News

Nokia Lumia 1520 ကို နို၀င်ဘာလ (၁၅) ရက်နေ့ရောင်းမည်

 

Nokia ရဲ့  အရွယ်အစားကြီးမားတဲ့ Lumia 1520 ကို နို၀င်ဘာလ (၁၅) ရက်နေ့မှာစတင်ရောင်းချပေးမှာဖြစ်ပါတယ်။ AT&T လိုင်းပါရှိတဲ့ အမျိုးအစားကို $199 သတ်မှတ်ထားပါတယ်။

ခြောက်လက်မအရွယ်ရှိပြီး Full HD Screen ကိုတပ်ဆင်ထားပါတယ်။ Processor ကိုမြန်နှုန်းမြင့် 2.2GHz quad-core Snapdragon 800 ကိုအသုံးပြုထားပါတယ်။ 2GB RAM ပါရှိပြီး 4G LTE ကို Support ပေးပါတယ်။ 20megapixel camera တပ်ဆင်ထားပြီး အနက်ရောင်၊ အဖြူရောင်၊ အဝါရောင် နဲ့ အနီရောင် လေးမျိုးရွေးချယ်၀ယ်ယူနိုင်ပါတယ်။

ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ကို Microsoft Store မှာပြသထားပါတယ်။Handset ပဲသီးသန့်၀ယ်မယ်ဆိုရင်တော့ $549 သတ်မှတ်ထားပါတယ်။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *