Mobile, News

Apple က iPad Air ကိုထုတ်ဖော်ပြသ

Apple  က San Francisco မှာမနေ့ကပြုလုပ်တဲ့ Event မှာ Fifth Generation iPad ဖြစ်တဲ့ iPad Air ကိုထုတ်ဖော်ပြသလိုက်ပါတယ်။

ဒီဇိုင်းအသစ်

iPad 2 ကတည်းကအသုံးပြုခဲ့တဲ့ဒီဇိုင်း နဲ့ကွဲပြားစွာ iPad Air ကိုပြုလုပ်ထားပါတယ်။ iPad Air ကို 9.7 လက်မ Display နဲ့ပြုလုပ်ထားပြီးအရင် iPad တွေအတိုင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် iPad Mini ရဲ့ ပုံစံအသွင်ပြောင်းထားပါတယ်။   အလေးချိန်ကတော့ 1 pound ပဲရှိတော့တဲ့အတွက် ကမ္ဘာ မှာ အပေါ့ပါးဆုံး  Tablet ဖြစ်လာပါတယ်။ အရင် iPad က 1.4 pound အလေးချိန်ရှိတဲ့အတွက် 0.4 pound လျှော့နည်းသွားတာပါ။ အထူကလည်း 7.5mm ပဲရှိတော့တဲ့အတွက် အရင် iPad တွေထက် 25% ပိုပြီးပါးလွှာပါတယ်။ မျှော်လင့်နေကြတဲ့ TouchID တော့ပါမလာပါဘူး။

Processor

Apple  က iPad Air Processor ကို  iPhone 5S မှာအသုံးပြုခဲ့တဲ့ A7 ကိုအဆင့်မြှင့်အသုံးပြုလာပါတယ်။ First Generatioin iPad တွေထက် ရှစ်ဆ ပိုမြန်လာပြီး Graphics ကတော့ (၇၂) ဆပိုမြန်လာပါတယ်။Processor အသစ်မှာ iPhone 5S   မှာအသုံးပြုတဲ့   M7 Motion Co-processor လည်းပါရှိလာပါတယ်။

A7 Processor က Products  အသစ်အားလုံးမှာအသုံးပြုတဲ့   64-bit Architecture ကိုအသုံးပြုထားပါတယ်။ MIMO နည်းပညာကိုအသုံးပြုထားပြီး Wi-Fi သုံးရင်ပိုမိုမြန်ဆန်လာစေပါတယ်။ ဘက်ထရီ ကတော့ ဆယ် နာရီအသုံးခံမှာဖြစ်ပါတယ်။

 

Camera

iPad Air မှာ 5MP iSight Camera ကိုအသုံးပြုထားပြီး 1080p FaceTime Camera ကိုအသုံးပြုထားပါတယ်။Video Chat ဖို့အတွက် Microphone နှစ်ခုပါရှိပါတယ်။

Pricing and Availability

iPad Air ကို  အနက်၊ အဖြူ၊ ငွေ ၊ ခဲ ရောင်တို့ရွေးချယ်၀ယ်နိုင်ပါတယ်။ရွှေရောင်တော့ပါမလာပါဘူး။ အနည်းဆုံးဈေး $499 သတ်မှတ်ထားပြီး Wifi နဲ့  Cellular ပါရင်တော့ $629 သတ်မှတ်ထားပါတယ်။

iPad 2 ကိုလည်းပြန်လည်ရောင်းချပေးပြီး $399 နဲ့ ၀ယ်ယူနိုင်ပါတယ်။

နို၀င်ဘာလ (၁) ရက်နေ့မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *