News

ဈေးနှုန်း သက်သက် သာသာ နဲ့ နေ့စဉ် အသုံးပြုရန် ရွေးချယ်နိုင်မည့် NEC Multimedia Projector NP_VE281G

ဈေးနှုန်း သက်သက် သာသာ နဲ့ နေ့စဉ် အသုံးပြုရန် ရွေးချယ်နိုင်မည့် NEC Multimedia Projector NP_VE281G

Japan Brand ဖြစ်တဲ့ NEC Multimedia Projector NP_VE281G ဟာ ဈေးနှုန်း သက်သက်သာသာနဲ့ Projector အသုံးပြုမှုအခြေခံ လိုအပ်ချက်တွေ အားလုံးကို အဆင်ပြေချောမွေ့စွာဖြင့် အသုံးပြုနိုင်မယ့် DLP Projector အမျိုးအစားဖြစ်ပါတယ်။ On Screen Specification အနေနဲ့ Ratio 4:3 နှင့် Resolution 800 x 600 ရှိပါတယ်။ Projector အလင်းပိုင်းနှင့်ပတ်သက်ပြီး Contrast Ratio 3000 : 1 နှင့် အလင်းတောက်ပမှု 2800 Lumens ရှိတာကြောင့် နေ့ခင်းချိန် ဧည့်ခန်းအလင်းရောင်ပြန်ချိန်တွေမှာပင် အသုံးပြုနိုင်ပါတယ်။ Projector ကို Screen မှ အနည်းဆုံး ၃.၅ ပေ အကွာအဝေးမှ အများဆုံး ၄၃ ပေ အကွာအဝေးအထိထားရှိကာ အသုံးပြုနိုင်ပြီး ပုံရိပ် အရွယ်အစား ၂ ပေ ခွဲ မှ ၂၄ ပေ အရွယ်အစားအထိ အကြီးချဲ့ကာ အသုံးပြုနိုင်ပါတယ်။

Computer သို့မဟုတ် အခြားအသုံးပြု ပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် VGA Connector Port နှင့် အတူ HDMI Connector Port ပါ ပါဝင်ပါတယ်။ တပ်ဆင်အသုံးပြုရ အလွန်လွယ်ကူပြီး အလေးချိန် ၂.၃ ကီလိုဂရမ်နှင့် နေရာစားသက်သာတဲ့ အရွယ်အစား၊ ဒီဇိုင်းကြောင့် ဘယ်လိုနေရာမျိုးမှာမဆို သယ်ယူတပ်ဆင်အသုံးပြုရန် အဆင်ပြေတဲ့ Projector ပါ။ Lamp hours နာရီ ၁၀ဝ၀ နှင့် Warranty ၁ နှစ် ပါဝင်တဲ့ NEC Multimedia Projector NP_VE281G ကို ဈေးနှုန်း ၃၉၀,ဝ၀ဝ ကျပ်ဖြင့် အမြို့မြို့အနယ်နယ် ရှိ KMD Sales Centre ကြီးများ နှင့် KMD အရောင်း ကိုယ်စားလှယ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင် ပါတယ်။ ဖုန်း KMD 01-381-129, 381-035, 385-077 သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ် ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *