News

စမတ်လက်ကောက် တွေပေါ်လာပြီ

အခုပေါ်ထွက်နေတဲ့ Samsung Galaxy Gear , Sony Smartwatch တို့  ရဲ့  ဒီဇိုင်းတွေဟာ လှပပေမယ့် Electronics ပစ္စည်းပုံစံတွေဖြစ်ပါတယ်။ အမျိုးသမီး တွေ ၀တ်ဆင်ဖို့အတွက်တော့ ဖက်ရှင်ကျလှပတဲ့ ဒီဇိုင်းတွေမဟုတ်ပါဘူး။ Atlanta က အမျိုးသမီး နှစ်ယောက်က ဒီ ပြဿနာကိုဖြေရှင်းဖို့အတွက် MEMI ဆိုတဲ့ Project တစ်ခုကိုပြုလုပ်လိုက်ပါတယ်။

အမျိုးသမီး များအတွက် အမျိုးသမီးများက ပြုလုပ်ထားတဲ့ စမတ် လက်ကောက် တွေပါလို့ ကြော်ညာထားကြပါတယ်။ တောက်ပတဲ့ ငွေရောင်လက်ကောက်လေးတွေဖြစ်ပြီး  စမတ် နာရီ တွေလိုပဲ စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် စမတ်နာရီ တွေလိုတော့ နာရီကြည့်လို့ရတဲ့ မျက်နှာပြင်နဲ့ Functionsတွေတော်တော်များများတော့မပါပါဘူး။ MEMI က Phone Calls , Messages တွေလာရင် လက်ကောက်ကို တုန်ခါပြီး အသိပေးနိုင်ပါတယ်။

စမတ်ဖုန်းတွေနဲ့ တွဲဖက်နိုင်တယ်ဆိုပေမယ့် အခုလောလောဆည်တော့ iPhone တွေနဲ့ပဲချိတ်ဆက်အလုပ်လုပ်နိုင်ပါသေးတယ်။ iOS App ကိုအသုံးပြုရမှာဖြစ်ပြီး လူတွေသတ်မှတ်ထားနိုင်ပြီး သတ်မှတ်ထားတဲ့ လူတွေ ကဆက်သွယ်တဲ့အခါမှသာ စမတ်လက်ကောက်ကို အချက်ပေးခိုင်းဖို့ပြုလုပ်နိုင်ပါတယ်။

MEMI မှာ USB ကနေအားသွင်းနိုင်တဲ့ အပေါက်ပါရှိပြီး စမတ်လက်ကောက်ကို အဖွင့်၊ အပိတ်လုပ်ရင်သိနိုင်ဖို့ LED လည်းပါရှိပါတယ်။ ဈေးနုန်းကိုတော့ $150 သတ်မှတ်ထားပါတယ်။

စမတ်လက်ကောက်က Kickstarter လို့ခေါ်တဲ့  Crowdfunding Platform ဖြစ်ပြီး ဒီ Project အောင်မြင်ဖို့  လူအများကဝိုင်း၀န်းပံ့ပိုးပေးကြတာဖြစ်ပါတယ်။ သူတို့ရဲ့ Funding Goal ကို $100,000 သတ်မှတ်ထားပြီး အခုလောလောဆည် $24,000 ရရှိနေပါပြီ။ ၂၀၁၄ သြဂုတ် လလောက်မှာ စတင်ရောင်းချနိုင်မယ်လို့မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *