Gaming, Review

Resident Evil

Racoon City ဆို gamer တွေ မသိတဲ့သူ ဘယ်သူရှိမလဲ။ ဆော့ချင်လွန်းလို့ Resident Evil crazy တွေက မျှော်လင့်နေကြတာ မနည်းဘဲကို။ အခုလည်း Resident Evil 6 ဆိုပြီး Capcom က October 2, 2012 မှာ ထုတ်တော့မှာပါ။ Resident Evil က gamer တွေကြားထဲမှာ သူ့အနေအထားနဲ့သူ ရှိနေပြီသားဖြစ်တဲ့အတွက် Resident Evil 6 ကလည်း လူကြိုက်များတဲ့ဂိမ်းတခု ဖြစ်လာတော့မှာပါ။ Resident Evil ထဲမှာ ပါနေကြဖြစ်တဲ့ ဇတ်ကောင်တွေက အရင်တိုင်းပြန်ပါလာကြမှာဖြစ်ပေမယ့် ဇာတ်အိမ်ကိုတော့ ပြောင်းလဲထားပါတယ်။ Racoon City ကတော့ Resident Evil မှာ မပါမဖြစ်ပေါ့။ အခု Resident Evil 6 မှာလည်း Racoon City ထဲမှာ ဆော့ရမှာပါဘဲ။ Agent Leon ကတော့    Resident Evil ရဲ့ အဓိက ဇာတ်ကောင်ပေါ့။ ဒီဂိမ်းထဲမှာ Leon အပြင် တခြားဇာတ်ကောင်တွေလည်း ပါ၀င်ပါသေးတယ်။

အမေရိကန် သမ္မတကြီး Virus effect ၀င်သွားတဲ့အတွက် agent တွေက မသတ်မဖြစ် သတ်ပစ်လိုက်ရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်လာတဲ့အခါ Agent Leon ကို စုံစမ်းခိုင်းပါတယ်။  Agent Leon က Racoon City မှာ အဲ့ဒီအမှုကိုလိုက်ရင်း zoombie တွေကို တိုက်ခိုက်ရမှာပါ။ နောက်ဆုံးပေါ် Bio-organic attack တွေကို လျှို့၀ှက်ပူးပေါင်း ဖော်ထုတ်ရေးပါ လုပ်နေရတဲ့ leon မှာ စစ်ကူ Helena Harper ဆိုတဲ့ ကောင်မလေးပါ Leon နဲ့အတူလိုက်ပြီး တိုက်ခိုက်ပေးနေဦးမှာပါ။ မြို့တမြို့လုံးကို C-Virus တွေပျံနှံ့နေတဲ့အတွက် တမြို့လုံးမှာရှိတဲ့ လူဦးရေ 90% ကzoombie တွေ ဖြစ်နေကြပါတယ်။ အဲ့ဒီ virus ဘာကြောင့် ဒီလောက် လျှင်မြန်စွာ ပျံနှံ့ရတာလဲ။ ဘယ်သူက ဒီ virus ကို ထွင်လိုက်တာလဲ။

ဘယ်လိုနှိမ်နှင်းရမလဲ ဆိုပြီး Agent နှစ်ယောက်  ခေါင်းချင်းရိုက်နေကြပါတယ်။ Virus ကူးစက်သွားတဲ့ လူတွေက zoombie တွေ ဖြစ်သွားကြတဲ့အပြင် လျှင်လျှင်မြန်မြန် ပြေးလွှားနိုင်ကြပြီး နံရံတွေကိုပါ တွယ်ကပ်နိုင်တဲ့အစွမ်းတွေ ရသွားတဲ့အတွက် နှိမ်နှင်းရတာ ပိုခက်ပါတယ်။ အဲ့လို ပြဿာနာတွေကို ရင်ဆိုင်နေရတဲ့အချိန်မှာ Chris Redfield ဆိုတဲ့ agent နဲ့ သူရဲ့ BSAA partner Piers Nivens တို့က တရုတ်ပြည်မှာ  BSAA အဖွဲ့ရဲ့ အဓိကရုဏ်းတွေကြောင့် လူအများအပြား သေကျေကြရပါတယ်။ အဲ့ဒီ ဖြစ်ရပ်တွေကိုပါ နောက်ကြောင်းပြန်တဲ့ သဘောမျိုးပါ ကစားရဦးမှာပါ။

Resident Evil 6 ထဲမှာ တွေ့ရမယ့် zoombie တွေက ပိုပြီးကြမ်းလာကြတဲ့အပြင် virus ကြောင့် လူသားကနေ ကြောက်စရာကောင်းတဲ့ အကောင်တွေအဖြစ် ပြောင်းလဲသွားတာတွေကိုလည်း ကြုံတွေ့ရမှာပါ။ zoombie တွေအပြင် တရားမ၀င်ဆေးဝါးတွေကို ထုတ်လုပ်နေတဲ့ အကြမ်းဖက်သမားတွေကိုပါ တိုက်ခိုက်သွားရမှာ ဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်းတွေ ရင်ဆိုင်ကြုံတွေ့ရတာဟာ Resident Evil ရဲ့ Flavor လို ဖြစ်နေပါပြီး။ Resident Evil တိုင်းဟာ ဘယ်တော့မှ အေးအေးဆေးဆေး မဆော့ရတဲ့ Action Adventure ဂိမ်းတွေချည်းပါဘဲ။ Resident Evil ပရိတ်သတ်ကြီးကတော့ October မှာ zoombie တွေနဲ့ ၀ုန်းဒိုင်းကြဲကြရတော့မှာ သေချာနေပါပြီ။

 

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *