Gadgets, Review

စွယ်စုံအသုံးပြုလို့ရတဲ့ Burg 15 Smart Watch Phone

အဆင့်မြင့်နည်းပညာတွေ အသုံးပြုထားတဲ့စမတ်နာရီတွေဟာ ယနေ့ခေတ်ကာလမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်းတစ်ခုလိုဖြစ်နေပါပြီ။ Burg 15 Smart Watch Phone ဟာဆိုရင် Sim Card ကိုထည့်သွင်းပြီး ဖုန်းခေါ်ဆိုမှုကိုပါ ပြုလုပ်လို့ရတဲ့ အဆင့်မြင့်ဖုန်းနာရီတစ်လုံးပဲဖြစ်ပါတယ်။ Burg 15 ကိုဖုန်းလိုင်းချိတ်ဆက် ထားလိုက်ရင်တော့ စမတ်နာရီရဲ့ မျက်နှာပြင်မှာ ဖုန်းအဝင်ခေါ်ဆိုမှုကို လက်ခံပြောကြားနိုင်ယုံသာမကပဲ Message တွေကိုလည်း ဖော်ပြပေးနိုင်ပါတယ်။ စမတ်နာရီထဲသို့ ဒေတာအချက်အလက်တွေ သိမ်ဆည်းပေးဖို့ အတွက် MicroSD Slot ပါဝင်ပြီး 16GB ထိထောက်ပံ့ပေးထား ပါတယ်။

Burg 15 Smart Watch Phone ရဲ့ဒီဇိုင်းပိုင်းမှာလည်း ကိုယ်ထည်ကို ပလပ်စတစ်နှင့် သတ္တုနှစ်မျိုးပေါင်းစပ် တည်ဆောက်ထား ပါတယ်။ 1.3 Megapixel ကင်မရာကို စမတ်နာရီရဲ့ မျက်နှာပြင်အပေါ်မှာ တပ်ဆင်ပေးထားတဲ့အတွက် ဓာတ်ပုံနှင့်ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ စမတ်နာရီရဲ့ ဘယ်ဘက်ခြမ်းနားမှာတော့ Back Button နဲ့ Call Button နှစ်ခုကိုတွေ့ရမှာပါ။ စပီကာနှင့် မိုက်ခရိုဖုန်းကတော့ အပေါ်ဘက်ခြမ်းနဲ့ အောက်ဘက်ခြမ်းတွေမှာ တပ်ဆင်ပေးထားပါတယ်။ Burg 15 ရဲ့မျက်နှာပြင်ဟာ 1.54 လက်မ ကျယ်ဝန်ပြီး (240×240 Pixel) Color Touch Display အမျိုးအစားဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့လင်းလက်တောက်ပမှုဟာ နေရောင်ခြည်အောက်မှာ စမတ်နာရီကိုအသုံးပြုတဲ့အခါ မျက်နှာပြင်မှေးမှိန်သွားခြင်းမျိုး မရှိတာကိုတွေ့မြင်ရမှာပါ။ Bluetooth 3.0, Recorder, Built-in FM Radio အစရှိတဲ့ Features တွေလည်းထည့်သွင်းပေးထားပါသေးတယ်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *