News

Galaxy S5ကို သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်သွားဖွယ်ရှိ

Samsungရဲ့ Galaxy S4ဟာ အလွန်တရာ အောင်မြင်ခဲ့ပြီးတဲ့နောက် ဆက်လက်ထွက်ရှိလာမယ့် Galaxy S5ကို သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ တောင်ကိုရီးယား သတင်းဋ္ဌာန တစ်ခုရဲ့ ထုတ်ပြန်ချက်အရ Samsungရဲ့ ပဉ္စမြောက်မျိုးဆက် အဆိုပါ စမတ်ဖုန်းဟာ ပလတ်စတစ်ကိုယ်ထည်အစား ပိုမိုခန့်ညား လှပတဲ့ပုံပေါ်စေရန် အလူမီနီယံ သို့မဟုတ် မဂ္ဂနီဆီယမ် သတ္တုကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

HTC One, iPhone 5စတဲ့ စမတ်ဖုန်းတွေကို သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်နေတဲ့အချိန်မှာ Samsungကတော့ ၎င်းတို့ရဲ့ အထင်ကရ စမတ်ဖုန်းကို ပေါ့ပါးပြီး ဈေးသက်သာတဲ့ ပလတ်စတစ်ကိုယ်ထည်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် Samsungရဲ့ အမှတ်တံဆိပ် Brandကို ပိုမိုအားကောင်း လာစေဖို့အတွက် ဒီလိုပလတ်စတစ် ကိုယ်ထည်နဲ့ ထုတ်လုပ်နေမှုကို မကြာမီ စွန့်လွှတ်ရတော့မှာပဲ ဖြစ်ပါတယ်။

သို့သော်လည်း သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်မယ့် ခန့်ညားလှပတဲ့ Galaxy S5ဟာ နောင်နှစ်ထဲမှာတောင် ထုတ်လုပ်ဖို့ မသေချာသေးပါဘူး။ တကယ်လို့ ဒီလိုGalaxy S Seriesတွေကို သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်ခြင်းဟာ အောင်မြင်ခဲ့တယ် ဆိုရင်တော့ Samsungအနေနဲ့ ၎င်းရဲ့ အခြားအဆင့်မြင့် စမတ်ဖုန်းတွေကိုပါ ပလတ်စတစ်ကနေ သတ္တုကိုယ်ထည်သို့ ပြောင်းလဲ ထုတ်လုပ်သွား နိုင်ဖွယ် ရှိပါတယ်။ ဒီလိုပြောင်းလဲ ခြင်းဖြင့် လက်ရှိသတ္တုနဲ့ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေ လိုမျိုးပဲ Batteryကို ဖြုတ်/တပ်လို့တော့ ရမှာမဟုတ်တော့ပါ။

Samsungရဲ့ သတ္တုကိုယ်ထည် ထုတ်လုပ်တော့မယ် ဆိုတဲ့သတင်းဟာ Galaxy S4မထွက်ရှိခင် တည်းက ကျွန်တော်တို့ ကြားသိခဲ့ရတာ ဖြစ်ပြီး S4ကိုတော့ “Premium”အဆင့်နဲ့ ထုတ်လုပ်မယ် ထင်ထားပေမယ့် တကယ်တမ်းကျတော့ ဖြစ်မလာခဲ့ပါဘူး။ ဒါ့အပြင် Samsungရဲ့ မကြာခင် ထွက်ရှိတော့မယ့် Galaxy Note IIIစမတ်ဖုန်း ကိုလည်း သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်သွားမယ်လို့ ကောလာဟလ သတင်းတစ်ချို့ထွက်ရှိ နေဆဲပါ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *