

ဒါမှ နေတဲ့လူတွေက ဆက်နေကြမှာ ဖြစ်တဲ့အပြင်။ လူဦးရေ များလာနဲ့ အဆင်မြင့် ဟိုတယ်တွေ၊ လေယာဉ်ကွင်းတွေ ဆောက်လုပ်ပြီး တစ်ခြားမြို့တွေနဲ့ပါ စီးပွားရေး လုပ်ကိုင်ရမှာပါ။ တကယ် အရေးကြီးတာက မြို့ စဆောက်ကတည်းက ကားလမ်းတွေကို သေချာဆောက်ပေးတာရမှာပါ။ အဲ့လို မလုပ်ပေးထားရင် နောက်ပိုင်းနေတဲ့ လူဦးရေတွေ များလာပြီး ကားလမ်းတွေက ထပ်ချဲ့လို့ မရတဲ့ အခြေအနေ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် မြို့တစ်မြို့တည်ဆောက်ဖို့အတွက် ဘာတွေ လိုအပ်သလဲဆိုတာ ဂိမ်းဆော့ရင်း သိရှိနိုင်မဲ့ SimCityကို ဆော့ရင်း မြို့တစ်မြို့အတွက် လိုအပ်တာတွေ တည်ဆောက်ကြည့်လိုက်ကြပါဦးလို့ Preview ညွှန်းလိုက်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *