News

iPad Air အရောင်း စံချိန်တင်

iPad Air တွေရောင်းအားကောင်းသလောက် iPad mini with retina display တွေကတော့ ရောင်းအားထိုင်းနေတယ်လို့သိရပါတယ်။ iPad Air ရဲ့တစ်ပတ်အတွင်းရောင်းအားဟာ ပြီးခဲ့တဲ့နှစ်က iPad 4 နဲ့ iPad mini တို့ရဲ့ရောင်းအားကိုကျော်လွန်နေပါပြီ။

ပြီးခဲ့တဲ့နှစ်က iPad 4 နဲ့ iPad mini တို့ဟာ စုစုပေါင်း အလုံးရေ သုံးသန်း ရောင်းချခဲ့ရပါတယ်။ ဒီနှစ်မှာတော့ iPad Air ဟာ ၂.၅ သန်း ကနေ ၃.၅ သန်း ကြားမှာရောင်းရမယ်လို့ခန့်မှန်းတွက်ချက်နေကြပါတယ်။ စာရင်းအတိအကျကိုတော့ နောက်ရက်မှာပြုလုပ်နေကျဖြစ်တဲ့ Apple ရဲ့ စာနယ်ဇင်းပွဲမှာ သိရပါမယ်။ လက်ရှိစာရင်းတွေအရတော့ ရောင်းအားကတော်တော်ကောင်းမွန်နေတာဖြစ်ပါတယ်။

iPad Air ကိုစတင်ရောင်းချပေးတဲ့နိုင်ငံတွေဟာလည်း အရင် iPad တွေကိုစတင်ရောင်းချပေးတဲ့နိုင်ငံတွေထက်ပိုမိုများပြားလာတာလည်းရောင်းအားတိုးတက်လာတဲ့ အကြောင်းတစ်ချက်ဖြစ်ပါတယ်။ iPad Air ကို အဓိက ဈေးကွက်တွေတည်ရှိတဲ့ နိုင်ငံတွေအပါအ၀င်နိုင်ငံပေါင်း ( ၅၂) နိုင်ငံကို ရောင်းချပေးခဲ့တာဖြစ်ပါတယ်။ အရင် iPad တွေကိုတော့ နိုင်ငံပေါင်း( ၂၇) နိုင်ငံမှာသာစတင်ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *