Laptops, News, Review

ဈေးနှုန်းသက်သက်သာသာ ဖြင့် အသုံးပြုလိုသူများအတွက် Lenovo Ideapad 100

ဈေးနှုန်းသက်သက်သာသာ ဖြင့် အသုံးပြုလိုသူများအတွက် Lenovo Ideapad 100

Lenovo အမှတ်တံဆိပ်ရဲ့ နောက်ထပ် Ideapad Notebook အမျိုးအစားအသစ်ဖြစ်တဲ့ Lenovo Ideapad 100 Notebook ကတော့ ပါးလွှာပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့်မားတဲ့အပြင် ဈေးနှုန်းအထူးချိုသာတဲ့ Notebook ပဲဖြစ်ပါတယ်။ Notebook ရဲ့ ကိုယ်ထည်ဟာပေါ့ပါးခိုင်မာပြီး၊ ကြီးမားလေးလံမှုမရှိတဲ့ အတွက်ကြောင့် အသုံးပြုသူအတွက် သက်တောင့်သက်သာဖြင့် သွားလေရာကိုသယ်သွားစေနိုင်မယ့် အလေးချိန် (၅) ပေါင်သာရှိတဲ့ Notebook ပါ။ Notebook ရဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် Intel Celeron N2840 Processor နှင့် Internal RAM Memory 2GB အသုံးပြုထားပြီး Intel Integrated HD Graphic ပါဝင်ပါတယ်။ အချက်အလက်များသိမ်းဆည်းထားနိုင်ဖို့ Storage Space အတွက် 500 GB Hard Disk Drive ကိုထည့်သွင်းပေးထားပါတယ်။ Video Conferencing အသုံးပြုလိုသူများနေဖြင့် 0.3MP Webcam နှင့် build in microphone အသုံးပြုနိုင်ပါတယ်။

Screen အရွယ်အစားကလည်း ၁၅.၆ လက်မအကျယ်ရှိပြီး HD Resolution (1366 x 768) ကိုထောက်ပံပေးထားတာကြောင့် ကျယ်ပြန့်တဲ့ မျက်နှာပြင်ပေါ်မှာ ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းကိုခံစားရှုမြင်နိုင်မှာပါ။ အခြားပြင်ပချိတ်ဆက်အသုံးပြုများအတွက် built-in DVD R/W Driver, USB 3.0 x 1 port, USB 2.0 x 1 port, HDMI port, RJ-45 Lan Port, 4 in 1 Card Reader Port နှင့် speaker and mic Port တို့ပါဝင်ပါတယ်။ တစ်ခေါက် အားအပြည့်သွင်းပြီးလျှင် ၃ နာရီဝင်းကျင်လောက် အသုံးပြုနိုင်မည့် 24 WHr Battery ကိုအသုံးပြုထားပါတယ်။ စွမ်းဆောင်ရည်ပိုင်းကိုလည်း မလျော့ကျစေပဲ ဈေးနှုန်းသက်သက်သာသာဖြင့် အသုံးပြုသူတိုင်း စိတ်ကျေနပ်မှု ရရှိစေမယ့် Lenovo Ideapad 100 Notebook ကို Lenovo International Warranty (၁) နှစ် အပါအဝင် ဈေးနှုန်း USD 289 ဖြင့် KMD မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော အရောင်းကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါတယ် ။ အသေးစိတ်သိရှိလိုပါကဖုန်း KMD 01-381-129, 381-035, 381-776 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *