Gaming

Muv Luv Alternative: Total Eclipse

Muv Luv Alternative: Total Eclipse

Episode – Season 1 (1 to 12)
Genre – Sci-Fic, Mecha
Studio – Satelight
Score – 3.5 out of 5

Muv Luv Alternative: Total Eclipse ဇာတ်လမ်းတွဲဟာ နာမည်ကြီး Visual Novel ဂိမ်းစီးရီး MuvLuvကို မှီငြမ်းထားပြီး မူလဇာတ်လမ်းများထက် Science Fiction နှင့် Action ဇာတ်လမ်းများကို ပိုမို ထည့်သွင်းထားတဲ့ Spin-off Animated Series တစ်ခု ဖြစ်ပါတယ်။ Muv Luv Alternative: Total Eclipseရဲ့ ဇာတ်လမ်း အစမှာ BETAလို့ ခေါ်တဲ့ အခြားကမ်ဘာမှ ဂြိုဟ်သားများ 1973 ခုနှစ်က စတင်ပြီး ကမ်ဘာမြေကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်ပုံဖြင့် ဇာတ်လမ်း စတင်ထားပြီး အနာဂတ်အချိန်မှာ အဆိုပါ ရန်သူ BETA များကို Tactical Surface Fighters (TSFs) အမည်ရ စက်ရုပ်များ မှောင်းနှင်ပြီး တိုက်ခိုက်ရပုံဖြင့် ဇာတ်အိမ် တည်ထားပါတယ်။ အစပိုင်း ထွက်ရှိထားတဲ့ Muv Luv ဂိမ်းတွေဟာ Science Fiction ဇာတ်လမ်းတွေ ဖြစ်ပေမည့် မိန်းကလေးဇာတ်ကောင် အများစုနှင့် Romance plot တွေကို အသားပေးထားပြီး spin-off series ဖြစ်တဲ့ Muv Luv Alternative: Total Eclipse ကတော့ လူသားများနှင့် ရန်သူ BETA ဂြိုဟ်သားများရဲ့ တိုက်ပွဲများကို ပိုမို အသားပေးထားတာ တွေ့ရမှာပါ။

Muv Luv Alternative: Total Eclipse စီးရီးဟာ မဝေးတော့တဲ့ အနာဂတ်မှာ နေရာယူထားပြီး အစပိုင်း Episode နှစ်ခုကတော့ 1997 ခုနှစ်၊ TSF Pilot ကျောင်းသူ Yui Takamura နှင့် သူမရဲ့ သူငယ်ချင်းများ ကြားမှာ နေရာ ယူထားပါတယ်။ Episode 1 ရဲ့ အစပိုင်း ဇာတ်လမ်း တစ်ဝက်လောက်ထိကတော့ Infinite Stratos နှင့် Aquarion EVOL တို့လိုမျိုး High School နှင့် Mecha Action ရောစပ်ထားတဲ့ Sci-Fic ဇာတ်လမ်းပုံစံမျိုး လာတော့မည် ထင်ရပေမည့် Episode 1 အပြီးနှင့် Episode 2က BETA များနှင့် တိုက်ပွဲတွေက Yui Takamuraရဲ့ ဘဝကိုကော၊ စစ်ပွဲအပေါ်ထားတဲ့ အမြင်ကိုပါ ပြောင်းလဲစေခဲ့ပါတယ်။ Total Eclipse ရဲ့ နောက်ပိုင်း Episode တွေမှာတော့ American နိုင်ငံ ၊ Alaskaမှာ အခြေဆိုက်ထားပြီး BETA တွေကို ရှေ့တန်းမှ တိုက်စစ်ဆင်တဲ့ နိုင်ငံတကာ တပ်ပေါင်းစု Imperial Royal Guardရဲ့ Lieutenant တစ်ယောက် အဖြစ် မြင်တွေ့ရမှာ ဖြစ်ပြီး အဓိက ဇာတ်ကောင် Japanese American တပ်သား ဖြစ်တဲ့ Yuuya Bridgesရဲ့ အမြင်ကနေ ဇာတ်လမ်း ဆက်ထားတာ တွေ့ရပါတယ်။ Yuuya Bridges နှင့်အတူ နိုင်ငံပေါင်းစုံမှ တပ်ဖွဲ့ဝင်များ ဖြစ်တဲ့ Tarisa (Nepal) ၊ Valerio (Italy) နှင့် Stella (Sweden) အစရှိတဲ့ ဇာတ်ကောင်တွေလည်း ထပ်မံ ပါဝင်လာပါတယ်။ ဇာတ်လမ်း တစ်ခုလုံးအနေနှင့် ကြည့်ရင် ဟာသခန်း နည်းပြီး Anime Series တစ်ခုအနေနှင့် အတော်လေး ဇာတ်လမ်း တည်တယ် ပြောလို့ ရပေမည့် မူလ Visual Novel စီးရီးရဲ့ ထုံးစံအတိုင်း Fanservice Scenesတွေ Episode 6လိုမျိုး Fan Service Episodeတွေတော့ အနည်းငယ် ပါဝင်တာ တွေ့ရမှာပါ။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *