News

ရွှေနဲ့ပြုလုပ်ထားတဲ့ iPad Air နဲ့ iPad Mini Retina Display ရပြီ

Apple က iPhone 5S ကိုရွှေရောင် Model နဲ့ထုတ်လုပ်ရောင်းချပေးနေပေမယ့် တစ်ကယ့် ရွှေအစစ်ကို အသုံးပြုချင်တဲ့သူတွေအတွက် Goldgenie Company ရဲ့ သတင်းက ၀မ်းသာစရာဖြစ်ပါတယ်။ Apple ရဲ့ နောက်ဆုံး ထွက် Tablet တွေဖြစ်တဲ့ iPad Air နဲ့ iPad Mini Retina Display တို့ကို ၂၄ ကာရက်ရွှေနဲ့ ပြုလုပ်ထားတဲ့ ကာဗာ တွေ တပ်ဆင်ပြီး ထုတ်လုပ်ရောင်းချပေးလိုက်ပါပြီ။

အဲဒီ အထူးပြုလုပ်ထားတဲ့ iPad တွေ မှာ Wifi , 4G တို့အသုံးပြုလို့ရမှာဖြစ်ပြီး Carrier မပါဘဲရောင်းချပေးမှာပါ။ iPad Air ရဲ့ 16GB Version ကို £1,386 သတ်မှတ်ထားပြီး 128GB Version ကို £1,825 သတ်မှတ်ထားပါတယ်။ iPad Mini Retina Display ရဲ့ 16GB Version ကို £1,377 သတ်မှတ်ထားပြီး 128GB Version ကို £1,777 သတ်မှတ်ထားပါတယ်။

iPad နှစ်မျိုးစလုံးကို Goldgenie ၀က်ဆိုက်ကနေကြိုတင်မှာယူနိုင်ပါပြီ။ iPad Mini Retina Display ကိုတော့ ရောင်းချခြင်းမရှိသေးပါဘူး။ Apple က iPad Mini ကို နို၀င်ဘာလ နောက်ပိုင်းမှာရောင်းချမယ်လို့ကြေညာထားပြီး iPad Mini ထွက်ရှိတာနဲ့ (၂၄) ရက်အကြာမှာ ရွှေနဲ့ပြုလုပ်ထားတဲ့ iPad Mini ကိုပြုလုပ်ရောင်းချပေးမယ်လို့ Goldgenie ကပြောကြားပါတယ်။
ရွှေ ၊ ပလက်တီနမ် တို့အပြင် ရွှေနဲ့ ကော့ပါး တို့ပေါင်းစပ်ပြုလုပ်ထားတဲ့ Rose Gold Version ကိုလည်းရွေးချယ်၀ယ်ယူနိုင်မှာပါ။

Goldgenie က သင့်ကိုယ်ပိုင်ပစ္စည်းတွေကိုရွှေ နဲ့ အလှဆင်ပေးမယ့် ၀န်ဆောင်မှုကိုလည်း ပြုလုပ်ဖို့စဉ်းစားနေတယ်လို့ ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *