Cameras, Review

ပြည်တွင်းမှာ အရောင်းရဆုံး စာရင်း၀င် Canon EOS Digital 7D

Canon က အရည်အသွေးမြင့်မားလှတဲ့ ကင်မရာများကို ဆန်းသစ်တီထွင် ထုတ်လုပ်လျှက်ရှိပါတယ်။ ရန်ကုန်ပြည်တွင်းဈေးကွက်မှာတော့ 5D II ပြီးရင် ဒုတိယ အရောင်းရဆုံးဖြစ်နေတဲ့ Canon EOS 7D ကင်မရာကို ဖော်ပြပေးလိုက်ပါတယ်။ အဆိုပါကင်မရာဟာ Professional အသုံးပြုနိုင်တဲ့ အဆင့်မြင့် EOS Digital SLR Camera အမျိုးအစားဖြစ်ပါတယ်။ 18MP ရှိတဲ့ Sensor ၊ ဓါတ်ပုံများကို 8fps နှင့်အထက် ရိုက်ကူးနိုင်ခြင်း၊ ISO12800 ၊ Intelligent viewfinder ၊ Full HD 1080 movies အစရှိတဲ့ အံ့မခန်း Feature တွေကြောင့် လူကြိုက်များတဲ့ ကင်မရာထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

အသုံးပြုထားသည့် Sensor
Canon EOS 7D ကင်မရာမှာ အသုံးပြုထားတဲ့ 18 MP CMOS Sensor က ပုံရိပ်များဆွဲယူရိုက်ကူးတဲ့အခါ အရည်အသွေးမြင့်မားပြီး Resolution ကောင်းတဲ့ပုံများ ရရှိစေပါတယ်။ ထို့ကြောင့် အဆိုပါကင်မရာက Photographer တွေအတွက် စိတ်ကျေနပ်မှုနဲ့ဖန်တီးနိုင်စွမ်းကို အပြည့်အ၀ ပေးစွမ်းနိုင်ပါတယ်။ အလင်းရောင် အားနည်းတဲ့နေရာမျိုးမှာ Flash ကို အသုံးမပြုဘဲ ရိုက်ကူးနိုင်တဲ့စွမ်းရည်ရှိပြီး ထောက်ပံ့ပေးထားတဲ့ ISO Speed ကတော့ 6400 ကနေ 12800 အထိဖြစ်ပါတယ်။

Feature အသစ်
ထပ်တိုးထည့်သွင်းပေးထားတဲ့ Feature အသစ်တွေကတော့ an electronic level, a RAW button, and a new Multi-function button for quick, programmable access to various functions တွေပဲ ဖြစ်ပါတယ်။

အသုံးပြုထားတဲ့ Chips
ထို့ပြင် EOS 7D မှာအသုံးပြုထားတဲ့ Dual “DIGIC 4” Chips က အရောင်အရည်အသွေး ထူးခြားကောင်းမွန်ပြီး Resolution မြင့်တဲ့ ပုံရ်ိပ်များရရှိစေဖို့ အကူအညီပေး ပါတယ်။ ထို့ပြင် Noise များကို ဖယ်ရှားပေးနိုင်ခြင်း၊ ဘတ်ထရီစား သက်သာခြင်း၊ Face Detection နှင့် Full HD Movie များကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။

Display
၃ လက်မရှိတဲ့ Clear View II LCD မှာ လုပ်ဆောင်ချက်တွေအားလုံးကို Display လုပ်မှာ ဖြစ်ပါတယ်။ Real-time မှာ Live view Display လုပ်ပေးနိုင်ပါတယ်။

Body
Body ကိုတော့ Magnesium သတ္ထုဖြင့် ပြုလုပ်ထားတဲ့အတွက် ရာသီဥတုအပြောင်းအလဲဒဏ်ကို ခံနိုင်ပြီး အကြမ်းခံနိုင်တဲ့အပြင် ပေါ့ပါးတဲ့အတွက် အသုံးပြုသူတွေ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

အားသာချက်
သူ့ရဲ့အားသာချက်ကတော့ ၁ နာရီ မိုင် (၃၀) နှုန်း အပြေးမောင်းနေတဲ့ကားတစ်စီးကို ပုံရိပ်ဝါးခြင်းမရှိဘဲ ရိုက်ကူးနိုင်စွမ်းရှိခြင်းဖြစ်ပါတယ်။ ထို့ပြင် အလင်းရောင် အားနည်းတဲ့နေရာမျိုးမှာ Flash မဖွင့်ဘဲ အရည်အသွေးကောင်းတဲ့ပုံများ ရိုက်ကူးနိုင်ခြင်းကလည်း အားသာချက်တစ်ခုလို့ ဆိုနို်င်ပါတယ်။ ISO ရဲ့ performance ကလည်း မြင့်မားပါတယ်။

အားနည်းချက်
Canon 5D Mark II ထက်စာရင်တော့ ကင်မရာရဲ့ Megapixel နိမ့်တာ တွေ့ရပါတယ်။ ဒါကြောင့် အလင်းရောင် အရမ်းအားနည်းတဲ့အချိန်မှာ ရိုက်ကူးရင် ပုံ အရည်အသွေးကောင်းမွန်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကင်မရာမှာ လက်တုန်ခါမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ ပုံရိပ်ဝါးခြင်းကို ထိန်းပေးနိုင်သည့် Image Stabilization မပါ၀င်ခြင်းကလည်း သူရဲ့ အားနည်းချက်လို့ ပြောနိုင်ပါတယ်။

၀ယ်ယူနိုင်မည့်နေရာ
Canon EOS 7D ကို၀ယ်ယူလိုပါက Body only ကို USD 1,600၊ 18-135mm ရှိသော lens အပါအ၀င် USD 1,920၊ 15-85mm ရှိသော lens အပါအ၀င် USD 2,250 ဖြင့် Canon Showroom ဖုန်း ၀၁-၂၄၃-၀၃၆၊ ၀၁-၂၄၃-၀၃၇ သို့ ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *