News

3D Printer နဲ့ ထုတ်လုပ်တဲ့ ပလတ်စတစ် ဦးခေါင်းခွံ ကို လူရဲ့ ဦးခေါင်းခွံ နဲ့ လဲလှယ်

3D Printer တွေဟာ လူရဲ့ ခန္တာကိုယ် အစိတ်အပိုင်းတွေဖြစ်တဲ့ လက်ချောင်း၊ လက်မောင်း၊ လက်ဖျံ ၊ မေးရိုး အပြင် ဘဲရဲ့ ခြေထောက်ကိုပါ ထုတ်လုပ်ပေးနိုင်ပြီဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ လူရဲ့ ဦးခေါင်းခွံကို ပါ ထုတ်လုပ်ပေးနိုင်ပါပြီ။ ပလတ်စတစ် ဦးခေါင်းခွံ ကို သြစတျေးလျ အဖွဲ့အစည်း တစ်ခု က ပြုလုပ်ပေးလိုက်တာဖြစ်ပြီး နယ်သာလန် မှာ ရှိတဲ့ Urecht University ရဲ့ Medical Center မှာ လူနာရှင် အမျိုးသမီး ကို ခွဲစိတ် အစားထိုးလဲလှယ်ပေးလိုက်တာဖြစ်ပါတယ်။ ခွဲစိတ်မှုနာရီပေါင်း (၂၃) နာရီ ကြာမြင့်ခဲ့ပြီး လွန်ခဲ့တဲ့ သုံးလလောက်က ခွဲစိတ်ခဲ့တာဖြစ်ပါတယ်။ လူနာရှင် အမျိုးသမီး ဟာ အခုဆိုရင် အလုပ်ပြန်လုပ်နေပြီလို့ နယ်သာလန် သတင်းစာ က သတင်းပေးပါတယ်။

နယ်သာလန် နိုင်ငံသူအမျိုးသမီး ရဲ့ ဦးခေါင်းခွံဟာ သာမာန်ဦးခေါင်းခွံ ရဲ့ သုံးဆလောက် ကြီးမားလာတဲ့ ရှားပါးတဲ့ ရောဂါဝေဒနာ ကို ခံစားခဲ့ရတာဖြစ်ပါတယ်။ ဦးခေါင်းခွံကြီးမားလာမှု ကြောင့် ဦးနှောက် ကို ဖိမိပြီး ခေါင်းမူးနောက်တာ၊ အမြင်အာရုံ ဆုံးရှုံးတာတွေ ဖြစ်ပေါ်လာပါတယ်။

“ 3D Printing နည်းပညာဟာ ဦးခေါင်းခွံရဲ့ အရွယ်အစား အတိအကျကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အရင်တုန်း က ဦးခေါင်းခွံ ရဲ့ အစိတ်အပိုင်းတစ်ချို့ကို လဲလှယ်ခဲ့ဖူးပေမယ့် ဦးခေါင်းခွံ တစ်ခုလုံး ကို လဲလှယ်တာ ဟာ ဒါပထမဆုံး ဖြစ်ပါတယ်။ နောက်ပြီး အမျိုးသမီးဟာ ပလတ်စတစ်ဦးခေါင်းခွံ ကို အသုံးပြုနေတဲ့ ပထမဆုံးလူတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ “ လို့ ခွဲစိတ်ဆရာ၀န် အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်သူ Verweij က နယ်သာလန် သတင်းစာ ကို ပြောပါတယ်။

ဦးခေါင်းခွံကို လဲလှယ်တဲ့ ဗီဒီယို ကို အောက်မှာ ကြည့်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *