News

သင့် သူငယ်ချင်းတွေကို Twitter ကနေ တစ်ဆင့် Starbucks Coffee ၀ယ်တိုက်နိုင်ပြီ

နာမည်ကြီးကော်ဖီရောင်းချတဲ့  Company ဖြစ်တဲ့ Starbucks က Tweet-a-Coffee ဆိုတဲ့ အစီအဉ် တစ်ခုကို အစမ်းပြုလုပ်ပေးလိုက်ပါတယ်။ ဒီအစီအစဉ် က သင် ဟာ သင့်သူငယ်ချင်းအတွက် Twitter ကနေ $5 Gift Card ၀ယ်ယူပြီးပို့ပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် သင့်ရဲ့  Twitter နဲ့  Starbucks ကို  ချိတ်ဆက်ပေးရမှာဖြစ်ပြီး  သင့်ရဲ့  Credit Card နဲ့လည်းချိတ်ဆက်ပေးထားရပါမယ်။ ပြီးရင် တော့ “@tweetacoffee” လို့ရိုက်ပြီးသင့်သူငယ်ချင်းဆီကို Tweet လုပ်ပေးရမှာပါ။ ဒါဆိုရင် သင့်သူငယ်ချင်းက Gift Card ကိုရရှိပါမယ်။ ပထမဆုံး ဒီအစီအစဉ်မှာပါ၀င်တဲ့လူ (၁၀၀၀၀၀) ဟာ သူတို့ရဲ့ Visa Cards တွေကို အသုံးပြုပြီး သူငယ်ချင်းကို ကော်ဖီ တစ်ခွက်၀ယ်တိုက်မယ်ဆိုရင် သူ့တို့အတွက် Starbucks က $5 Gift Card ကိုပေးမှာဖြစ်ပါတယ်။ (Visa Card ကိုင်ဆောင်သူတွေပဲဒီအခွင့်အရေးရရှိမှာပါ။)

Starbucks က ဒီအစီအစဉ် နဲ့ ဆင်တူတဲ့ အစီအစဉ် တစ်ခုကို ၂၀၁၁ ခုနှစ်ကပြုလုပ်ခဲ့ဖူးပြီး Facebook ကနေတစ်ဆင့် Gift Card တွေပေးပို့နိုင်တာဖြစ်ပါတယ်။ Starbucks က Facebook မှာ Fan ၃၅ သန်း ရှိပြီး  Twitter မှာတော့ Follower  ၅ သန်းပဲရှိပါတယ်။

Twitter ကိုအသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ Mobile ဖုန်းတွေမှာ အသုံးပြုရတာအဆင်ပြေစေပြီး အင်တာနက်အသုံးမပြုတဲ့သူတွေဆီကိုပါရောက်ရှိနိုင်လို့ပါလို့  Starbucks ရဲ့ Digital Officer ဖြစ်တဲ့ Adam Brotman ကပြောပါတယ်။ ဒီလိုအစီအစဉ် ကို ပထမဆုံးစတင်လုပ်ဆောင်တာဖြစ်ပြီး တုန့်ပြန်မှုတွေနဲ့ ပိုကောင်းတဲ့ အကြံပြုချက်တွေကို စောင့်မျှော်နေပါတယ်လို့ ဆက်လက်ပြောဆိုပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *