Apps

Windows 8.1 Update ရဲ့ စွမ်းဆောင်ချက် အသစ်များ

Microsoft က Windows 8.1 Update ကို ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ Windows 8.1 အတွက် ပထမဆုံး Update ဖြစ်ပြီး ပြောင်းလဲမှုများ နဲ့ စွမ်းဆောင်ချက် အသစ်များ ပါရှိလာပါတယ်။ အဲဒီ ပြောင်းလဲမှုများ နဲ့ စွမ်းဆောင်ချက် အသစ်များ ကို ရေးသားပေးလိုက်ပါတယ်။

Boot to Desktop
Windows 8.1 Update မှာ Start Screen အစား Desktop ကို Default အနေနဲ့ Boot တက်ပေးမှာ ဖြစ်ပါတယ်။ Windows 7 ကို နှစ်သက်သူများ အတွက် ပျော်ရွှင်စရာ သတင်းတစ်ရပ်ဖြစ်ပါတယ်။ ၀င်းဒိုး အသုံးပြုသူအများစုကလည်း အဲဒီ ပြောင်းလဲမှု ကို နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ Start Screen ဆီသို့ Boot တက်ချင်သူများအတွက် လည်း ပြုပြင်ပြောင်းလဲနိုင်ပါတယ်။

Internet Explorer 11
Internet Explorer အသစ် ကို စွမ်းဆောင်ချက်များစွာ ထည့်သွင်းပေးထားပါတယ်။ IE11 ဟာ အသုံးပြုတဲ့ Device နဲ့ Input Method ပေါ်မူတည်ပြီး အင်တာနက် အသုံးပြုမှု ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဘရောက်စာ ကို စကရင်ပေါ်မှာ အသုံးပြုလို့ ရသလို Full Screen အနေနဲ့ အသုံးပြုလို့ ရလာပါတယ်။ Windows 8.1 Device နဲ့ Windows Phone 8.1 Phone ကြားမှာ လင့်တွေ၊ Browser History တွေ ကူးပြောင်းပေးပို့နိုင်ပါတယ်။

ပိုမိုကောင်းမွန်လာတဲ့ Office Apps
PowerPoint, Excel , Word တို့ ကို ထိတွေ့ အသုံးပြုလို့ရလာပြီး Windows 8.1 Device အားလုံးမှာ အသုံးပြုလို့ ရလာပါတယ်။ Ribbon Interface ကိုလည်း အသုံးပြုလို့ရလာမှာ ဖြစ်ပါတယ်။

SkyDrive ကို OneDrive လို့ အမည်ပြောင်းလိုက်ပါတယ်။
Microsoft က SkyDrive အမည် ကို မူပိုင်ခွင့် အရ ဆုံးရှုံးခဲ့တဲ့အတွက် OneDrive လို့ အမည်ပြောင်းလဲလိုက်ရပါတယ်။ အဲဒီပြောင်းလဲမှု ကို Windows 8.1 Update မှာ ထည့်သွင်းပေးလိုက်ပါတယ်။ စွမ်းဆောင်ချက်အားလုံး ဟာ မပြောင်းလဲဘဲ နဂို အတိုင်း အသုံးပြုလို့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင် Sync ပြုလုပ်ရမှာ ဖြစ်ပြီး Sync Status ကို ပြသပေးတဲ့ Taskbar Icon ပါရှိလာပါတယ်။

Security Updates
Microsoft က Windows 8.1 အသုံးပြုသူအားလုံး ကို Windows 8.1 Update ရယူဖို့ အကြံပေးထားပါတယ်။ Windows 8.1 Update ကိုရယူမှသာ နောက်ဆုံးထုတ် Security Updates များ ကို ရယူနိုင်မယ်လို့ သိရပါတယ်။

Power On and Off
Start Screen မှာ Power Icon ကို ထားရှိပေးထားပါတယ်။ အဲဒီအတွက် ကွန်ပြူတာ ကို ပိတ်ဖို့ PC Settings ကိုဖွင့်စရာ မလိုဘဲ လွယ်ကူလျှင်မြန်စွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Search Icon
Microsoft က Start Screen မှာ Search Icon ကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီအတွက် ကွန်ပြူတာ မှာ ရှာဖွေချင်တာ ကို လွယ်ကူစွာ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

Right Click
Start Screen က Tiles တွေပေါ်ကို Right Click နှိပ်ရင် Context Menu ပေါ်လာမှာဖြစ်ပါတယ်။ Context Menu က စွမ်းဆောင်ချက်တွေကို တော့ အရင်ကတည်း က အသုံးပြုလို့ရတာ ဖြစ်ပေမယ့် Keyboard , Mouse အသုံးပြုသူများအတွက် ပိုမို အဆင်ပြေလာပါတယ်။

New Apps
New Apps တွေကို Highlight လုပ်ပြီး ပြသပေးထားမှာ ဖြစ်တဲ့အတွက် App အသစ်တွေကို ခွဲခြား သိနိုင်ပါတယ်။ Column တွေကို ပိုမိုကျယ်အောင်လုပ်ပေးထားတဲ့အတွက် နာမည်ရှည်လျားတဲ့ Apps တွေကို ဖတ်ဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်။ Apps တွေကို နှစ်သက်သလို နေရာချလို့ရလာပါတယ်။ Icons တွေရဲ့ အရွယ်အစား ကို သေးငယ်အောင် ပြုလုပ်လို့ရလာတဲ့ အတွက် Screen တစ်ခုထဲမှာ Apps အများအပြားကို တွေ့မြင် အသုံးပြုနိုင်ပါတယ်။

Installed New Apps
App အသစ်တွေ အင်စတော လုပ်ပြီးတိုင်း ဘယ်ဘက်အောက်ထောင့်မှာ Message ကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ Message ကို နှိပ်ရင် Apps View ကိုပြပေးမှာ ဖြစ်ပြီး မကြာမီ က အင်စတော လုပ်ထားတဲ့ Apps တွေကို တွေ့မြင်နိုင်ပါတယ်။

Desktop Changes
Store Apps တွေကို Desktop ရဲ့ Taskbar မှာ Pin လုပ်နိုင်လာပါတယ်။ Store App တွေကို Run ရင် Desktop App တွေလိုပဲ Taskbar မှာလည်း ပြသပေးမှာ ဖြစ်ပါတယ်။ အိုင်ကွန် ကို နှိပ်ရင် Thumbnail ကို ပြပေးမှာ ဖြစ်ပြီး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ Desktop နဲ့ Start Screen ကြားမှာ ကူးပြောင်းပြီး အသုံးပြုရတဲ့ အလုပ်ရှုပ်မှုတွေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

Close and Minimize Modern Apps
Modern Apps တွေမှာ Minimize နဲ့ Close Buttons တွေပါရှိလာပါတယ်။ Desktop App တွေကို ပိတ်သလို ခလုတ် တစ်ချက်နဲ့ ပိတ်နိုင်ပါတယ်။ အရင်တုန်း က Modern Apps တွေကို ပိတ်ဖို့အတွက် စကရင် ရဲ့ အပေါ်ဆုံး ကို Drag and Drop လုပ်ပြီး အောက်ဆုံး ကို ဆွဲချရတာဖြစ်ပါတယ်။ Modern Apps တွေမှာ Minimize , Close ခလုတ်တွေကို အသုံးပြုဖို့ အတွက် Mouse Cursor ကို App ရဲ့ အပေါ်ဆုံး ကို တင်ရမှာ ဖြစ်ပါတယ်။ အဲဒီအခါကျမှ ခလုတ်တွေ ပေါ်လာမှာ ဖြစ်ပါတယ်။

Tap and A Half
Tap and A Half က Gesture စွမ်းဆောင်ချက် အသစ်တစ်ခုဖြစ်ပါတယ်။ Touch Pad မှာ နှစ်ချက်နှိပ်ပြီး ဒုတိယ တစ်ချက် ကို ဖိထားရင် စာသားတွေကို Highlight လုပ်ပေးမှာ ဖြစ်ပြီး Drag လုပ်ပြီး နှစ်သက်ရာ နေရာ ကို ရွှေ့နိုင်ပါတယ်။

Windows 8.1 Update မှာ Build Conference မှာ ကြေညာခဲ့တဲ့ Start Menu ပါရှိလာမှာ မဟုတ်သေးပါဘူး။ နောက်ထွက်လာမယ့် Windows 8.1 Update တွေမှာ ပါရှိလာမယ်လို့ Microsoft ကပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *