News

ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းမွန်သော COMET Language Learning tablet

ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းမွန်သော COMET Language Learning tablet

KMD မှ ပထမဆုံးတင်သွင်းထားပြီး ကျာင်းသား/သူများ၊ ဝန်ထမ်းများ၊ ဘာသာစကားလေ့လာနေသူများ၊ Tourist Guide များအတွက် အသုံးဝင်ဆုံးသော COMET Language Tablet ဖြစ်ပါသည်။ ဘာသာစကား လေ့လာရန်သာမကပဲ Tablet တစ်လုံး၏ အရည်အသွေးများကိုပါ အပြည့်အဝအသုံးပြုနိုင်ပါသည်။ Wi-Fi စနစ်ပါဝင်ပြီး အင်တာနက်ပါ အသုံးပြုနိုင်သည့် COMET Language Tablet ကို ဈေးနှုန်း ၁၆၅,ဝ၀ဝ ကျပ်ဖြင့် အမြို့မြို့အနယ်နယ်ရှိ KMD Sales Centre များတွင် ဝယ်ယူရရှိနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက ဖုန်း:ဝ၁-၃၈၁-၁၂၉၊ ၃၈၁-၀၃၅ Ext:၁၂၄) တွင်စုံစမ်းမေးမြန်းနိုင်ပါသည်။ မြန်မာဘာသာသင်ကြားရေးအပါအဝင် ဘာသာစကားမျိုးကွဲပေါင်း အမျိုး ၂ဝ ပါဝင်သော ဘာသာစကားနှင့် ကျောင်းသင်ပညာသင်ကြားရေး အထောက်အကူပြု COMET အမှတ်တံဆိပ် Language Learning tablet များကို မြန်မာနိုင်ငံဈေးကွက်အတွက် စတင်ရောင်းချနေပြီဖြစ်သည်။ COMET Language Learning tablet များသည် အခြေခံပညာမူလတန်းမှ တက္ကသိုလ်အဆင့်အထိ ကျောင်းသင်ပညာရေးကို ကူညီပံ့ပိုးပေးနိုင်သည့်အပြင် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်နေသော အဆင့်မြင့်အရာရှိများအတွက် Reference ပြုလုပ်နိုင်သည့် professional အဘိဓာန်မျိုးစုံ ပါဝင်သည်။

ဘာသာစကား အမျိုး ၂ဝ ပါဝင်

COMET Language Learning tablet သည်မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ကိုးရီးယားဘာသာ၊ ဂျပန်ဘာသာ၊ တရုတ်ဘာသာ၊ ဂျာမန်ဘာသာ၊ ပြင်သစ်ဘာသာ၊ မလေးဘာသာ စကားများအပါအဝင် ဘာသာစကားအမျိုး ၂ဝ နှင့် ပတ်သက်သော သင်ကြားရေးဆိုင်ရာ သင်ခန်းစာများ၊ ဘာသာစကားသင် ပရိုဂရမ်များ၊ အသံထွက် အဘိဓာန်များပါဝင်သည်။ အထူးသဖြင့်ဘာသာစကားတစ်ခုမှ အခြားဘာသာစကားတစ်ခုသို့ ဘာသာပြန်ဆိုပေးနိုင်သော စွမ်းဆောင်ရည် များ ပါရှိသည်။

ဘာသာစကား သင်ကြားခြင်း

Learning tablet တွင် ပါဝင်သော ဘာသာစကား သင်ကြားခြင်းဆိုင်ရာ ပရိုဂရမ်သည် မိခင်ဘာသာစကားတစ်ခု ကို တတ်ကျွမ်းထားသူ တစ်ယောက်အနေနှင့် နိုင်ငံခြားဘာသာစကား တစ်ခုခုကိုတတ်ကျွမ်းရန် အခြေခံမှစ၍ သင်ကြားပေးနိုင်သည်။ ဥပမာ မြန်မာလူမျိုးတစ်ယောက်အနေဖြင့် အင်္ဂလိပ်ဘာသာ သို့မဟုတ် မလေးဘာသာကို သင်ကြားလိုသည့်အခါ အခြေခံအက္ခရာမှအစ စာကြောင်းတည်ဆောက်ပုံ၊ သဒ္ဒါဖွဲ့စည်းပုံတို့ကိုပါ အသေးစိတ် သင်ကြားပေးနိုင်သည်။ အသံထွက်မှန်စေရန်ကိုလည်း အသံနှင့်တကွ သင်ကြားပေးနိုင်သည်။ ထို့ပြင်ဝေါဟာရများ သိမှတ်နိုင်ရန် ရုပ်ပုံကားချပ်များနှင့် သင်ကြားပေးခြင်းကိုလည်း သီးခြားထည့်သွင်းပေးထားသည်။ အခြေခံအဆင့်မှ တစ်ဆင့်တက်လိုသူများအတွက်လည်း အခြေခံသဒ္ဒါမှသည် အဆင့်မြင့်သဒ္ဒါအထိ အပိုင်းလိုက်၊ ထည့်သွင်းပေးထားသေးသည်။ ထိုသို့သင်ကြားပေးခြင်းများကို ပြန်လည်စစ်ဆေးခြင်း၊ လေ့ကျင့်ခန်းအစီအစဉ်များဖြင့်လည်း မိမိ၏နားလည် တတ်ကျွမ်းမှုကို သုံးသပ်နိုင်အောင် စီစဉ်ပေးထားသေးသည်။

နိုင်ငံခြားကျောင်းသွားတက်မည့် သူများအတွက်လည်း TOEFL/GMAT/SAT အစရှိသည့် ဘာသာစကားအရည်အချင်းစစ်ဆိုင်ရာ စာမေးပွဲများအတွက် စစ်ဆေးဖြေဆိုခြင်း သင်ခန်းစာများကိုပါ မေးခွန်းဟောင်းများ၊ ဖြစ်နိုင်ဖွယ်မေးခွန်းများကို ဖြေဆိုနိုင်အောင် ထည့်သွင်းပေးထားပါသည်။ ဘာသာစကား လေ့လာမှုအပါအဝင် ကျွမ်းကျင်မှုဆိုင်ရာ မေးခွန်းများကို တစ်ဆင့်ခြင်း (Level) သတ်မှတ်ခွဲခြားပေးထားပြီး မိမိ (Level) ကို မြှင့်တင်နိုင်ရန် စီစဉ်ပေးထားရာ လေ့လာသူများအဖို့ အချိန်ကုန်လူပန်းမဖြစ်တော့ဘဲ အဆင့်အလိုက် လေ့လာသွားနိုင်မည်ဖြစ်သည်။ ထို့အပြင် အက္ခရာစာလုံးများ တစ်လုံးချင်းစီ ရေးသားပုံရေးသားနည်းအပြင် လက်တွေ့လိုက်လံရေးသား လေ့ကျင့်ရန်ကိုပါ လုပ်ဆောင်နိုင်သည့် စွမ်းဆောင်ရည်များ ပါဝင်သည်။

အတန်းပညာအတွက် text book များ

နိုင်ငံတကာအဆင့်မီ ပညာရေးကို လေ့လာသင်ကြားနေသူများအတွက် အင်္ဂလိပ်ဘာသာစကား သင်ကြားမှုဆိုင်ရာ text book များကို ထည့်သွင်းပေးထားရာ Grade 7 မှ 12 အထိ အစအဆုံးပါဝင်သည်။ Text book များကို အသံထွက်မှန်စွာ ဖတ်ပြခြင်း၊ မိမိကိုယ်တိုင်လည်း လိုက်လံရွတ်ဆိုခြင်း၊ မိမိလိုက်ဆိုသော အသံထွက်မှန် မမှန်ကို ပြန်လည် စစ်ဆေးနိုင်ခြင်းစသည့် လုပ်ဆောင်ချက်များကိုပါ ဖော်ပြပေးထားသည်။ Text book ကိုဖတ်ရင်း မိမိမသိသည့် စကားလုံးများကိုပါ တစ်ပါတည်းရှာဖွေ နိုင်အောင်လည်း အဘိဓာန်များနှင့် ချိတ်ဆက်ပေးထားသည်။

အဘိဓာန် အမျိုးမျိုးပါဝင်

Language Learning tablet တွင်အဘိဓာန် အမျိုးမျိုးပါဝင်သည်။ အင်္ဂလိပ်ဘာသာစကား တစ်ခုတည်းအတွက်သာမက ဘာသာစကားအမျိုး ၂ဝ လုံးအတွက် အပြန်အလှန်အဓိပ္ပာယ် ဖွင့်ဆိုပြနိုင်သော အဘိဓာန်များပါဝင်သည်။ အထူးသဖြင့် အင်္ဂလိပ်ဘာသာစကားနှင့် အခြားဘာသာစကား ၁၉ မျိုးတို့ အပြန်အလှန် ဖွင့်ဆိုရှင်းပြသော အဘိဓာန်များပါဝင်ရာ ဘာသာစကား အစုံအလင်ကို လေ့လာလိုသောသူများ အကြိုက်တွေ့မည့် စွမ်းဆောင်ချက် ဖြစ်သည်။ထို့ပြင်ဘာသာရပ်ဆိုင်ရာ အဘိဓာန်များကိုလည်း ထည့်သွင်းပေးထားရာ စုစုပေါင်း (၁၁၅) အုပ် ပါဝင်သည်။ စိုက်ပျိုးရေးဆိုင်ရာ၊ အဆောက်အအုံ ဆောက်လုပ်ခြင်းဆိုင်ရာ၊ ဓာတုဗေဒ၊ ရူပဗေဒ အပါအဝင် အသုံးချပရော်ဖက်ရှင်နယ် အဘိဓာန်များစွာကို တစ်ထိုင်တည်း အသုံးချနိုင်ရန် စီမံပေးထားသည်။

ဘာသာပြန်လို့ရ

အဆိုပါ အဘိဓာန်ပေါင်း များစွာကို တစ်ဆက်တစ်စပ်တည်း Link ချိတ်ထားသောကြောင့် ဘာသာစကားတစ်ခုမှ ဘာသာ စကားတစ်ခုသို့ တိုက်ရိုက်ပြန်ဆို၍ပေးသော စွမ်းဆောင်ရည်တစ်ခုကလည်း Language Learning tablet ၏ ထူးခြားသော စွမ်းဆောင်ရည်တစ်ခုဖြစ်သည်။ ဘာသာစကားတစ်ခုမှ အခြားဘာသာစကားတစ်ခုသို့ ပြန်ဆိုပေးရာတွင် အဓိပ္ပာယ်သာမက ဝါကျကိုပါအနီးစပ်ဆုံး မှန်ကန်အောင် သဒ္ဒါ အထားအသိုကအစ တိတိကျကျဖြစ်အောင် ပြန်ဆိုပေးနိုင်သဖြင့် ကျောင်းသားသုံးသာမက လုပ်ငန်းခွင်သုံးအတွက်ပါ အဆင်ပြေစေသည်။

နိုင်ငံရပ်ခြားအလုပ် လုပ်သူများအတွက် အဆင်ပြေ

အဆိုပါ ဘာသာပြန်ဆိုပေးနိုင်မှုမှာ နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်ကြသော မြန်မာလူမျိုးများအတွက် အလွန် အဆင်ပြေစေသည့် လုပ်ဆောင်နိုင်စွမ်းဖြစ်သည်။ ဥပမာ- မလေးရှားတွင် အလုပ်လုပ်နေသူ တစ်ယောက်အတွက် ဘာသာစကား အခက်အခဲရှိပါက Learning tablet ပါ နှစ်ဘာသာ စကားပြောစွမ်းဆောင်ရည်ဖြင့် မြန်မာလိုရိုက်ပြီး ပြောရုံဖြင့် တစ်ဖက်က မလေးဘာသာစကားနှင့် ဘာသာပြန်ဆိုဖော်ပြခြင်းဖြင့် ဘာသာစကားဆက်သွယ်မှု ပြဿနာကို ပြေလည်သွားစေမည်ဖြစ်သည်။ ဘာသာပြန်ဆိုပေးနိုင်မှုတွင် တစ်ဖက်လူက စာမဖတ်တတ်လျှင်လည်း Learning tablet က အသံထွက်၍ ပြောပြနိုင်သဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်သည်။ ထိုနည်းတူပင် အလုပ်သွားလုပ်ခြင်း မဟုတ်ဘဲ အလည်အပတ်သဘော ခရီးသွားလာမှုများအတွက်လည်း သက်ဆိုင်ရာ တစ်နိုင်ငံချင်းအလိုက် ခရီးစဉ်များ၊ မေးမြန်းရန်များ၊ သွားလည်ရန်များ စသည်တို့ကိုပါ တစ်ပါတည်း ထည့်သွင်းပေးထားသဖြင့် လူတိုင်းအတွက် အသုံးဝင်စေမည့် Learning tablet ဟု ဆိုနိုင်သည်။ စာရေးသား ပြောရန်သာမက အသံထွက်ရန်ပါ ပြောပြနိုင်ရန် စီစဉ်ထားခြင်းကလည်း များစွာအသုံးဝင်သည်။

အသံနဲ့ပါ ဘာသာပြန်ပေး

Learning tablet များအနက် COMET tablet ၏ နောက်ထပ်ထူးခြားသော စွမ်းဆောင်ရည်တစ်ခုမှာ အသံသွင်းထားသော စကားများကို ဘာသာပြန် ဆိုပေးနိုင်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် စာဖြင့်ရိုက်နှိပ်ပြီး ဘာသာပြန်ဆိုပေးနိုင်သည်။ COMET tablet တွင် မိမိကိုယ်ပိုင်အသံဖြင့် စကားပြောပြီး မိမိဘာသာ ပြန်ဆိုစေချင်သည့် ဘာသာစကားကို ရွေးချယ်ပြန်ဆိုနိုင်သည်။ အသံထွက်ပေးနိုင်သည်။ တစ်ခုတော့ရှိသည်၊ အသံထွက် မှန်ဖို့တော့လိုသည်။အသံထွက်မမှန်ပါက လက်နှိပ်စက်လက်ကွက်ဖြင့် ရိုက်နှိပ်ဖော်ပြပေးပြီး ပြန်ဆိုနိုင်သည်။

စာအုပ်တွေ ဖတ်ပြခြင်း

COMET tablet တွင် အင်္ဂလိပ်ဂန္တဝင်စာပေများ၊ အင်္ဂလိပ်သင်ခန်းစာများ၊ ပုံပြင်များ၊ ကဗျာများကိုလည်း ထည့်သွင်းပေးထားသည်။ အင်္ဂလိပ်ဂန္တဝင်ဝတ္ထုများကို မူရင်းအတိုင်းမဟုတ်ဘဲ စာသင်သားများ ဖတ်ရှု၍ရအောင် ပြန်လည်ရေးသား ထုတ်ဝေထားသော စာမူများကို ထည့်သွင်းပေးထားရာ Ali Baba and the Forty Thieves, Around the World in Eighty days, Robinson Crusoe အစရှိသည့် ဂန္တဝင်ဝတ္ထုဟောင်းများစွာ ပါဝင်သည်။ အဆိုပါ ဂန္တဝင်ဝတ္ထုများ၊ ပုံပြင်များ၊ ကဗျာများကို အင်္ဂလိပ်သံပီပီသသဖြင့် ဖတ်ရွတ်ပြသောကြောင့် listening စွမ်းရည် မြှင့်တင်လိုသူများအတွက် အကောင်းဆုံးအထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။ တစ်ဖက်ကလည်း ဝတ္ထုတစ်ပုဒ်ပြီးတိုင်း နားလည်နိုင်စွမ်းကို ဆန်းစစ်ထားသော လေ့ကျင့်ခန်းများပါရှိရာ စာသင်သားများသာမက ဂန္တဝင်စာပေ ချစ်သူများအတွက်ပါ များစွာအကျိုးရှိစေနိုင်ပါသည်။ ထို့ပြင် စာပေဗဟုသုတအတွက် Carcise Encyclopedia တစ်ခုကိုလည်း ထည့်သွင်းပေးထားရာ ဗဟုသုတလိုလားသူတိုင်းအတွက် မက်မောစရာ သုတရတနာသိုက်ကြီး အဖြစ် တွေ့မြင်ရမည်ဖြစ်သည်။ တရုတ်ဂန္တဝင်စာပေ ချစ်သူများအတွက် တရုတ်ရိုးရာကဗျာများကိုလည်း လှုပ်ရှားသက်ဝင် ရုပ်ပုံများဖြင့် သီးသန့်ထည့်သွင်းပေးထားပါသေးသည်။

သုံးရတာလွယ်ကူ

COMET အမှတ်တံဆိပ် Language Learning tablet သည် ၇ -လက်မ အရွယ်ရှိပြီး 1280 x 800 high resolution ရှိသည့်အတွက် သုံးစွဲရလွယ်ကူသည်။ ပရိုဆက်ဆာသည် Dual Core 1.2 GHz သုံးထားသဖြင့် အဘိဓာန်ရှာဖွေရာတွင် လည်းကောင်း၊ ဘာသာပြန်ဆိုရာတွင် လည်းကောင်း မြန်ဆန်သည်။ မှတ်ဉာဏ်ပမာဏမှာ 1GB ထားရှိပြီး Storage မှာ 32GB အထိရှိသဖြင့် application များစွာကို တစ်ပြိုင်တည်းဖွင့်ထားပြီး အသုံးပြုနိုင်သည်။ နောက်ထပ်ထည့်သွင်းလိုသည့် application များကိုလည်း စိတ်တိုင်းကျထည့်သွင်းနိုင်သည်။ အင်တာနက်သုံးဖို့အတွက်လည်း USB cable ကြိုးမဲ့အဆက်အသွယ် ဝိုင်ဖိုင်နှင့် bluetooth တို့ ပါဝင်သေးရာ အကောင်းဆုံး ဆက်သွယ်မှုများကို နှစ်သက်ရာဖြင့် ချိတ်ဆက်အသုံးပြုနိုင်သည့် အခွင့်အလမ်းရှိနေသည်။

တယ်လီဖုန်း ပြောဖို့အတွက်တော့ အသုံးပြုလို့မရနိုင်ပေ။ COMET အမှတ်တံဆိပ် Language Learning tablet သည် ဘာသာစကားသင်ကြားမှုအတွက် ရည်ရွယ်သော်လည်း ဓာတ်ပုံရိုက်ခြင်း၊ အသံသွင်းခြင်း၊ သီချင်းနားထောင်ခြင်း စသည့်အခြားသော tablet များကဲ့သို့ လုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်နိုင်စွမ်းရှိသည်။ စာရေးခြင်း၊ စာရင်းဇယားပြုစုခြင်းနှင့် presentation လုပ်ခြင်းများအတွက်လည်း သုံးစွဲသူစိတ်တိုင်းကျ ပြုလုပ်နိုင်ရန် သီးခြားစီစဉ်ပေးထားသည်။ ထို့ပြင် မိမိတို့ထည့်သွင်းလိုသည့် application များ၊ ဂိမ်းများကိုလည်း ထပ်မံထည့်သွင်း ဆော့ကစားနိုင်ပါသေးသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *