News

အရေပြားအတွင်း သွေးစစ်နိုင်မည့် ကြိုးမဲ့ ကိရိယာ အသေးစား တီထွင််

Blood-Sensor

ဆွစ်ဇာလန် သိပ္ပံပညာရှင်များသည် အရေပြားအောက်တွင် ထားရှိပြီး သွေးစစ်ဆေးနိုင်သော အသေးစား ကိရိယာလေးတစ်ခု တီထွင်ခဲ့ကြောင်းနှင့် ယင်းကိရိယာသည် သွေးစစ်ဆေးမှု ရလဒ်များကို မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် ချက်ချင်း ပေးစွမ်းနိုင်ကြောင်း သိရသည်။ အရှည် လက်မဝက် (၁၄မီလီမီတာ)ခန့်သာ ရှိသော အဆိုပါကြိုးမဲ့ ကိရိယာသည် သွေးအတွင်းရှိ ကွဲပြားခြားနားသော အရာဝတ္ထု (၅)မျိုးကို ချက်ချင်း စစ်ဆေးနိုင်ကြောင်း ရလဒ်များကို မိုဘိုင်းလ်ဖုန်းမှ Bluetoothစနစ်အား အသုံးပြု၍ ဆရာဝန်များ ထံသို့ ပေးပို့နိုင်ကြောင်းနှင့် လေးနှစ်အတွင်း ယင်းကိရိယာ အသုံးပြု၍ လူနာများကို စမ်းသပ်မှုများ ပြုလုပ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိပ္ပံပညာရှင်အဖွဲ့က ပြောကြားပါသည်။

အပ်တစ်ချောင်း အသုံးပြု၍ ၎င်းကိရိယာကို ခန္ဓာကိုယ်၏ ဝမ်းဗိုက်၊ ခြေထောက် (သို့မဟုတ်) လက်၏ အရေပြားအောက်ရှိ Interstitial တစ်သျှူးအတွင်းသို့ ထည့်သွင်းနိုင်ရန် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားပြီး အရေပြားအောက်တွင် လများစွာ ထားရှိနိုင်ကြောင်း သိရသည်။ အထူးသဖြင့် ယခု ထုတ်လုပ်ထားသော ကိရိယာသည် ကိုလက်စထရော မြင့်မားမှုနှင့် ဆီးချိုကဲ့သို့သော နာတာရှည်ရောဂါများကို စောင့်ကြည့်စစ်ဆေးရာတွင် အသုံးပြုနိုင်သည့်အပြင် ဓာတု ကုထုံး ကဲ့သို့သော ဆေးကုသမှု၏ အကျိုး သက်ရောက်မှုကို ခြေရာခံရန်အတွက် အသုံးပြုနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားပါသည်။

အဆိုပါ ကိရိယာကို သွေးစစ်ဆေးမှု အကြိမ်ကြိမ် ပြုလုပ်ရန်လိုအပ်သော လူနာများအပါအဝင် အနီးကပ် စောင့်ကြည့်ရန် လိုအပ်သော လူနာများနှင့် အရေးပေါ်ကုသနေရသော လူနာများတွင် စတင်စမ်းသပ်မှုများ ပြုလုပ် သွားရန် မျှော်လင့်ထားကြောင်း၊ ယင်းကိရိယာကို ဓာတ်ခွဲခန်းအတွင်း စမ်းသပ်မှုများနှင့် တိရစ္ဆာန်များတွင်လည်း စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပြီး ယင်းကိရိယာသည် သွေးအတွင်း ကိုလက်စထရောနှင့် သကြားဓာတ်များကို စစ်ဆေးနိုင်သည့်အပြင် အခြားသော အရာများကိုလည်း စစ်ဆေးနိုင်ကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *