Mobile, Review

iPad Air Review

Apple ရဲ့ Fifth Generation iPad ဖြစ်တဲ့ iPad Air ဟာ ဒီဇိုင်းပိုင်းမှာ လုံး၀ပြောင်းလဲလာပြီး ပိုမိုပါးလွှာလာသလို၊ ပိုမိုပေါ့ပါးလာ ပါတယ်။ iPad Air ဟာ သူ့အရင်မျိုးဆက်ထက် စွမ်းဆောင်ရည်လည်း ပိုမိုကောင်းမွန်လာပါတယ်။ iPad Air ရဲ့ စွမ်းဆောင်ရည် အသေးစိတ်ကို အောက်မှာ ဆက်ဖတ်ပါ။

ဒီဇိုင်း
Apple ဟာ ပြီးခဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ iPad Mini ကို ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ပွဲထုတ်လာခဲ့ပါတယ်။ iPad Air ဟာလည်း iPad Mini ရဲ့ ဒီဇိုင်း အတိုင်းပြုလုပ်ထားတာဖြစ်ပြီး အရွယ်အစားသာကွာခြားတယ်လို့မှတ်ယူနိုင်ပါတယ်။ iPad Air ဟာ ၉.၇ လက်မ အရွယ်ရှိပြီး 2048×1536 P Resolution ရှိပါတယ်။iPad Air ဟာ iPad Mini ထက်အရွယ်ပိုကြီးတဲ့အတွက် အောက်ခြေမှာရှိတဲ့ စပီကာ ဟာ လည်း ပိုကြီးလာပါတယ်။ iPad Air ရဲ့ WiFi Only Model ဟာ တစ်ပေါင်လောက်သာ အလေးချိန်ရှိပြီးအရင် iPad ထက် ၀.၄ ပေါင် ပိုပေါ့ပါးလာပြီး iPad Mini ထက် ၀.၃ ပေါင်သာ အလေးချိန်ပိုပါတယ်။ ခလုတ်တွေကို ညာဘက်အပေါ်ထောင့်မှာ ပြောင်းလဲ ထားရှိခြင်းက အသုံပြုရတာပိုမိုအဆင်ပြေလာပါတယ်။ Stereo Speaker , Lightning Connector တို့ကို အောက်ခြေမှာ တွေ့နိုင်ပါတယ်။ အသံထွက်ပိုမိုကျယ်လာတာကိုလည်း တွေ့ရပါတယ်။ iPhone 5S မှာပါရှိလာတဲ့ Touch ID ပါမလာတာ ကတော့ iPad ကြိုက်နှစ်သူတွေအတွက် ပြောစရာတစ်ခုဖြစ်ပါတယ်။ Touch ID က ကုတ် တွေကို ရိုက်စရာမလိုဘဲ iPhone 5S ရဲ့ Home Button ပေါ်ကို လက်ချောင်းကလေး တင်ရုံနဲ့ Unlock လုပ်နိုင်တာဖြစ်ပါတယ်။ iTunes ကနေ၀ယ်ယူတာတွေ ကိုလည်း Touch ID ကို အသုံးပြုနိုင်ပါတယ်။ အနာဂတ်မှာ ထုတ်လုပ်မယ့် iPad တွေမှာ Touch ID ပါရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

A7 Power
iPad 4 ထွက်ရှိလာတဲ့အခါမှာ iPhone 5 ရဲ့ A6 Processor ကို ပြုပြင်ထားတဲ့ A6X Processor နဲ့ပွဲထုတ်လာခဲ့ပါတယ်။ iPad Air မှာ တော့ iPhone 5S က A7 Processor နဲ့ပွဲထွက်လာခဲ့ပါတယ်။ iPad Air ရဲ့ စွမ်းဆောင်ရည်ဟာလည်း အလွန်လျှင်မြန်လာတာတွေ့ရပါတယ်။ နောက်ဆုံးထုတ် iPhone 5S ထက်တောင်ပိုမြန်တာတွေ့ရပါတယ်။ စွမ်းဆောင်ရည် တွေကိုတိုင်းတာတဲ့ Geekbench အဖွဲ့ရဲ့ စမ်းသပ်ချက်အရ iPad Air ရဲ့ Processor Speed ဟာ 1.39GHz ဖြစ်ပြီး iPhone 5S ရဲ့ နှုန်းဟာ 1.29GHz ဖြစ်ပါတယ်။ iPad Air ရဲ့ စွမ်းဆောင်ရည်ဟာ အလွန်ကောင်းမွန်ပြီး Web Page တွေကိုလျှင်မြန်စွာဖွင့်နိုင်တာ တွေ့ရပါတယ်။

Battery Life
Apple က iPad Air ဟာ ဆယ်နာရီကြာ အသုံးခံမယ်လို့ပြောထားပေမယ့် တကယ်တမ်းအသုံးပြုတဲ့အခါ မှာ ပို အသုံးခံတာကို တွေ့ရပါတယ်။ iPad 4 ကိုစမ်းသပ်တဲ့အခါမှာ ၁၃ နာရီ အသုံးခံပြီး iPad Air ကို အသုံးပြုတဲ့အခါမှာတော့ ၁၃ နာရီ နဲ့ ဆယ်မိနစ် အသုံးခံတာတွေ့ရပါတယ်။ တစ်နေ့လုံး စွမ်းအားပြည့်မောင်းနှင်အသုံးပြုလို့ရပါတယ်။ ၀က်ဆိုက်တွေပဲကြည့်တဲ့သူတွေအတွက် ရက်အနည်းငယ်အထိ ဘက်ထရီ အသုံးခံမှာဖြစ်ပါတယ်။

Camera
အနောက်ဖက် ကင်မရာကို 5Megapixel တပ်ဆင်ထားပြီး အရင် iPad 4 အတိုင်းပဲဖြစ်ပါတယ်။ အရှေ့ဖက် ကင်မရာ ကိုတော့ 1.2 Megapixel တပ်ဆင်ထား တဲ့ အတွက် FaceTime အသုံးပြုရအဆင်ပြေစေပြီး Upgrade ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ အနောက်ဖက် ကင်မရာ ဟာ Megapixel ပိုင်းအရ iPad 4 နဲ့အတူတူဖြစ်ပေမယ့် Sensor အသစ်တပ်ဆင်ပေးထားပြီး Pixel တွေကကြီးမားတယ်လို့ဆိုပါတယ်။ အလင်းရောင်နည်းတဲ့ နေရာတွေမှာ တောင် ပုံထွက်ကောင်းမွန်မှာဖြစ်ပါတယ်။

Connectivity
WiFi အတွက် Dual Antenna ကို အသုံးပြုထားပါတယ်။MIMO (multiple-input, multiple-output) လို့ခေါ်ပြီး ကွန်နက်ရှင် ကို နှစ်ဆမြှင့်တင်ပေးနိုင်ပါတယ်။ Compatible ဖြစ်တဲ့ Router နဲ့အသုံးပြုရင် 300Mbps အထိလိုင်းဆွဲအားကောင်းပါတယ်။ 802.11n ကို Support မပေးတာကတော့ ပြောစရာရှိပါတယ်။ ဒေါ်လာ ၁၃၀ အကုန်အကျခံမယ်ဆိုရင် WiFi အပြင် Cellular ပါပါတဲ့ Model ကို ရရှိမှာဖြစ်ပါတယ်။EDGE, HSPA+, CDMA, or LTE စတာတွေအားလုံးကို အသုံးပြုနိုင်ပါတယ်။ Bluetooth 4.0 ကို အသုံးပြုလို့ရမှာဖြစ်တဲ့အတွက် ကီးဘုတ် ၊ စပီကာ တွေနဲ့ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီလည်း သက်သာစေပါတယ်။

Competition
iPad Air ဟာ ၉.၇ လက်မအရွယ်ရှိပြီး ၁၀ လက်မ အရွှယ် Tablet တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Micrsoft ရဲ့ Surface 2 ဟာ 32GB Model ကို ဒေါ်လာ ၄၄၉ သတ်မှတ်ထားပြီး iPad Air ထက် ဒေါ်လာ ၅၀ သက်သာပါတယ်။ အလွန်စွမ်းဆောင်ရည်မြင့်မားတဲ့ Tablet ဖြစ်ပေမယ့် iPad Air ထက်ပိုထူပြီး ပိုလေးပါတယ်။ Resolution နဲ့ ဘက်ထရီ ကလည်း iPad Air ထက် အနည်းငယ် နိမ့်ကျပါတယ်။ အလုပ်အတွက်တော့ Surface 2 က ပိုသင့်တော်ပြီး ကီးဘုတ်ပါရှိတာကလည်း တစ်ခြား Tablet တွေထက်အလုပ်ပိုတွင်ကျယ်စေပါတယ်။ Windows RT ကို အသုံးပြုထားတဲ့အတွက် App တွေကတော့ နည်းပါးနေပါသေးတယ်။

Samsung Galaxy Note 10.1 2014 Edition က 16GB ကို ဒေါ်လာ ၅၄၉ သတ်မှတ်ထားတဲ့အတွက် iPad Air ထက် ဒေါ်လာ ၅၀ ပိုများနေပါတယ်။ Stylus ပါရှိတာက အားသာချက်တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကထုတ်လုပ်ခဲ့တဲ့ Nexus 10 က 16GB ကို ဒေါ်လာ ၃၉၉ သတ်မှတ်ထားပါတယ်။

အနှစ်ချုပ်
iPad Air ဟာ စွမ်းဆောင်ရည်ပိုင်း ၊ ဒီဇိုင်းပိုင်းမှာ ပိုမိုကောင်းမွန်လာပေမယ့် Function အသစ်တွေကိုတော့ မတွေ့ရပါဘူး။ ဘက်ထရီ သက်တမ်းကလည်း အလွန်ကောင်းမွန်ပါတယ်။ သူနဲ့ အရွယ်အစားတူ Tablet တွေထဲမှာတော့ အပါးလွှာဆုံး နဲ့ အပေါ့ပါးဆုံး ဖြစ်ပါတယ်။ အများမျှော်လင့်ထားတဲ့ Touch ID တော့မပါရှိလာပါဘူး။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “iPad Air Review

Leave a Reply

Your email address will not be published. Required fields are marked *