News

iPad Air အတွက် Keyboards များ

Apple ရဲ့  iPad အသစ်ဖြစ်တဲ့ iPad Air ထွက်ပေါ်လာပြီးမကြာမီမှာပဲ Logitech က iPad Air အတွက် Keyboard Cases တွေကို ထုတ်လုပ်လိုက်ပါပြီ။ iPad Air နဲ့အဆင်ပြေစေဖို့ Keyboards တွေကို ပိုမိုပါးပြီးပေါ့ပါးအောင်ပြုလုပ်ထားပါတယ်။

ပထမဆုံး ကတော့ Logitech Folio Protective case ဖြစ်ပြီး အရင် iPad Mini Folio Keyboard နဲ့ ဆင်တူတာကိုတွေ့ရပါတယ်။ iPad Air ရဲ့ လေးဘက်လေးတန် ကိုကာကွယ်ပေးထားပြီး ရေစိုခံနိုင်တဲ့ မျက်နှာပြင်ကိုသုံးထားပါတယ်။ SecureLock ပါရှိပြီး Stand ကလည်း ထောင့်စုံ အောင်ပြောင်းသုံးနိုင်ပါတယ်။ ဈေးကတော့   £40 သတ်မှတ်ထားပါတယ်။

2

နောက်ထပ် ကီးဘုတ် တစ်ခုကတော့ FabricSkin Keyboard Folio ဖြစ်ပြီး iOS Shortcuts Key တွေပါပါရှိတာက ထူးခြားမှုပါ။ Bluetooth, SecureLock တို့ပါရှိပါတယ်။ ကီးဘုတ်က အလိုလို Off လုပ်ပေးနိုင်တဲ့အတွက် မတော်တဆ မှားနှိပ်မိတာမျိုးလည်းမဖြစ်ပါဘူး။ ဈေးနှုန်းကတော့ £130 ဖြစ်ပါတယ်။

 

Ultrathin Keyboard Cover ကတော့ အရှေ့ မျက်နှာပြင်ကိုပဲကာကွယ်ပေးနိုင်ပြီး အနောက်ဖက်ကိုတော့ ကာကွယ်မပေးထားပါဘူး။ ဒါပေမယ့် Micro-USB နဲ့ အားသွင်းနိုင်တဲ့ Full-Sized Keys ကလွဲပြီး FabricSkin ရဲ့ Feature တွေအားလုံးပါရှိပါတယ်။ တစ်ခါအားသွင်းထားရင် သုံးလ အသုံးခံပါပြီး ဈေးနှုန်းကို တော့ £90 သတ်မှတ်ထားပါတယ်။

3

 

Ultrathin Keyboard Folio ကတော့  အရှေ့ ရော အနောက်ပါကာကွယ်ပေးနိုင်ပြီး Bluetooth နဲ့ချိတ်ဆက်ပြီးလည်းသုံးနိုင်ပါတယ်။ တစ်နေ့ကို နှစ် နာရီသုံးမယ်ဆိုရင် သုံးလ အသုံးခံပါတယ်။ တစ်ခြား Keyboard Case တွေနဲ့ ယှဉ် ရင်ပို ပေါ့ပါး ပြီး ပါးလွှာတာကိုတွေ့ရပါတယ်။ Lock Button မပါတဲ့အတွက် အလွယ်တကူဖြုတ်နိုင်ပါတယ်။ ပုံစံ နှစ်မျိုးနဲ့  သုံးနိုင်ပြီး တစ်မျိုးကတော့ စာရိုက်ဖို့အတွက်ဖြစ်ပြီး နောက်တစ်မျိုးကတော့ တက်ဘလက် လိုသုံးနိုင်ပါတယ်။ ကီးဘုတ်ကို ပိတ်ထားတဲ့အချိန်မှာ ကီးတွေကို မထိမိအောင် ဒီဇီုင်းလုပ်ထားပါတယ်။ ဈေးနှုန်းကတော့ £90 ဖြစ်ပါတယ်။

4

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *