News

Jennifer Lopezရဲ့ ဖျော်ဖြေမှုနဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲ ပုံရိပ်များ

Jennifer Lopezရဲ့ ဖျော်ဖြေမှုနဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲ ပုံရိပ်များ

ပရိသတ်ထောင်ပေါင်းများစွာက ဘရာဇီးနိုင်ငံ Arena de Sao Paulo ဘောလုံးကွင်းမှာ ကမ္ဘာ့ဖလားဖွင့်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ ပေါ့ပ်စတား Jennifer Lopezနဲ့ အဆိုတော်များကလည်း ဖွင့်ပွဲမှာ အားဖြည့်ခဲ့ကြပါတယ်။ ဖွင့်ပွဲကို စတာလင်ပေါင် ၄.၅ သန်း အကုန်အကျခံ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

မိနစ်သုံးဆယ်ကြာ ဖျော်ဖြေမှုကို ဘရာဇီးရဲ့ အဆိုတော် Claudia Leitteနဲ့ အတူ Jennifer Lopez, PitBullတို့ ပူးပေါင်းတင်ဆက်ခဲ့ပါတယ်။ ကလေးငယ်တွေက ပြိုင်ပွဲ၀င်နိုင်ငံ ၃၂ နိုင်ငံရဲ့ နိုင်ငံတော်အလံ အရောင် အ၀တ်အစားများကို ၀တ်ဆင်ပြီး ပွဲထွက်လာခဲ့ပါတယ်။

ဖွင့်ပွဲဘောလုံးကွင်းထဲမှာ ပရိသတ် ၆၈၀၀၀ တက်ရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ ဖွင့်ပွဲအတွက် ကြိုတင်လေ့ကျင့်မှုများကို မတ်လမှာ စတင်ပြုလုပ်ခဲ့ပါတယ်။ လေ့ကျင့်ချိန် နာရီတစ်ရာ ကြာမြင့်ခဲ့ပါတယ်။

ဖွင့်ပွဲအပြီးမှာ ကစားကြမယ့် ဘရာဇီးနဲ့ ခရိုအေးရှားတို့ပွဲကို ကမ္ဘာ့လူဦးရေရဲ့ တစ်၀က်ဖြစ်တဲ့ သုံးဘီလီယမ်က ကြည့်ရှုကြမယ်လို့ မျှော်လင့်ရပါတယ်။

ကမ္ဘာ့ဖလားပွဲကို အကုန်အကျခံပြီး ကျင်းပတဲ့အတွက် ဆန္ဒပြမှုများလည်း ဘရာဇီးမှာ ဖြစ်ပေါ်လျှက်ရှိနေပါတယ်။

ကမ္ဘာ့ဖလားပွဲ ပုံရိပ်များကို အိုင်စီတီ ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

25

26

27

28

29

30

31

32

33

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *