News

Apple က 4G LTE အသုံးပြုနိုင်တဲ့ iPad Air နဲ့ iPad Mini Retina ကို တရုတ် မှာ ရောင်းချ

Apple က 4G LTE အသုံးပြုနိုင်တဲ့ iPad Air နဲ့ iPad Mini Retina Display တို့ကို တရုတ်မှာ စတင်ရောင်းချပေးလိုက်ပြီဖြစ်ပါတယ်။ China Mobile ရဲ့ လျှင်မြန်တဲ့ 4G Network ကို iPad များမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

iPad Air (WiFi and 4G LTE) အမျိုးအစားရဲ့ 16GB Model ကို ယွမ် ၄၄၈၈ (ဒေါ်လာ ၇၂၁) ၊ 128GB Model ကို ယွမ် ၆၅၈၈ (ဒေါ်လာ ၁၀၆၀) ဖြင့် ရောင်းချပေးနေပါတယ်။ iPad Mini Retina Display (WiFi and 4G LTE) ရဲ့ 16GB အမျိုးအစား ကို ယွမ် ၃၇၈၈ (ဒေါ်လာ ၆၀၉) ၊ 128GB အမျိုးအစား ကို ယွမ် ၅၈၈၈ (ဒေါ်လာ ၉၄၇) ဖြင့် ရောင်းချပေးနေပါတယ်။

Apple ဟာ China Mobile ရဲ့ 4G Network ကို အသုံးပြုနိုင်မယ့် TD-LTE စံနှုန်း ကို iPhone များမှာ အသုံးပြုခွင့် ကို ရရှိခဲ့တဲ့ နောက်ပိုင်းမှာ တရုတ် အာဏာပိုင်တွေက 4G License တွေကို အဓိက Operator သုံးခု ကို ပြီးခဲ့တဲ့နှစ် မှာချပေးခဲ့တာဖြစ်ပါတယ်။ Apple က အသုံးပြုသူ သန်း (၇၆၀) ရှိတဲ့ ကမ္ဘာ့အကြီးဆုံး Mobile Carrier ဖြစ်တဲ့ China Mobile နဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ ကို နှစ်ရှည်လများ ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ China Mobile က iPhone တွေကို ဒီနှစ် ဇန်နဝါရီလ မှာ စတင်ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *