News

BlackBerryပရိသတ်တွေ အတွက် BlackBerry Z30ထွက်ရှိလာပြီ

ကနေဒါအခြေစိုက် BlackBerryကုမ္ပဏီမှ BlackBerry Z30ဟူသည့် စမတ်ဖုန်းကို တရား၀င် မိတ်ဆက်ပွဲထုတ် လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းမှာ မျက်နှာပြင် ၅လက်မအရွယ် Super AMOLED Display, 1.7GHz Snapdragon S4 Processorနဲ့ 2,880mAh Batteryတပ်ဆင် ထားကာ BlackBerryရဲဲ့ ကိုယ်ပိုင် OS BB 10.2ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ၅လက်မအရွယ် မျက်နှာပြင်မှာ ရုပ်ထွက် 1280×720Pixel ဖန်တီးပေးထားပြီး Pixelသိပ်သည်းဆ 295ppiရှိတာမို့လို့ ထွက်ရှိခဲ့တဲ့ Z10ရဲ့ 356ppiနဲ့ ယှဉ်ရင်တော့ အားနည်းနေတာကို တွေ့ရမှာပါ။

ဖုန်းမှာ အသုံးပြုထားတဲ့ CPUဟာ 1.7GHzအမြန်နှုန်း ရှိတဲ့ Dual-Coreဖြစ်ပြီး RAM 2GBနဲ့ တွဲဖက် ပေးထားတာ မို့လို့ လုပ်ဆောင်ချက်တွေကို လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ရုပ်ထွက်နဲ့ အန်နီမေးရှင်းတွေ အတွက်လည်း Adreno 320 GPUကို သုံးထားတာမို့လို့ ဂရပ်ဖစ် မြင့်မားတဲ့ စမတ်ဖုန်း တစ်လုံးဖြစ်ပြီး SIM Cardကတော့ မော်ဒယ်မြင့် ဖုန်းတွေရဲ့ ထုံးစံအတိုင်းပဲ Micro-SIMသုံး ရမှာဖြစ်ပါတယ်။ ဖုန်းတွင်းအချက်အလက် သိုလှောင်မှုအတွက် 16GB Storageဖန်တီး ပေးထားတဲ့အပြင် မလုံလောက်သေးရင်လည်း microSD Slotမှာ 64GBအထိ ထပ်မံတိုးချဲ့နိုင်မယ်လို့ ဆိုပါတယ်။ Wi-Fiကို a/b/g/nအကုန် အသုံးပြုနိုင်ကာ Bluetooth 4.0, USB, microUSBနဲ့ NFC(Near Field Communication)စနစ် တွေလည်း ထည့်သွင်း ပေးထားပါတယ်။

2G, 3G, 4Gကွန်ရက်တွေ အားလုံးမှာ ချိတ်ဆက်နိုင်တဲ့အပြင် ဖုန်းရဲ့ ကင်မရာဟာလည်း 8MPအရည်အသွေးနဲ့ 3264×2448ရုပ်ထွက် ဖန်တီးပေးထားပြီး AutoFocus, GeoTagging, LED Flashစတဲ့ Featureတွေပါ အစုံအလင် ပါ၀င်လာပါတယ်။ ကင်မရာမှာ သုံးထားတဲ့ မှန်ဘီလူးဟာ f2.2 lensမို့လို့ ဗီဒီယိုတွေကိုလည်း 1080pရုပ်ထွက်နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ကာ ရှေ့ကင်မရာကို 2MPအရည်အသွေးနဲ့ တပ်ဆင်ပေးထား ပါတယ်။ ဒီ Z 30စမတ်ဖုန်းရဲ့ ကင်မရာဟာ ရှေ့က ထွက်ရှိခဲ့တဲ့ Z 10ရဲ့ ကင်မရာနဲ့လည်း ဆင်တူနေပြီး သိပ်မထူးတာကို တွေ့ရှိရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *