Microsoft က iPad အတွက် Office ကို ထုတ်လုပ်ပေးလိုက်ပါတယ်။ San Francisco မှာ ပြုလုပ်တဲ့ မီဒီယာ တွေ့ဆုံပွဲမှာ ကြေညာလိုက်တာဖြစ်ပါတယ်။ iTunes ကနေ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခပေး အသုံးပြုရမှာ ဖြစ်ပါတယ်။ Microsoft က iPhone အတွက် Office ကို အရင်ကတည်းက ထုတ်လုပ်ပေးထားပြီး ဖြစ်ပါတယ်။
Office Document တွေကို ဖတ်ရှုရင် အခပေးစရာမလိုဘဲ Edit ပြုလုပ်မယ်ဆိုရင် Office 365 Subscription ကို ၀ယ်ယူအသုံးပြုရမှာ ဖြစ်ပါတယ်။ iPhone မှာလည်း Edit လုပ်ချင်ရင် ၀ယ်သုံးရတယ်လို့ သိရပါတယ်။ Document တွေကြည့်တာ နဲ့ Presentation တွေပြုလုပ်တာကိုတော့ အခမဲ့ လုပ်ဆောင်နိုင်ပါတယ်။ Edit ပြုလုပ်မယ်ဆိုရင်တော့ လစဉ်ကြေးပေးပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။
Office Suite မှာ Word, PowerPoint , Excel တို့ပါရှိပြီး ဖိုင်တွေကို OneDrive နဲ့ SharePoint တို့မှာ သိမ်းနိုင်ပါတယ်။ iPad မှာလည်း သိမ်းနိုင်ပါတယ်။ ကွန်ပြူတာမှာလို Ribbon Interface ကို iPad မှာ ပြုလုပ်ပေးထားပါတယ်။ ဒါပေမယ့် ထူးခြားတဲ့အတွေ့အကြုံကို ခံစားအသုံးပြုနိုင်မယ်လို့ Microsoft က ပြောပါတယ်။
iPad အတွက် Office ကို အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပြီဖြစ်ပြီး Premium Features တွေကို ရက်သုံးဆယ် စမ်းသပ်အသုံးပြုနိုင်ပါတယ်။ ရက်သုံးဆယ် ပြည့်သွားပြီး Premium Feature တွေကို အသုံးပြုချင်ရင်တော့ တစ်လလျှင် စတာလင်ပေါင် ၇.၉၉ နဲ့ ၀ယ်ယူရမှာဖြစ်ပါတယ်။ တစ်နှစ်လျှင် စတာလင်ပေါင် ၇၉.၉၉ ကျသင့်မှာ ဖြစ်ပါတယ်။ ၀ယ်ယူအသုံးပြုတဲ့သူတွေအတွက် Windows, iPhone, Android, Mac တို့မှာပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။